Connect with us

Hi, what are you looking for?

သတင်း

မော်ချီးဒေသကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ပြန်၊ အရပ်သားတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ

ကရင်နီပြ​ည်နယ်၊ မော်ချီးဒေသကို စစ်ကောင်စီက လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ရာ ပြည်သူတစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိကြောင်း ကရင်နီစစ်ရှောင်အရေးကူညီသူများက ပြောသည်။

ယခုရက်ပိုင်းအတွင်း ​မော်ချီးဒေသအား စစ်ကောင်စီ ဗုံးကြဲခဲ့ပြီးနောက်တွေ့ရစဥ်။ဓာတ်ပုံ − CJ

သြဂုတ်-၂၀၊ ၂၀၂၅။ရဲခေါင်/People’s Spring

ကရင်နီပြ​ည်နယ်၊ မော်ချီးဒေသကို စစ်ကောင်စီက လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ရာ ပြည်သူတစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိကြောင်း ကရင်နီစစ်ရှောင်အရေးကူညီသူများက ပြောသည်။

ယနေ့(သြဂုတ် ၂၀ရက်) နံနက် ၆နာရီခွဲဝန်းကျင်က Y12 လေယာဥ်ဖြင့် လိုခါးလိုနှင့် တာဝါတိုင်ကုန်းရွာ အနီးတစ်ဝိုက်ကို ဗုံးကြဲချခြင်းဖြစ်ပြီး မော်ချီးဒေသကိုစစ်ကောင်စီကလေးရက်အတွင်းလေးကြိမ်မြောက်လေကြောင်း တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

“ဗုံး၉ လုံး ၁၀လုံးလောက်ရှိမယ်။နေရာ သုံးနေရာကို ပတ်ကြဲခဲ့တာပါ”ဟု ကရင်နီစစ်ရှောင်အရေးကူညီနေသူက ပြောသည်။

Public Service Announcement

Public Service Announcement

အဆက်မပြတ်ပြုလုပ်နေသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများသည် ကရင်နီဒေသရှိ ပြည်သူများ၏ လုံခြုံရေးနှင့် ဘေးကင်းရေးကို ကြီးမားသောခြိမ်းခြောက်မှုဖြစ်လာနေကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ကလည်း ယနေ့ ထုတ်ပြန်သည်။

ယနေ့ နံနက်ပိုင်းလေကြောင်းတိုက်ခိုက်ခံရမှုတွင် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြသည်။

သြဂုတ် ၁၇ရက် နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းကလည်း မော်ချီးဒေသရှိပြည်သူ့ဆေးရုံနှင့် (၁၆)ကုန်းရပ်ကွက်များကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ကလေးငယ်များအပါအဝင် သေဆုံးသူ ၃၂ ဦးအထိရှိခဲ့သည်။

ယမန်နေ့(သြဂုတ် ၁၉ရက်)နံနက်ပိုင်းက လိုခါးလိုရွာ ဗုံးကြဲခံရမှုတွင်လည်း ဒဏ်ရာရသူသုံးဦး အနက် အသက်အန္တရာယ်စိုးရိမ်ရသူ နှစ်ဦးရှိထားသည်။

သတ္တုတူးနေသည့် ဒေသခံနှင့် ရွှေ့ပြောင်းလုပ်သားများစွာရှိနေသည့် မော်ချီးဒေသတွင် တိုက်ပွဲလုံးဝဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီက ၂၀၂၅မတ်လ နောက်ပိုင်းကစ၍ တစ်လအနည်းဆုံး နှစ်ကြိမ်ဗုံးကြဲနေခြင်းဖြစ်သည်။

ထို့ကြောင့် မော်ချီးဒေသတွင် ငါးလအတွင်း လေကြောင်းတိုက်ခံရမှုမှ သေဆုံးသည့် အရပ်သားပြည်သူ ၆၀ ထက်မနည်းရှိလာသည်။

တရားမဝင်အာဏာသိမ်း စစ်တပ်၏ အပြစ်မဲ့ပြည်သူများအပေါ် ညှာတာမှုကင်းမဲ့စွာလေကြောင်းတိုက်ခိုက်နေမှုနှင့်ကျူးလွန်နေသော စစ်ရာဇဝတ်မှုများကိုကုလသမဂ္ဂနှင့်အာဆီယံအပါအဝင် နိုင်ငံတကာအစိုးရများအနေ ဖြင့် အရေးယူပေးရန် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီက တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မော်ချီးဒေသကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအ၀င် ၁၅ ဦးထက်မနည်းထိခိုက်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။