Connect with us

Hi, what are you looking for?

သတင်း

ရတနာပုံတော်လှန်ရေးတပ်ရဲ့အပတ်စဥ်(၈)အခြေခံစစ်ပညာသင်တန်း ဆင်းပွဲ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ရဲ့ အ‌ခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၈)သင်တန်းဆင်းပွဲ အခမ်းအနားကို ပြုလုပ်ခဲ့ပါတယ်။

သင်တန်းဆင်းအခမ်းအနားအား တွေ့ရစဥ်။ ဓာတ်ပုံ − ရတနာပုံတော်လှန်ရေးတပ်ဖွဲ့

သြဂုတ်−၂၅၊၂၀၂၅/People’s Spring

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ရဲ့ အ‌ခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၈)သင်တန်းဆင်းပွဲ အခမ်းအနားကို ပြုလုပ်ခဲ့ပါတယ်။

ဩဂုတ် ၂၃ ရက်က ရတနာပုံတော် လှန်ရေးတပ်ဖွဲ့ရဲ့ အ‌ခြေခံစစ်ပညာသင်တန်းအပတ်စဉ်(၈)သင်တန်းဆင်းပွဲအခမ်းအနားကို အဆိုပါ တော်လှန်ရေးတပ်ဖွဲ့ရဲ့ ယာယီဌာနချုပ်မှာ ကျင်းပခဲ့ပါတယ်။

ဒေသန္တရစစ်ရေးအခြေနေအရ သင်တန်းဆင်းပွဲကို အကျဉ်းချုပ်သာ ပြုလုပ်ခဲ့ပြီး တပ်ဖွဲ့ဝင်သစ်ရဲဘော်(၂၂)ဦး သင်တန်းဆင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

သင်တန်းမှာ အခြေခံစစ်ရေးပြ၊ စစ်နည်းဗျူ ဟာ၊ စစ်ဗျူဟာ စတဲ့ စစ်ဘက်ဆိုင်ရာသင်ခန်းစာများအပြင် တပ်ဖွဲ့ရဲ့နိုင်ငံရေးအတွေးခေါ်အခိုင်အမာတည် ဆောက်ရေးအတွက် တပ်တွင်းနိုင်ငံရေးသင်တန်းကိုပါ ထည့်သွင်း ပို့ချပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

သင်တန်းဆင်းပွဲအခမ်းအနားမှာ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ရဲ့ ဗဟိုကော်မတီဝင်ရဲဘော်တဦးကဂုဏ်ပြုအမှာစကားပြောကြားခဲ့ခြင်း၊ သင်တန်းအတွင်းဆုရရှိသူရဲဘော်များကို တပ်ရဲ့ တာဝန်ရှိသူအသီးသီးက ဂုဏ်ပြုဆုပေး အပ်ခဲ့ခြင်းများနဲ့ ဗဟိုကော်မတီဝင်အား သင်တန်း ဆင်းရဲဘော်များစစ်ကြောင်းမှ ချီတက်အလေးပြုခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ဟာ စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်မှာအခြေစိုက်ပြီး စစ်ကိုင်းတိုင်း၊မကွေးတိုင်းနဲ့မန္တလေးတိုင်းတွေမှာ ဒေသတွင်းမဟာမိတ်တွေနဲ့ပူးပေါင်းပြီး စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေတယ်လို့ သတင်းရရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းက ယင်းမာပင်နဲ့ အရာတော်မြို့နယ်မှာ ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၀) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ယင်းမာပင်ခရိုင် ၊အမှတ် (၆) တပ်ရင်း တပ်ရင်းမှူး ပုလဲမောင် ပစ်ခတ်ခံရပြီး ကျဆုံးခဲ့တဲ့ အပေါ် မိသားစုဝင်များ၊ ရဲဘော် ရဲဘက်များနဲ့ ထပ်တူ ဝမ်းနည်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ထုတ်ပြန်ခဲ့ပြီး ကျူးလွန်သူ ရဲဘော်ကို ဖမ်းဆီးထားသလို မလိုလားအပ်တဲ့နောက်ဆက်တွဲတွေ မဖြစ်ဖို့ ဆောင်ရွက်နေတယ်လို့...

သတင်း

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ရွာပေါင်းစုံသပိတ်နဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် (၈+၁)=၉ (၉) ရွာ (၉)မိုင် ချီတက်လမ်းလျှောက်တဲ့ လှုပ်ရှားမှု ဒီကနေ့ (ဇွန် ၁၈) ပြုလုပ်ခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။