Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းက ပြည်နယ် ၁၅ ခုမှာ မုန်တိုင်းကြောင့် ရေကြီး မြေပြိုမှုတွေ ဖြစ်နိုင်ခြေ သတိပေးချက်တွေ ထုတ်ပြန်ထား

ထိုင်းနိုင်ငံ မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်း ပြည်နယ် ၁၅ ခုမှာ မုန်တိုင်းနောက်ဆက်တွဲ ရေကြီးမှုနဲ့ မြေပြိုမှု အန္တရာယ် သတိပေးချက်တွေကို ထုတ်ပြန်ထားကြောင်း သိရပါတယ်။

Screenshot

ထိုင်းနိုင်ငံ မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်း ပြည်နယ် ၁၅ ခုမှာ မုန်တိုင်းနောက်ဆက်တွဲ ရေကြီးမှုနဲ့ မြေပြိုမှု အန္တရာယ် သတိပေးချက်တွေကို ထုတ်ပြန်ထားကြောင်း သိရပါတယ်။

တိုင်ဖွန်းမုန်တိုင်း ကာဂျီကီဟာ ဩဂုတ် ၂၅ ရက်နေ့မှာ ဗီယက်နမ် အရှေ့ဖက် ကမ်းရိုးတန်းကို ကုန်းတွင်းဝင်ရောက်ခဲ့ ပြီးတဲ့နောက် လာအိုနိုင်ငံကို ဖြတ်ကျော်ပြီး ထိုင်းမြောက်ပိုင်းကို ဆက်လက် ရွေ့လျားနေပါတယ်။

ကုန်းတွင်းဝင်ရောက်ပြီးတဲ့ အချိန်မှာ မုန်တိုင်းရဲ့ လေတိုက်နှုန်းက ကျဆင်းလာပေမယ့် မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေတော့ ဆက်ရှိနေဦးမယ်လို့ မိုးလေဝသ ပညာရှင်တွေက သတိပေးထားပါတယ်။

ထိုင်းနိုင်ငံမှာတော့ နန်ပြည်နယ်ဟာ မုန်တိုင်းဒဏ်ကို အပြင်းထန်ဆုံး သက်ရောက် ခံစားရမယ့်ဒေသ ဖြစ်လာနိုင်ကြောင်း ရန်ဆစ်တက္ကသိုလ်ရဲ့ ရာသီဥတု ပြောင်းလဲမှုနဲ့ သဘာဝ ဘေးအန္တရာယ်စင်တာ ညွှန်ကြားရေးမှူး ဆီရီ ဆူပရာတစ်ဒ်က Facebookမှာ ရေးသားထားခဲ့ပါတယ်။ တိုင်ဖွန်း ကာဂျီကီဟာ ဩဂုတ် ၂၆ ရက် နေ့လယ်ပိုင်းလောက်မှာ နန်ကို စတင်ဖြတ်ကျော်မယ်လို့ ယူဆရပါတယ်။

Public Service Announcement

Public Service Announcement

နန်မှာ မိုးရေချိန် ၅၀၀ မီလီမီတာလောက်ထိ များပြားအောင် သည်းကြီးမည်းကြီး ရွာသွန်းနိုင်ခြေက ၁၀ ရာခိုင်နှုန်းလောက် ရှိမယ်လို့ သူက ဆိုပါတယ်။ ဒေသခံတွေ၊ အာဏာပိုင်တွေ အနေနဲ့ အဆိုးဆုံး ဖြစ်လာနိုင်ခြေတွေကို တွေးတော ပြင်ဆင်ထားဖို့ လိုကြောင်း၊ ရေကြီးရေလျှံတာတွေ သေချာပေါက် ကြုံလာမှာဖြစ်ပြီး မြစ်ရေ အလွန်အကျွံ တက်လာတာမျိုးလည်း ဖြစ်နိုင်ကြောင်း ဆီရီက သတိပေးထားခဲ့ပါတယ်။

မုန်တိုင်းဟာ ဗီယက်နမ်မှာ ကုန်းတွင်းဝင်ရောက်ပြီးတဲ့နောက် အနောက်-အနောက်မြောက်ဖက်ကို ပျမ်းမျှ တစ်နာရီ ကီလိုမီတာ ၂၀ ဝန်းကျင်လောက် မြန်နှုန်းနဲ့ ဆက်လက် ရွေ့လျားနေဆဲ ဖြစ်ပါတယ်။ လာအိုနိုင်ငံ ပိုင်နက်ထဲ စတင်ဝင်ရောက်ချိန်မှာ ကာဂျီကီဟာ တိုင်ဖွန်းအဆင့်ကနေ အပူပိုင်း မုန်တိုင်းငယ်အဆင့်၊ အဲဒီကနေတဆင့် အပူပိုင်း လေဖိအားနည်း ရပ်ဝန်းအဆင့်ကို အားလျော့လာခဲ့ပါတယ်။

ဒါပေမဲ့ မုန်တိုင်းဖြတ်သန်းမယ့် လမ်းကြောင်းတလျှောက် ထိုင်းရဲ့ ပြည်နယ် ၁၅ ခုမှာတော့ မိုးသည်းသည်းထန်ထန် ရွာသွန်းမှုနဲ့ လေပြင်းတိုက်ခတ်မှု ကြုံနိုင်ခြေ သတိပေးချက်တွေကို ထုတ်ပြန်ထားပါတယ်။

မြို့တော် ဘန်ကောက်မှာလည်း မုန်တိုင်းရဲ့ အရှိန်နဲ့ သက်ရောက်မှုတွေကို ဩဂုတ် ၂၈ ရက်နေ့လောက်ထိ ခံစားရမယ်လို့ ခန့်မှန်းထားကြောင်း ဘန်ကောက် အုပ်ချုပ်ရေးမှူး ချတ်ဒ်ချတ် ဆစ်တီပွန့်က ပြောကြားခဲ့ပါတယ်။

နောက်ပြီး ဘန်ကောက်မှာ လျှပ်စစ်မီး ပြတ်တောက်ပြီး ရေစုပ်ထုတ်မယ့် စနစ်တွေ အလုပ်မလုပ်တော့မှာမျိုး မဖြစ်အောင် အရေးကြုံလာရင် ချက်ချင်းပြုပြင်နိုင်မယ့် အစီအမံတွေ ပြင်ဆင်ထားကြောင်း သိရပါတယ်။

ကာဂျီကီ မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုနဲ့ အသေအပျောက် အခြေအနေတွေကို တိတိကျကျ မသိရသေးပေမယ့် ဗီယက်နမ်မှာတော့ မုန်တိုင်း တိုက်နေတုန်း အိမ်အမိုးတွေ ကျွတ်မထွက်အောင် ပြင်ဆင်နေတဲ့ အမျိုးသားတစ်ဦး ဓာတ်လိုက် သေဆုံးခဲ့ကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) ထိန်းချုပ်‌ဒေသ သိန္နီနဲ့ ကွတ်ခိုင်မြို့မှာ မိုးကြီးပြီး ချောင်းရေလျှံလို့ ရေဘေးရင်ဆိုင်နေရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုမှာ ဒဏ်ရာပြင်းထန်ခဲ့တဲ့ ကျောင်းသူတစ်ဦး ထပ်မံ သေဆုံးသွားခဲ့ပါတယ်။ ဒါကြောင့် သေနတ်သမား ကျောင်းသားရဲ့ လက်ချက်ကြောင့် သေဆုံးသူ စုစုပေါင်းဟာ ၉ ဦး ရှိလာခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ မိုးကြီးပြီး မြေပြိုမှုတွေဖြစ်ခဲ့လို့ နေအိမ် ၂၀ခန့်နဲ့ ဘုရားစောင်းတန်းထိခိုက်ပျက်စီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က စိန့်ဂေဘရီရယ် ကောလိပ်မှာ ကျောင်းသား တစ်ဦးက သေနတ်ပြ ခြိမ်းခြောက်မှု ဖြစ်ပွားအပြီး လုံခြုံရေး တင်းကျပ်လိုက်သလို စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။