Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆို – ဖရူဆိုလမ်းပိုင်းတိုက်ပွဲ စစ်ကောင်စီတပ်အထိနာ

ကရင်နီပြည်နယ်၊ ဒီးမော့ဆို – ဖရူဆို လမ်းမကြီးတလျောက်၌ တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ် အထိနာနေတယ်လို့ စစ်မြေပြင်ကရဲဘော်တွေနဲ့ တာဝန်ရှိသူအချို့က ပြောပါတယ်။

၂၀၂၃ ခုနှစ်က ဒီးမော့ဆို-ဖရူဆိုလမ်းပိုင်းတိုက်ပွဲအတွင်းတွေ့ရတဲ့ တော်လှန်ရေးရဲဘော်တွေ ၊ ဓာတ်ပုံ − KNDF

သြဂုတ်-၂၆၊ ၂၀၂၅။ရဲခေါင် /People’s Spring

ကရင်နီပြည်နယ်၊ ဒီးမော့ဆို – ဖရူဆို လမ်းမကြီးတလျောက်၌ တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ် အထိနာနေတယ်လို့ စစ်မြေပြင်ကရဲဘော်တွေနဲ့ တာဝန်ရှိသူအချို့က ပြောပါတယ်။

မနေ့က(သြဂုတ် ၂၅ ရက်)မှာ ဒီးမော့ဆို-ဖရူဆို လမ်းပိုင်းပေါ်က ဖရူဆိုမြို့နယ်ဘက်ခြမ်းတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သားသေဆုံးမှုများပြီး ရုပ်အလောင်းတွေကို ဆိုင်ကယ်နဲ့သယ်နေရတယ်လို့ ဆိုပါတယ်။

“စခ အလောင်းတွေဆို ဆိုင်ကယ်နဲ့သယ်နေရတယ်။ငွေတောင်ဘက်မှာ။လက်နက်ကြီးနဲ့ RPG ထိတာ။ရုပ်သံ မှတ်တမ်းတွေ မကြာမီလာပါလိမ့်မယ်”လို့ စစ်မြေပြင်ကရဲဘော်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

၂၀၂၃နိုဝင်ဘာလကတည်းက တော်လှန်ရေး အင်အားစုတွေ ဖြတ်တောက်ထားတဲ့ လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို လမ်းပိုင်းကို ပြန်ချိတ်ဆက်ဖို့ စစ်ကောင်စီက ကြိုးစားနေတာဖြစ်ပါတယ်။

​”ဖရူဆို- ဒီးမော့ဆို လမ်းမကြီးတလျောက် ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတုန်းပါ”လို့ ကရင်နီအမျိုးသား များကာကွယ်ရေးတပ်(KNDF)တာဝန်ရှိသူက ပြောပါတယ်။

အခု၂၀၂၅လဆန်းပိုင်းကစပြီးဒီးမော့ဆိုမြို့နယ်အခြေစိုက် ခလရ(၁၀၂)နဲ့ ခမရ(၄၂၇) တပ်ရင်းနှစ်ခုပူးပေါင်းထားတဲ့ အင်အား ၃၀၀ခန့်ပါစစ်ကြောင်းတွေက ဒီးမော့ဆိုမြို့တွင်းကို တိုးဝင်နိုင်ခဲ့ပြီးတဲ့နောက် ဖရူဆိုမြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာနေတာဖြစ်ပါတယ်။

ဖရူဆိုမြို့နယ်မှာ စစ်ကောင်စီရဲ့ အမှတ်(၁၄)တန်းမြင့်စစ်ရေးလေ့ကျင့်ရေးကျောင်းအပြင် ခမရ(၅၃၁) နဲ့ခမရ(၄၂၈)တပ်ရင်းတွေ ရှိပါတယ်။အဲဒီတပ်တွေဆီကို စစ်ကောင်စီက ပြီးခဲ့တဲ့ သုံးလဆက် ခဲယမ်း၊ရိက္ခာတွေ လေကြောင်းကနေ ဖြည့်တင်းထားပါတယ်။

ကရင်နီပြည်နယ်မှာ မယ်စဲ့နဲ့ ရှားတောမြို့ကို ကရင်နီပူးပေါင်းတပ်တွေက သိမ်းပိုက်ထားပြီး ဘောလခဲနဲ့ ဖရူဆိုမြို့နယ်မှာလည်း စစ်ကောင်စီ မြို့စောင့်တပ်တွေကလွဲပြီး မြို့နယ်ဧရိယာအများအပြားကို ပူးပေါင်းတပ်တွေက စိုးမိုးထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့အနီးအာဏာသိမ်းစစ်တပ်စစ်ကြောင်းတိုးလာလို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေကလူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့အနီးတိုက်ပွဲမှာ တော်လှန်ရေး ရဲဘော် ၂ဦးကျဆုံးခဲ့တယ်လို့ အမှတ်(၁၁၀၉)တပ်ရင်းက ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။