Connect with us

Hi, what are you looking for?

သတင်း

ဒီး​မော့ဆို နှင့် ဖရူဆို​ တိုက်ပွဲ စစ်တပ်အထိနာ​နေ

ကရင်နီပြည်နယ်၊ဒီးမော့ဆို နှင့် ဖရူဆိုမြို့နယ်သို့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်စစ်​ကြောင်းကို ကရင်နီတပ်​ပေါင်းစုမှ ခုခံတိုက်ခိုက်လျက်ရှိရာ စစ်တပ်သေဆုံးထိခိုက်မှုများနေပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း ကရင်နီ တပ်ဖွဲ့ဝင်အချို့က ပြောသည်။

ကရင်နီ​ရှေ့တန်းတစ်​နေရာမှ စစ်သားဦးထုပ်။ဓါတ်ပုံ-KNDF

သြဂုတ် ၃၀၊ ၂၀၂၅။ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်၊ဒီးမော့ဆို နှင့် ဖရူဆိုမြို့နယ်သို့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်စစ်​ကြောင်းကို ကရင်နီတပ်​ပေါင်းစုမှ ခုခံတိုက်ခိုက်လျက်ရှိရာ စစ်တပ်သေဆုံးထိခိုက်မှုများနေပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း ကရင်နီ တပ်ဖွဲ့ဝင်အချို့က ပြောသည်။

ယခုရက်ပိုင်းတိုက်ပွဲများအတွင်းပင် စစ်ကောင်စီတပ်သား ၂၀ ထက်မနည်းထိခိုက်သေဆုံးနေပြီး လက်နက် ၁၀ လက်ဝန်းကျင်ရရှိထားကြောင်း သိရသည်။

“ဒီရက်ထဲလှုပ်ရှားမှုရှိပါတယ်။ တပ်ပေါင်းစုကနေထုတ်ပြန်ပါလိမ့်မယ်”ဟု ဒီးမော့ဆိုမြေပြင်တိုက်ပွဲတွင် ပါဝင်နေသည့် ကရင်နီတိုင်းစစ်ဌာန တပ်ရင်း ၁၁၀၉ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် ဒီးမော့ဆိုမြို့နယ် ထူးလွီးဘီလာ ရွာ နှင့် ဖရူဆိုမြို့နယ် ငွေတောင် ရွာသစ် ဘက်သို့ စစ်ကြောင်းထိုးနေ၍ ကရင်နီပူးပေါင်းတပ်များက တိုက်ခိုက်နေခြင်းဖြစ်သည်။

“စစ်ကောင်စီစစ်ကြောင်းကို ချေမှုန်းရေး လုပ်နေတုန်း ဖြစ်ပါတယ်။စစ်ရေးသတင်းအချက်အလက်တွေကိုတော့ ထုတ်ပြန်တာမျိုးမလုပ်ချင်သေးဘူး” ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တာဝန်ရှိသူက ဒီးမော့ဆို နှင့် ဖရူဆို တိုက်ပွဲအခြေအနေကို လူထုနွေဦးသို့ ပြောသည်။

သြဂုတ်လ ၂၆ ရက်နေ့က ငွေတောင်ရွာသစ် ဘက်တွင် စစ်ကောင်စီ၏ ဒရုန်းနှစ်စီးကို ဖျက်ဆီးနိုင်ခဲ့ပြီး ဒီးမော့ဆိုမြို့နယ် မှ ဖရူဆို မြို့နယ်သို့ ပြည် ထောင်စုလမ်းမကြီးအတိုင်း စစ်ကြောင်းထိုးနေသည့် စစ် ကောင်စီကို သြဂုတ် ၂၅ ရက်ကတိုက်ခိုက်မှုတွင်လည်း စစ်ကောင်စီတပ်သား သုံးဦးသေပြီး ခြောက်ဦးဝန်းကျင် ဒဏ်ရာရခဲ့ကြောင်း တိုက်ခိုက်မှုတွင်ပါဝင်သည့် ရဲဘော် တစ်ဦးက အသိပေးထားသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလကစ၍ တော်လှန်ရေး အင်အားစုကဖြတ်တောက်ထားသည့်လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို လမ်းပိုင်းကို စစ်တပ်က ပြန်လည် ထိန်းချုပ်နိုင်ရန် စစ် ကောင်စီကကြိုးစားနေခြင်းဖြစ်သည်။

သြဂုတ် လဆန်းပိုင်းက ဒီးမော့ဆိုမြို့နယ်အခြေစိုက် ခလရ (၁၀၂) နှင့် ခမရ (၄၂၇) တပ် နှစ်ခုပူးပေါင်းထားသော အင်အား ၃၀၀ ဝန်းကျင်ပါစစ်ကြောင်းသည်ဒီးမော့ဆိုမြို့တွင်းသို့ တိုးဝင်နိုင်ခဲ့ပြီးနောက် ဖရူဆို မြို့နယ်ဘက်သို့ပါ စစ်ကြောင်းထပ်ဖြန့်လာခြင်း ဖြစ်သည်။

ဖရူဆိုမြို့နယ်၌ စစ်ကောင်စီ၏အမှတ် ၁၄ တန်းမြင့်စစ်ရေးလေ့ကျင့်ရေးကျောင်း၊ ခြေမြန်တပ်ရင်း အမှတ် ၅၃၁ (ခမရ ၅၃၁) နှင့် (ခမရ ၄၂၈) တပ်များ ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ ဒရုန်းတိုက်ခိုက်ခံရတာကြောင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ရဲဘော် ၅ဦး ကျဆုံးခဲ့တယ်လို့ ‌ဒေသခံသတင်းရင်းမြစ်တချို့က ‌ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

Facebook