Connect with us

Hi, what are you looking for?

သတင်း

ရေလယ်ကျွန်းဒေသကို စစ်တပ်ကဗုံးကြဲလို့အမျိုးသမီး ၃ ဦးသေဆုံး၊အများအပြားဒဏ်ရာရ

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံး ၊ဒဏ်ရာရသူများအားတွေ့ရစဥ်။ ဓာတ်ပုံ-Info Committee Yesagyo

သြဂုတ်-၃၁၊၂၀၂၅။ဇေအောင်/People’s Spring

မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့အမျိုးသမီးကြီး ၃ ဦးသေဆုံးခဲ့ပါတယ်။

ဒီကနေ့ နေ့လယ် ၁ နာရီ ၁၅ မိနစ်ခန့်က ရေစကြို ရေလယ်ကျွန်းဒေသက ငတရော်ရွာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာပါ။​ဒေသခံပြည်သူ အမျိုးသမီး ၃ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်းများပြားကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီက ပြောပါတယ်။

“အကြမ်းဖက်စစ်ကောင်စီက ဂျက်ဖိုက်တာတစ်စီးနဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားတာပါ။ တိုက်ပွဲမရှိဘဲအကြောင်းမဲ့သက်သက်လာပြီးတိုက်ခိုက်သွားတာပါ”လို့ ရေစကြိုပကဖ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီကော်မတီရဲ့ထုတ်ပြန်တဲ့ဓာတ်ပုံမှတ်တမ်းတွေအရ သေဆုံးသူ ၃ ဦးဟာ အမျိုးသမီးတွေချည့်ဖြစ်ပြီး သက်ကြီးရွယ်အိုတွေပါ ပါဝင်တာကိုတွေ့ရပါတယ်။

ထိခိုက်ဒဏ်ရာ ရသူတွေထဲမှာလည်းဒဏ်ရာပြင်းထန်တာကြောင့် အသက်အန္တရာယ် စိုးစိုးရိမ်ရသူတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဟာပြည်သူတွေဦးတည်ပြီးလေကြောင်းက​နေဗုံးကြဲသတ်ဖြတ်မှု​တွေ ပိုလုပ်လာ​နေပြီးဩဂုတ် ၂၄ ရက်ညကလည်း မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ လဲဘူးကျေးရွာကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ် ၂ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ၁၁ ဦးထက်မနည်းဒဏ်ရာ ရရှိခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook