Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပြိုင်ဘက်တွေ မဟုတ်ဘဲ မိတ်ဖက်တွေအဖြစ် ရပ်တည်ဖို့ တရုတ်နဲ့ အိန္ဒိယ သဘောတူ

ပြိုင်ဘက်တွေ အနေနဲ့ မဟုတ်ဘဲ မိတ်ဖက်တွေအဖြစ် ရပ်တည်ကြဖို့ တရုတ်နဲ့ အိန္ဒိယတို့ကြား သဘောတူ ကတိပြုခဲ့ကြပါတယ်။

ဓာတ်ပုံ - Reuters

ပြိုင်ဘက်တွေ အနေနဲ့ မဟုတ်ဘဲ မိတ်ဖက်တွေအဖြစ် ရပ်တည်ကြဖို့ တရုတ်နဲ့ အိန္ဒိယတို့ကြား သဘောတူ ကတိပြုခဲ့ကြပါတယ်။

အာရှရဲ့ အင်အားကြီး နှစ်နိုင်ငံကြားမှာ နှစ်အတော်ကြာ တင်းမာမှုတွေ ရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က နှစ်နိုင်ငံ ခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေးပြီးချိန်မှာ အဲဒီလိုမျိုး ပြန်လည် သင့်မြတ်မှု လမ်းကြောင်းဆီ ဦးတည်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီဟာ ရှန်ဟိုင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO)ရဲ့ ညီလာခံ တက်ရောက်ဖို့ တရုတ်နိုင်ငံ၊ တိယန်ကျင်းမြို့ကို ရောက်ရှိနေချိန် အတောအတွင်း အိမ်ရှင်သမ္မတ ရှီကျင့်ဖျင်နဲ့ သီးခြား ဆွေးနွေးခဲ့တာပါ။ မိုဒီဟာ ၇ နှစ်တာအတွင်း တရုတ်ကို ပထမဆုံးအကြိမ် ခြေချခြင်းလည်း ဖြစ်ပါတယ်။

ရှီက တရုတ်နဲ့ အိန္ဒိယတို့ဟာ တင်းတင်းမာမာ ပြိုင်ဆိုင်နေကြမယ့်အစား လက်တွဲဖော်တွေအဖြစ် ပူးပေါင်း အလုပ်လုပ်သင့်ကြောင်း ပြောကြားခဲ့ပြီး မိုဒီကလည်း လက်ခံခဲ့ပါတယ်။ မိုဒီက အခုအခါမှာတော့ နှစ်နိုင်ငံကြားက ဆက်ဆံရေးဟာ ငြိမ်းချမ်းနဲ့ တည်ငြိမ်မှု အငွေ့အသက်တွေ ထုံမွှမ်းနေတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

SCO ညီလာခံကို ရုရှားသမ္မတ ဗလာဒီမာပူတင် အပါအဝင် ကမ္ဘာ့နိုင်ငံ ၂၀ ကျော်ရဲ့ ခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ပါတယ်။ ဒီနှစ် ညီလာခံရဲ့ အဓိက ဆွေးနွေးမှု ခေါင်းစဉ်ကတော့ အမေရိကန်မှာ ဒေါ်နယ်လ်ထရမ့် သမ္မတဖြစ်လာပြီး ကုန်သွယ်ဖက်တွေအပေါ် သွင်းကုန်အခွန် နှုန်းထားတွေ တိုးမြှင့်ကောက်ခံတဲ့ မူဝါဒမျိုး ကျင့်သုံးလာတဲ့ နောက်ဆက်တွဲ အခြေအနေတွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ ညှိနှိုင်းဖို့ ဖြစ်ပါတယ်။

ထရမ့်ဟာ တရုတ်အပေါ် တင်းမာတဲ့ သဘောထားတွေ အတိအလင်း ပြသခဲ့သလို အိန္ဒိယကိုလည်း ရုရှားဆီက ရေနံတွေ ဆက်ဝယ်နေတာကို ဒဏ်ခတ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကုန်သွယ်ခွန်တွေ အမြောက်အမြား စည်းကြပ်ခဲ့ပါတယ်။ ထရမ့်ဆီက အဲဒီလို ဖိအားမျိုးတွေ ကြုံလာတဲ့နောက် တရုတ်နဲ့ အိန္ဒိယတို့ဟာ အချင်းချင်းကြားက သဘောထား ကွဲမှုတွေကို ဘေးဖယ်ပြီး ပိုမို နီးကပ်လာမယ့် လမ်းကြောင်းကို ပြောင်းလဲ ရွေးချယ်လာတဲ့ သဘောပါပဲ။

၂၀၂၀ ပြည့်နှစ်တုန်းက ဟိမဝန္တာ တောင်စဉ်တန်းတွေနဲ့ ဆက်စပ်နေတဲ့ နယ်စပ်မှာ တရုတ်နဲ့ အိန္ဒိယ တပ်ဖွဲ့ဝင်တွေ ပဋိပက္ခ ဖြစ်ပွားပြီး ထိခိုက်သေကြေမှုတွေ ကြုံတွေ့ခဲ့တဲ့နောက် နှစ်နိုင်ငံ ဆက်ဆံရေးဟာ အဆိုးဆုံး အဆင့်ကို ထိုးကျသွားခဲ့တာပါ။ အခုတော့ မိုဒီရဲ့ တရုတ်နိုင်ငံ ခရီးစဉ်နဲ့အတူ နှစ်ဖက် ဆက်ဆံရေး ပြန်လည် နွေးထွေးလာခြင်း ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

စစ်ရှုံးမှုများလာတဲ့ စစ်တပ်ဟာ ဗန်းမော်၊ ရွှေကူ၊ ဖားကန့်ဒေသတွေ ဗုံးကြဲ

သတင်း

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အပါအဝင် နယ်စပ်တကြောကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ စက်တင်ဘာ ၂၄ရက်နေ့လည်ပိုင်းမှာ လေယာဉ်နဲ့ ကင်းထောက်မှု ဆက်လက်ပြုလုပ်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

ဝါရှင်တန်ဒီစီကို ရောက်ရှိလာတဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လေဆိပ်ထိ ဆင်းပြီး ကြိုဆိုခဲ့ပါတယ်။

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

Facebook