Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်ဒေသတွင်းလုံခြုံရေးပိုသတိထားရန်ဒေသခံများအား KIA၊KPDFသတိပေး

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်တွင်စစ်ရေးအခြေအနေ ပိုမိုရှုပ်ထွေးလာပြီး လုံခြုံရေးသတိထားကြရန် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDFက သတိပေးထားသလို တမြို့နယ်လုံးရှိ စာသင်ကျောင်းများလည်း စစ်ကောင်စီက အရေးပေါ် ပိတ်လိုက်သည်။

၂၀၂၅ဇွန်လ ၃ ရက်က ဖားကန့်မြို့ပေါ် တနေရာတွင် လက်နက်ကြီး ကျပေါက်ကွဲအပြီး တွေ့ရစဉ်။ ဓာတ်ပုံ-Tarlin

▪️စာသင်ကျောင်းများပိတ်ထားရန် စစ်ကောင်စီညွှန်ကြား

စက်တင်ဘာ-၂၊၂၀၂၅။လူအေး/People’s Spring

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်တွင်စစ်ရေးအခြေအနေ ပိုမိုရှုပ်ထွေးလာပြီး လုံခြုံရေးသတိထားကြရန် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDFက သတိပေးထားသလို တမြို့နယ်လုံးရှိ စာသင်ကျောင်းများလည်း စစ်ကောင်စီက အရေးပေါ် ပိတ်လိုက်သည်။

ကာမိုင်း -လုံခင်းလမ်းပိုင်းအတိုင်း ပြီးခဲ့သည့်သြဂုတ်လဆန်းပိုင်းကဝင်လာသော စစ်ကောင်စီတပ်စစ်ကြောင်းသည် ဖားကန့်မြို့ကို ရောက်ရှိပြီးနောက် စစ်ရေးတင်းမာလာပြီး ယခုရက်ပိုင်းအတွင်း တိုက်ပွဲအရှိန်ပိုမြင့်တက်လာခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“မရှီကထောင်မှာစစ်ကြောင်းရောက်နေတယ်။KIA၊KPDFက တောက် လျှောက်သတိပေးနေတယ်။ စစ်တပ်က ကျောင်းတွေ အရေးပေါ် ပိတ်လိုက်တယ်။ လေကြောင်းကို ပိုသုံးလာမလားလို့ ဒေသခံတွေ စိတ်ပူနေကြတယ်”ဟု ဖားကန့်မြို့ခံတဦးက ပြောသည်။

ယနေ့ (စက်တင်ဘာ၂ရက်)ကစ၍ စက်တင်ဘာ ၈ရက်အထိ ကျောင်းများပိတ်ထားရန် စစ်ကောင်စီက ဌာနတွင်းညွှန်ကြားပြီးနောက် ကျောင်းဘက်မှ ထပ်ဆင့်အသိပေးလာခြင်းဟု ကျောင်းသားမိဘတဦးက ပြောသည်။

လက်ရှိတွင်ဖားကန့်နှင့်လုံးခင်းဒေသ၌အင်အား ၁၀၀ ကျော်ပါဝင်သည့် စစ်ကောင်စီတပ် စစ်ကြောင်းနှစ်ခု ရှိနေသည်။ နေရာအများအပြား ၌လည်း တပ်စွဲထားသည်။

လှုပ်ရှားစစ်ကြောင်းများက အရပ်သားများအား ဖမ်းဆီးနေသည်။ မရှိကထောင်ကျေးရွာအုပ်စုသို့ယမန်နေ့ကစစ်ကြောင်းထိုးစဉ်အရပ်သားတဦးကိုပစ်သတ်သွားပြီးယနေ့ စက်တင်ဘာ၂ရက်ကလည်းလုံးခင်းရပ်ကွက်(၅) တွင် နောက်ထပ်အရပ်သားတစ်ဦးအား ထပ်မံပစ်ခတ်သတ်ဖြတ်သွားသည်ဟု သတင်းရရှိသည်။

” အခြေအနေက ပိုဆိုးလာပါပြီ။ စကစက လူနေရပ်ကွက်တွေကို ဦးတည်ပြီး စစ်ရေးဖော်ဆောင်လာတယ်။ အစစအရာရာ သတိထားဖို့ အရေးကြီးပါတယ်”ဟု KPDFနှင့် နီးစပ်သူက ပြောသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့်ဩဂုတ် ၂၅ရက်မှ ယနေ့ စက်တင်ဘာလ ၂ရက်အတွင်းဒေသခံအရပ်သား၄၀နီးပါးကိုဖမ်းဆီးထားသည်ဟု သတင်း ရရှိသည်။

လက်ရှိစစ်ရေးအခြေအနေအရ လက်နက်ကြီးအန္တရာယ်နှင့် လေကြောင်းအန္တရာယ်ကိုလည်း သတိပြုကြရန် KIA၊KPDFက သတိပေးထားသည်။

ယနေ့တွင် ဖားကန့်ဒေသ၌ စစ်ရေးတင်းမာနေသလို KIA၊KPDF က မြို့သိမ်းတိုက်ပွဲဆင်နွဲနေသည့် ဗန်းမော်မြို့နှင့် စစ်ကောင်စီတပ်စစ်ကြောင်းများဝင်ရောက်လာသည့် ဝိုင်းမော်မြို့တွင်လည်း တိုက်ပွဲပြင်းထန်နေသည်။

ဗန်းမော်နှင့်ဝိုင်းမော်မြို့ကိုလည်းစစ်ကောင်စီကလေကြောင်းမှအပြင်းအထန် ဗုံးကြဲတိုက်ခိုက် နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ (၃၈)နှစ်ပြည့် ရှစ်လေးလုံး အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြပွဲကို ဖားကန့်မှော်လှည့်သပိတ်က ဒီကနေ့ (သြဂုတ် ၈) မနက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ယနေ့ ဩဂုတ် ၄ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေဆင်းလာလို့ ရေဘေးနဲ့ မြေပြိုမှု‌ဘေး ထပ်မံကြုံတွေ့နေပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။