Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းမှာ စာသင်တဲ့အိမ် စစ်တ​ပ်ဗုံးကြဲကလေးတဦးသေဆုံးပြီးကလေးငယ်၅ဦးဒဏ်ရာရ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူကျေးရွာမှာ စာသင်နေတဲ့အိမ်ကို စစ်တပ်က လေကြောင်းကဗုံးကြဲလို့ ဆယ်နှစ်သား ကလေးတဦးသေဆုံးပြီး ကလေးငယ်၅ ဦးအပါအဝင် ပြည်သူ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မန္တလေး PDFက ထုတ်ပြန်ပါတယ်။

စစ်တပ်က ဗုံးကြဲပြီး​နောက်မြင်ကွင်းနှင့်ဒဏ်ရာရ က​လေးငယ်အချို့။ဓါတ်ပုံ-MDY-PDF

စက်တင်ဘာ-၇၊၂၀၂၅။People’s Spring

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူကျေးရွာမှာ စာသင်နေတဲ့အိမ်ကို စစ်တပ်က လေကြောင်းကဗုံးကြဲလို့ ဆယ်နှစ်သား ကလေးတဦးသေဆုံးပြီး ကလေးငယ်၅ ဦးအပါအဝင် ပြည်သူ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မန္တလေး PDFက ထုတ်ပြန်ပါတယ်။

စက်တင်ဘာ (၇)ရက်၊မွန်းလွဲ (၂)နာရီခန့်က စစ်ကောင်စီတပ်ဟာ သပိတ်ကျင်းမြို့နယ် ကျောက်ဖြူကျေးရွာကို တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောက်ဖြူကျေးရွာအတွင်းရှိ စာသင်ကြားရာနေအိမ်ကို ထိမှန်ခဲ့ပြီး (၁၀)နှစ်အရွယ် ကလေးငယ် ၁ ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း မန္တလေး PDFက အသိပေးပါတယ်။

ဒါ့အပြင် ကလေးငယ် (၅)ဦးအပါအဝင်ပြည်သူ(၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မန္တလေး PDFက ထပ်မံ အသိပေးပါတယ်။စစ်တပ်ဟာအရပ်သားပစ်မှတ်တွေဖြစ်တဲ့ ပြည်သူပိုင်နေအိမ်တွေ၊ ဆေးရုံတွေနဲ့ စာသင်ကျောင်းတွေကို မကြာခဏ ဦးတည်တိုက်ခိုက်နေတာဟာစစ်ရာဇဝတ်မှုမြောက်ပြီး အလွန်အောက်တန်းကျသော လုပ်ရပ်တွေဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်ကြေညာပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဟာ ကာကွယ်ရေးအဖွဲ့တွေ စိုးမိုးထားတဲ့ မိုးကုတ်-မန္တလေးလမ်းပိုင်းတလျှောက် သပိတ်ကျင်း၊ စဥ့်ကူး၊ မတ္တရာလမ်းပိုင်းကို ပြန်လည်စိုးမိုးဖို့ ကြိုးစားနေတယ်လို့ သတင်းရရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အင်းတော်မြို့နယ်၊ မဲဇာရွာအနီးတိုက်ပွဲပြင်းထန်‌နေစဥ်မှာ စစ်တပ်ကတိုက်ပွဲနဲ့ မဆိုင်တဲ့လူနေကျေးရွာအတွင်း လေကြောင်းကနေ ဗုံးကြဲလို့ ကလေးငယ်နှစ်ဦး သေဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။

သတင်း

မဟာစည်ဆရာတော်ကြီးဖွားမြင်ရာဇာတိရွာဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်၊ဆိပ်ခွန်ရွာမှာရှိတဲ့ မဟာစည်ရိပ်သာကျောင်းတိုက်ကို ဒီနေ့ ( အောက်တိုဘာ ၁၁ ရက်) မှာ အာဏာသိမ်းစစ်တပ်က ဗုံးကြဲတိုက်ခိုက်ရာ စစ်ရှောင်ပြည်သူ နှစ်ဦးသေဆုံးသွားတယ်လို့ NUG လက်အောက်ခံ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ထုတ်ပြန်ပါတယ်။

သတင်း

ကသာ-ထီးချိုင့်လမ်းပိုင်းကို အသုံးမပြုဖို့ PDFသတိပေး

ဆောင်းပါး

အောက်တိုဘာ ၈ ရက် နေ့လယ်ပိုင်းက ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီးရွာမှာ အညာနေ ပူလွန်းအိုက်လွန်းလို့ ဒေသခံတွေ ကိုယ့်အိမ်တင်ကို အရိပ်ခိုနေကြတယ်။ ရွာလယ်က အိမ်တစ်အိမ်မှာတော့ မိခင်ဖြစ်သူရယ်၊ သမီးနှစ်ယောက်ရယ်၊ အိမ်ထောင်ဦးစီးအမျိုးသားရဲ့ညီရယ် ရှိနေတယ်။ အိမ်ထောင်ဦးစီးကတော့ ကျွဲကျောင်းသွားနေသလို အသက် ၂၀ ဝန်းကျင် မောင်ထွန်း(အမည်လွှဲ)ဆိုတဲ့ သားလေးကလည်း...

Trending

Facebook