Connect with us

Hi, what are you looking for?

သတင်း

အုတ်ဖိုမှာ စစ်ကောင်စီခန့် အုပ်ကြီးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦးကို သွားရောက်ပစ်ခတ်ရှင်းလင်းနိုင်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ Black Tiger အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီအုပ်ကြီးထွန်းသိန်းဆီကနေ သိမ်းဆည်းရရှိတဲ့ စစ်မှုထမ်းစာရွက်စာတမ်းတွေကို မီးရှို့ဖျက်ဆီးနေစဥ်။ ဓာတ်ပုံ - Black Tiger

စက်တင်ဘာ-၈၊ ၂၀၂၅။ ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦးကို သွားရောက်ပစ်ခတ်ရှင်းလင်းနိုင်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ Black Tiger အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စက်တင်ဘာ ၆ ရက် ည ၇ နာရီခွဲက အုတ်ဖိုမြို့နယ်၊ ကန်သာယာကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးထွန်းသိန်းနှင့် ပျူစောထီးခေါင်းဆောင်လှရွှေဆိုသူတို့ အိမ်ရှေ့ထွက်စကားပြောနေစဥ် Black Tiger တပ်ဖွဲ့မှ ရဲဘော်များက ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

“အုပ်ကြီးက ပျူခေါင်းဆောင်လှရွှေအိမ်ရှေ့မှာ နှစ်ယောက် စကားပြောနေတာကို ဝင်ပစ်တာ။ အုပ်ကြီးထွန်းသိိန်း ခေါင်းကို ကျည် ၃ ချက်မှန်ပြီး သေတယ်”လို့ ပစ်ခတ်မှုအခြေအနေကို Black Tiger တပ်ဖွဲ့ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပစ်ခတ်ခံရတဲ့ အုပ်ကြီးထွန်းသိန်းဟာ နေရာမှာတင် သေဆုံးသွားပြီး ၎င်းထံမှ စစ်မှုထမ်းစာရွက်စာတမ်းတချို့နဲ့ အခြားစာရွက်စာတမ်းတွေ သိမ်းဆည်းရရှိခဲ့တာကြောင့် မီးရှို့ဖျက်ဆီး ရှင်းလင်းနိုင်ခဲ့တယ်လို့ အဲဒီတာဝန်ရှိသူက ဆက်ပြောပါတယ်။

အုပ်ချုပ်ရေးမှူး ထွန်းသိန်းဆိုသူဟာ စစ်တပ်ရဲ့အမာခံထောက်တိုင်တစ်ဦးဖြစ်သလို ပြည်သူကို ဖိနှိပ်ဖို့ ပျူစောထီးတွေကို အမိန့်ပေး စေခိုင်းနေသူလည်း ဖြစ်တယ်လို့ Black Tiger တပ်ဖွဲ့က ဆိုပါတယ်။

ပစ်ခတ်ခံရပြီးတဲ့နောက်မှာ ပျူခေါင်းဆောင်လှရွှေဆိုသူဟာ ထွက်ပြေးလွတ်မြောက်သွားပြီး စစ်တပ်သို့ သွားရောက်သတင်းပို့ခဲ့တာကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ကန်သာယာရွာမှ ပြန်မဆုတ်မီ လက် နက်ကြီးနဲ့ နှစ်ချက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၈ ရက်ကလည်း အုတ်ဖိုမြို့နယ်၊ ပြည်တော်သာကျေးရွာနေ ပျူစောထီအဖွဲ့ဝင်ပြည်စုံဆိုသူကို တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ မှ ရဲဘော်များက မင်းလှဆည်ဘောင်မှာ ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်ထဲကအမြောက်တပ်(၃၄၄)နဲ့ ပဲခူးတိုင်းအုတ်ဖိုမြို့နယ်ထဲမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး အာဏာသိမ်းစစ်တပ်က လေယာဉ်တွေနဲ့ ဆက်တိုက် ဗုံးကြဲခုခံနေရပါတယ်။

သတင်း

အချိန်မရွေးတိုက်ပွဲတွေဖြစ်နိုင်လို့ စစ်တပ်အနီးမနေကြဖို့ (၂၂)ဗျူဟာမှူး သတိပေး

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ NUG ဝန်ကြီးအချို့၊ PDF တပ်မှူးအချို့နဲ့ ဦးမင်းကိုနိုင်တို့ဟာ တော်လှန်ရေးတပ်​တွေက စိုးမိုးထိန်းချုပ်ထားတဲ့​ဒေသမှာအတူ လမ်းလျှောက်ထွက်တဲ့ ရုပ်သံမှတ်တမ်းကို တော်လှန်ရေးသတင်းရင်းမြစ်အချို့က​ပေးပို့ပါတယ် ။

သတင်း

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်တိုက်ပွဲအတွင်း ရန်ကုန်တိုင်းစစ်ဌာန၊ ရန်ကုန်(၅၁၀၂)တပ်ရင်းလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် ၅ဦး ကျဆုံးခဲ့ရတယ်လို့ အဲဒီတပ်ရင်းက ဒီကနေ့ ဧပြီ ၁၈ရက်မှာ ထုတ်ပြန်ပါတယ်။