Connect with us

Hi, what are you looking for?

သတင်း

ကနီတွင် စစ်ကြောင်းဝင်လာ၍ စစ်ဘေးရှောင် ၂၀,၀၀၀ ကျော်အတွက် အရေးပေါ်အကူအညီများ လိုအပ်

စစ်ကိုင်းတိုင်း၊ ကနီမြို့သို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ရောက်ရှိလာသော စစ်ကောင်စီတပ်စစ်ကြောင်းများသည် နေအိမ်များကို မီးရှို့နေ၍ ဒေသခံလူဦးရေ ၂၀,၀၀၀ ကျော်သည် နေရပ်စွန့်ခွာတိမ်းရှောင်နေရပြီး အရေးပေါ်အကူအညီများ လိုအပ်နေသည်။

လက်ရှိစစ်ဘေးရှောင်များ အသင့်ပြင်ထားရသည့်အခြေအနေကို တွေ့ရစဥ်။ ဓာတ်ပုံ - CJ

စက်တင်ဘာ-၁၁၊ ၂၀၂၅။ လူအေး/People’s Spring

စစ်ကိုင်းတိုင်း၊ ကနီမြို့သို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ရောက်ရှိလာသော စစ်ကောင်စီတပ်စစ်ကြောင်းများသည် နေအိမ်များကို မီးရှို့နေ၍ ဒေသခံလူဦးရေ ၂၀,၀၀၀ ကျော်သည် နေရပ်စွန့်ခွာတိမ်းရှောင်နေရပြီး အရေးပေါ်အကူအညီများ လိုအပ်နေသည်။

စစ်ကောင်စီစစ်ကြောင်းများသည် မုံရွာ၊ ယာကြီး၊ ကလေးဝလမ်းအတိုင်း စက်တင်ဘာလဆန်းမှစတင်၍ ကနီမြို့နယ်သို့ ဝင်ရောက်လာခြင်းဖြစ်သည်။

“တခြားရွာကို သွားပြီး ရှောင်နေကြရတာက ၂၅ရွာမကဘူး။ စစ်ကြောင်းတွေက ဆက်ပြီး ဝင်လာနေတယ်။ ချောင်းဝရွာဆိုရင် နေ့တိုင်းမီးရှို့ခံနေရပါတယ်”ဟု စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့ စက်တင်ဘာ ၁၁ရက်အထိ စာရင်းအရ စစ်ဘေးရှောင်လူဦးရေသည် ၂၂,၀၀၀ ခန့်ရှိလာပြီး စားဝတ်နေရေးအကူအညီများ လိုအပ်နေသည် မြို့ခံများက ပြောသည်။

“လေကြောင်းရော ပါရာမော်တာရော ခဏခဏလာပစ်နေတော့ နေလို့မရတော့ဘူး။ ဖုန်းလိုင်းတွေလည်းဖြတ်ထားတယ်။ အဆက်အသွယ်တွေလည်းပြတ်နေတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ကနီမြို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ၂၀၂၃ မတ်လတွင် မြို့သိမ်းတိုက်ပွဲတိုက်ခိုက်ခဲ့သည်။ မြို့ပေါ်နေရာအများစုသိမ်းယူနိုင်ခဲ့သော်လည်း စစ်တပ်က လေကြောင်းမှ အပြင်းအထန်တိုက်ခိုက်ပြီး စစ်ကူများပို့၍ ​တော်လှန်​ရေးတပ်များ ပြန်ဆုတ်ခဲ့ရသည်။ စစ်တပ်က မြို့ပေါ်ကိုသာ ထိန်းချုပ်ထားနိုင်ပြီး ကျေးရွာအများအပြားကို ပြည်သူ့ကာကွယ်ရေးတပ်များက ထိန်းချုပ်ထားသည်။ ထို့နောက် စစ်ကောင်စီက စက်တင်ဘာလဆန်းမှာစတင်ကာ စစ်ကြောင်းများ တကျော့ပြန်ဝင်ရောက်လာခြင်းဖြစ်သည်။

စစ်ကောင်စီစစ်ကြောင်းများကို ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်မှုများရှိသော်လည်း စစ်တပ်က လေကြောင်းပစ်ကူယူ၍ စစ်ကြောင်းဆက်ထိုးနေသည်ဟု သတင်းရရှိသည်။

စစ်ကောင်စီသည် ယင်းမာပင်ခရိုင်အတွင်း ကနီအပြင် ပုလဲမြို့နယ်ကိုပါ စစ်ကြောင်းထိုးနေသည်။ ယင်းမာပင်ခရိုင်တွင် ကနီ၊ ပုလဲ၊ ဆားလင်းကြီးနှင့် ယင်းမာပင်မြို့နယ်တို့ ပါဝင်သည်။ နှစ်မြို့နယ်စလုံးသို့ လေကြောင်းတိုက်ခိုက်မှုများနှင့် မြေပြင်စစ်ကြောင်းထိုးမှုများ ပြုလုပ်နေသည်ဟု ပုလဲမြို့မှ ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ကနီမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး ရွှေဝါရောင်တော်လှန်ရေး (၁၉)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု စက်တင်ဘာ ၁၈ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဘေးရှောင်တွေ ရှိတဲ့ နေရာတွေကို စစ်တပ်က လက်နက်ကြီး၊ဒရုန်း နဲ့ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။