Connect with us

Hi, what are you looking for?

သတင်း

ရေးမြို့နယ်မှာ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးထားတဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) ပြည်နယ် ဥက္ကဌနဲ့ ပါတီဝင်အချို့ ပြန်လွတ်လာ

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ လက်နက်ကိုင်အဖွဲ့တဖွဲ့က ဖမ်းဆီးထားတဲ့ ပြည်သူ့ရှေ့ဆောင် ပါတီ (PPP) ပြည်နယ်ဥက္ကဌနဲ့ ပါတီဝင်အချို့ ပြန်လွတ်လာတယ်လို့ သိရပါတယ်။

ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)က ဆိုင်းဘုတ်တင်ပွဲပြုလုပ်နေစဉ်။ ဓာတ်ပုံ - PPP

စက်တင်ဘာ-၁၂၊ ၂၀၂၅။ဇော်ဝင်း/People’s Spring

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ လက်နက်ကိုင်အဖွဲ့တဖွဲ့က ဖမ်းဆီးထားတဲ့ ပြည်သူ့ရှေ့ဆောင် ပါတီ (PPP) ပြည်နယ်ဥက္ကဌနဲ့ ပါတီဝင်အချို့ ပြန်လွတ်လာတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁၀ရက် နံနက်ပိုင်းက ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) မွန်ပြည်နယ်ဥက္ကဌ ဒေါ်မြသီတာရယ်နဲ့ ပါတီဝင်ဖြစ်တဲ့ ဦးဟိန်းလင်းအောင်၊ ဒေါ်ခင်သီတာကျော်နဲ့ နောက်ထပ်အမျိုးသမီးတို့ ဖမ်းဆီးခံခဲ့ရတာလို့ PPPဗဟိုအလုပ်မှုဆောင် ဦးစောဟန်အေးက ဆိုပါတယ်။

သထုံမြို့နယ်ကနေ သံဖြူဇရပ်နဲ့ ရေးမြို့နယ်ဘက်ကို သွားရောက်စဥ် ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“ပြန်တော့လွတ်လာပြီလို့ သိရပါတယ်။လက်နက် ကိုင်အဖွဲ့အစည်းတစ်ခုက ဖမ်းဆီးသွားတာပါ”လို့ ဦးစောဟန်အေးက ပြောပါတယ်။

ဖမ်းဆီးသွားတဲ့လက်နက်ကိုင် အဖွဲ့အစည်းနဲ့ပတ် သက်လို့ တိတိကျကျ မသိရဘူးလို့ သူက ဆက်ပြောပါတယ်။

ဖြစ်စဥ်နဲ့ပတ်သက်ပြီး မွန်ပြည်နယ်မှာ အခြေစိုက် တဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တော်လှန်ရေး အင်အားစုအချို့ကို လူထုနွေဦးက ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။

“စစ်တပ်နဲ့ ပြည်သူ့စစ်တွေကဖမ်းတာ ဖြစ်ဖို့များတယ်။သူတို့လူအချင်းချင်းမှားဖမ်းတာမျိုးလည်းဖြစ်ချင်ဖြစ်မှာပေါ့။အဲဒါကြောင့် ပြန်လွတ်လာတာလို့ထင်တယ်။ဒါမှမဟုတ် ပါတီ နာမည်ကြီးချင်လို့ လုပ်ဇတ်လည်းဖြစ်နိုင်တယ်။သံ ဖြူဇရပ်နဲ့ရေးလမ်းပိုင်းမှာက စစ်တပ်က ထိုးစစ်ဆင်နေတာလေ”လို့ ရေးမြို့ခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ပါဝင်သူတိုင်းကို ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ ပြီးခဲ့တဲ့လပိုင်းကတည်းက မွန်ပြည်နယ် အခြေစိုက်တော်လှန်ရေးတပ်တွေက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မဲမသမာမှု၊ မဲခိုးမှုတွေကြောင့်သာ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုဟာ အစ္စရေး ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသား အနိုင်မရခဲ့တာ ဖြစ်တယ်လို့ သူ့ရဲ့ ပါတီက စွပ်စွဲ ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ကနဦး မဲရေတွက်မှု ရလဒ်တွေအရ အစ္စရေး ရွေးကောက်ပွဲဟာ ကြိုတင် မျှော်လင့်ထားတဲ့အတိုင်း တိတိကျကျ အဖြေမပေါ်ဘဲ ကျဉ်းထဲကျပ်ထဲ အခြေအနေမျိုး ကြုံလာမယ့် ရလဒ်ဆီ ဦးတည်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဆာဘီးယားမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ ရလဒ်တွေအရ ကျောင်းသားတွေ ဦးဆောင်တဲ့ လှုပ်ရှားမှုကို အရေးနိမ့်သွားကြောင်း ဆာဘီးယား အစိုးရရဲ့ ခေါင်းဆောင် အလက်ဇန္ဒား ဗူချစ်က ဝန်ခံခဲ့ပါတယ်။

နိုင်ငံတကာ

အောက်တိုဘာ ၂၇ ရက်နေ့မှာ ကျင်းပမယ့် အစ္စရေး ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက အာဏာလက်လွတ် ဆုံးရှုံးသွားနိုင်တယ်လို့ ထင်ကြေးတွေ ထွက်ပေါ်နေပေမယ့် အတိုက်အခံတွေ ဖက်မှာလည်း အစိုးရ ဖွဲ့နိုင်လောက်အောင် ရှင်းလင်းတဲ့ အင်အားစုမျိုး မတွေ့ရသေးပါဘူး။ ရွေးကောက်ပွဲ နီးကပ်လာခဲ့တဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း...