Connect with us

Hi, what are you looking for?

သတင်း

ရေးမြို့နယ်မှာ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးထားတဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) ပြည်နယ် ဥက္ကဌနဲ့ ပါတီဝင်အချို့ ပြန်လွတ်လာ

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ လက်နက်ကိုင်အဖွဲ့တဖွဲ့က ဖမ်းဆီးထားတဲ့ ပြည်သူ့ရှေ့ဆောင် ပါတီ (PPP) ပြည်နယ်ဥက္ကဌနဲ့ ပါတီဝင်အချို့ ပြန်လွတ်လာတယ်လို့ သိရပါတယ်။

ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)က ဆိုင်းဘုတ်တင်ပွဲပြုလုပ်နေစဉ်။ ဓာတ်ပုံ - PPP

စက်တင်ဘာ-၁၂၊ ၂၀၂၅။ဇော်ဝင်း/People’s Spring

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ လက်နက်ကိုင်အဖွဲ့တဖွဲ့က ဖမ်းဆီးထားတဲ့ ပြည်သူ့ရှေ့ဆောင် ပါတီ (PPP) ပြည်နယ်ဥက္ကဌနဲ့ ပါတီဝင်အချို့ ပြန်လွတ်လာတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁၀ရက် နံနက်ပိုင်းက ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) မွန်ပြည်နယ်ဥက္ကဌ ဒေါ်မြသီတာရယ်နဲ့ ပါတီဝင်ဖြစ်တဲ့ ဦးဟိန်းလင်းအောင်၊ ဒေါ်ခင်သီတာကျော်နဲ့ နောက်ထပ်အမျိုးသမီးတို့ ဖမ်းဆီးခံခဲ့ရတာလို့ PPPဗဟိုအလုပ်မှုဆောင် ဦးစောဟန်အေးက ဆိုပါတယ်။

သထုံမြို့နယ်ကနေ သံဖြူဇရပ်နဲ့ ရေးမြို့နယ်ဘက်ကို သွားရောက်စဥ် ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“ပြန်တော့လွတ်လာပြီလို့ သိရပါတယ်။လက်နက် ကိုင်အဖွဲ့အစည်းတစ်ခုက ဖမ်းဆီးသွားတာပါ”လို့ ဦးစောဟန်အေးက ပြောပါတယ်။

ဖမ်းဆီးသွားတဲ့လက်နက်ကိုင် အဖွဲ့အစည်းနဲ့ပတ် သက်လို့ တိတိကျကျ မသိရဘူးလို့ သူက ဆက်ပြောပါတယ်။

ဖြစ်စဥ်နဲ့ပတ်သက်ပြီး မွန်ပြည်နယ်မှာ အခြေစိုက် တဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တော်လှန်ရေး အင်အားစုအချို့ကို လူထုနွေဦးက ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။

“စစ်တပ်နဲ့ ပြည်သူ့စစ်တွေကဖမ်းတာ ဖြစ်ဖို့များတယ်။သူတို့လူအချင်းချင်းမှားဖမ်းတာမျိုးလည်းဖြစ်ချင်ဖြစ်မှာပေါ့။အဲဒါကြောင့် ပြန်လွတ်လာတာလို့ထင်တယ်။ဒါမှမဟုတ် ပါတီ နာမည်ကြီးချင်လို့ လုပ်ဇတ်လည်းဖြစ်နိုင်တယ်။သံ ဖြူဇရပ်နဲ့ရေးလမ်းပိုင်းမှာက စစ်တပ်က ထိုးစစ်ဆင်နေတာလေ”လို့ ရေးမြို့ခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ပါဝင်သူတိုင်းကို ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ ပြီးခဲ့တဲ့လပိုင်းကတည်းက မွန်ပြည်နယ် အခြေစိုက်တော်လှန်ရေးတပ်တွေက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဆောင်းပါး

ဂျာမနီ၏ ရွှေ့ပြောင်းနေထိုင်မှု အပြောင်းအ လဲနဲ့ အာရှကျောင်းသား​တွေရဲ့ အိပ်မက်

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်က အောင်သပြေရွာဟောင်းအနီး စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်တပ်က ၆ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့(YGF)က ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

၂၀၂၀ အမေရိကန် ရွေးကောက်ပွဲ ရလဒ်တွေကို တရုတ်က နောက်ကွယ်ကနေ စွက်ဖက် ခြယ်လှယ်ခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စွပ်စွဲမှုကို တရုတ်ဖက်က ပယ်ချခဲ့ပါတယ်။

Facebook