Connect with us

Hi, what are you looking for?

သတင်း

မင်းလှမြို့ပေါ်မှာ ပေါ်တာဆွဲဖမ်းဆီးနေတဲ့ ရဲတွေတိုက်ခိုက်ခံရ

ပဲခူးတိုင်း၊မင်းလှမြို့ပေါ်မှာပေါ်တာဆွဲဖမ်းဆီးနေတဲ့စစ်ကောင်စီလက်အောက်ခံ ရဲတွေကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့(စက်တင်ဘာ ၁၄ရက်)မှာ ထုတ်ပြန်ပါတယ်။

မင်းလှမြို့နယ်မှာ ပြည်သူတွေကို စစ်ဆေးရေးလုပ်နေတဲ့ ရဲတွေကို တွေ့ရစဥ်။ ဓာတ်ပုံ အဟောင်းဖြစ်ပါသည်

စက်တင်ဘာ−၁၄ ၊ ၂၀၂၅။ဇော်ဝင်း ၊ကျော်ဇော /People’s Spring

ပဲခူးတိုင်း၊မင်းလှမြို့ပေါ်မှာပေါ်တာဆွဲဖမ်းဆီးနေတဲ့စစ်ကောင်စီလက်အောက်ခံ ရဲတွေကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့(စက်တင်ဘာ ၁၄ရက်)မှာ ထုတ်ပြန်ပါတယ်။

မင်းလှမြို့နယ်၊မြို့မရဲစခန်းကနေ ထွက်လာတဲ့ ရဲယာဥ်တန်းကို တိုင်တရာဗလီနဲ့ ဝေဠုဝန်ဘုန်းကြီး ကျောင်းကြားက ရေကန်ဘေးလမ်းမပေါ်မှာ စက်တင်ဘာ ၁၃ ရက် ည ၉ နာရီဝန်းကျင်မှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ရခတွေက မြို့ထဲကရပ်ကွက်တွေကို ညဘက်ဆိုကင်းပတ်ပြီးပေါ်တာဆွဲ​တာတွေလုပ်နေလို့ ညကသူတို့လာတာကိုစောင့်ပြီး မိုင်းခွဲတာပါ”လို့ မင်းလှမြို့နယ် ပကဖ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါ တယ်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်ခဲ့တဲ့ ရဲယာဥ်တန်းမှာ ဆိုင်ကယ်ငါးစီးနဲ့ ရဲ ၁၀ဦးထက်မနည်းပါဝင်ပြီး ဒဏ်ရာရတဲ့သူတွေရှိတယ်လို့ အသိပေးပါတယ်။

“ညက မစ်ရှင်လုပ်ပြီးပြီးချင်းပြန်ဆုတ်လာတာမို့ သေချာတော့မစုံစမ်းရသေးဘူးဒဏ်ရာရသူရှိမယ်။သေဆုံးသတင်းတော့မရသေးပါဘူး”လို့ မင်းလှ ပကဖ ရဲဘော်တစ်ဦးက ပြောပါတယ်။

မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ တာဝန်ရှိသူကလည်း “စခန်းနဲ့ ကပ်ရက်ပဲဗျ။ ရဲစခန်းနောက်မှာ ရဲမိသားစု လိုင်းခန်း။ အဲ့ဘေးမှာ လမ်းပေါ့”လို့ လူထုနွေဦးကို အသိပေးပါတယ်။

ဖောက်ခွဲတိုက်ခိုက်မှုအတွင်း မိုင်းတလုံးအသုံးပြုခဲ့ပြီး ပေါက်ကွဲချိန်မှာ ဆိုင်ကယ်တွေထိုးရပ်သွားသလို အော်ဟစ်သံတွေကြားရပေမယ့် စစ်ကောင်စီရဲတွေ ထိခိုက်သေဆုံးမှုအ​ခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

တိုက်ခိုက်ခံရပြီးချိန်မှာ ရဲတွေဟာ ရှေ့ဆက်မသွားတော့ဘဲ စခန်းထဲပြန်ဝင်သွားကြပြီး အဲဒီညပိုင်း(စက်တင်ဘာ ၁၃ ရက်)ဘာလှုပ်ရှားမှုမှ မတွေ့ရဘူးလို့ မြေအောက်ပြောက် ကျားတပ်ဖွဲ့-အုတ်ဖိုက အသိပေးပါတယ်။

“ညထဲက ငြိမ်သွားတာ။ ဒါပေမယ့် ဒီမနက် အစောပိုင်းတော့ ရဲမေကားတစ်စီး ထွေအုပ်ကိုလာတာတော့ တွေ့တယ်။ ခဏပဲ ပြန်သွားတယ်”လို့ တပ်ဖွဲ့တာဝန်ရှိသူက အခြေအနေကို ပြောပါတယ်။

သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂)တပ်ခွဲ(၄) မြေအောက်ပြောက်ကျား တပ်ဖွဲ့-အုတ်ဖို နဲ့ မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တို့ရဲ့ပူးပေါင်းတိုက်ခိုက်မှုကြောင့် ဒီကနေ့မနက်ပိုင်းမှာ မင်းလှမြို့အတွင်း စစ်ကောင်စီက စစ်ဆေးမှု တင်းကြပ်နေတယ်လို့ သိရပါတယ်။

မင်းလှမြို့ပေါ်ကစစ်ကောင်စီတပ်သား၊ရဲ၊ပျူစောထီးနဲ့ အုပ်ချုပ်ရေးထောက်တိုင်တွေကိုတိုက်ခိုက်မှာဖြစ်လို့ ပြည်သူတွေအနေနဲ့ အသွားအလာဆင်ခြင်ကြဖို့ မင်းလှပကဖက တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

စာဖတ်သူများ မင်္ဂလာပါ။ ဒီကနေ့ဟာ (၁၄) ကြိမ်မြောက် မြန်မာနိုင်ငံရဲ့လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ပါတဲ့။ ဒီကနေ့မှာ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌနေရာကို ရယူထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ဒုတိယဗိုလ်ချုပ်ကြီးညွန်ဝင်းဆွေဆိုသူက သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဆယ်ဘီးကား ၂ စီးနဲ့ လူငယ်တွေကို ပေါ်တာဆွဲသွားကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ ပေါ်တာဆွဲတာတွေ ကြမ်းနေချိန် စစ်တပ်က ဇာတ်သဘင်နဲ့ စတိတ်ရှိုးဖျော်ဖြေပွဲတွေ ဆက်တိုက်ပြုလုပ်ဖို့ စီစဥ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။