Connect with us

Hi, what are you looking for?

သတင်း

ကျောက်မဲ − ပုံဝိုးရွာလမ်း ကုန်တင်ကားလမ်းချော်၍ လမ်းပိတ်နေ

ဒေသတွင်း၌ စစ်ရေးတင်းမာနေစဉ် ကျောက်မဲမြို့မှတဆင့် ကျေးရွာများသို့ သွားသော တောလမ်း၌ ကုန်တင်ကားတစ်စီးလမ်းချော်၍ လမ်းပိတ်ဆို့မှုဖြစ်နေသည်။

ကျောက်မဲ − ပုံဝိုးရွာလမ်းပိုင်း၌ ကုန်တင်ကားလမ်းချော်၍ လမ်းပိတ်ဆို့မှုဖြစ်နေစဉ်။ ဓာတ်ပုံ − CJ

စက်တင်ဘာ−၁၅၊၂၀၂၅။မိထက်/People’s Spring

ဒေသတွင်း၌ စစ်ရေးတင်းမာနေစဉ် ကျောက်မဲမြို့မှတဆင့် ကျေးရွာများသို့ သွားသော တောလမ်း၌ ကုန်တင်ကားတစ်စီးလမ်းချော်၍ လမ်းပိတ်ဆို့မှုဖြစ်နေသည်။

ကျောက်မဲမြို့နှင့် ပုံဝိုးကျေးရွာလမ်းပိုင်းမှ မန်ခိုက်ရွာ နှင့်ကောင်းလန်းကျေးရွာကြားတွင် ယနေ့ စက်တင်ဘာ ၁၅ရက် နေ့လည်ကစတင်၍ လမ်းပိတ်ဆို့နေခြင်း ဖြစ်သည်။

ကျောက်မဲ − ပုံဝိုးရွာလမ်းပိုင်း၌ ကုန်တင်ကားလမ်းချော်၍ လမ်းပိတ်ဆို့မှုဖြစ်နေစဉ်။ ဓာတ်ပုံ − CJ

လမ်းပြန်ပွင့်ရန် အဆိုပါ ကုန်တင်ကားအား ထွန်စက်များဖြင့်ဆွဲနေသော်လည်း အဆင်မပြေသေးပေ။ ၂ရက်ခန့်ကြာလမ်းပိတ်နိုင်ကြောင်း ဒေသခံတဦးက ပြောသည်။

Public Service Announcement

Public Service Announcement

” မိုးဆက်ရွာနေလို့ လမ်းကပျက်နေတယ်။ စိတ်မချရဘူး”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ကုန်တင်ကားနှင့် အိမ်စီးကားအချို့ လမ်းပိတ်နေပြီး အခြားသောကားများအနေဖြင့် အနီးစပ်ဆုံးကျေးရွာများ၌ ယာယီနားနေကြရန် ဒေသခံများက အကြံပြုသည်။

ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာပတ်ဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့ တိုက်ပွဲများဖြစ်နေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေ၍ ဒေသခံများ စိုးရိမ်နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့ စက်တင်ဘာ ၁၂ရက် မနက်ပိုင်းက ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ဝင်ရောက်ဖမ်းဆီးသူ သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့စက်တင်ဘာ ၂ရက် မနက်ပိုင်းက ကျယ်လောင်တဲ့ပေါက်ကွဲသံထွက်ပေါ်လာလို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

သတင်း

မန္တလေး- မူဆယ်ပြည်ထောင်စုလမ်းပိုင်းပေါ်မှာ ဝါယာရှော့ဖြစ်နေတဲ့ ကုန်တင်ကားတစ်စီးက ကျောက်မဲမြို့အဝင် တိုးဂိတ်အတွင်း ဝင်ရောက် စဉ် မီးကူးစက်လို့ တိုးဂိတ်ပါ မီးလောင်ကျွမ်းသွားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ ၁၀၂၇ စစ်ဆင်ရေးကာလက ကျန်ခဲ့တဲ့ စစ်ကျန်လက်နက်ပေါက်ကွဲပြီး ဒေသခံအမျိုးသားတစ်ဦး သေဆုံးခဲ့ရပါတယ်။

Facebook