Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်ကို စစ်ကောင်စီ ဒရုန်းဗုံးကြဲ၍ အရပ်သား နှစ်ဦးသေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်အတွင်းကို ယနေ့ နံနက် ၉နာရီခွဲခန့်တွင် စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲ၍ ဒေသခံနှစ်ဦး သေဆုံးခဲ့သည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဖားကန့်ဒေသမှ အပျက်အစီးအချို့ကို တွေ့ရစဉ်။ ဓာတ်ပုံ - Tarlin Mg/FB

စက်တင်ဘာ-၁၉၊ ၂၀၂၅။ လူအေး/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်အတွင်းကို ယနေ့ နံနက် ၉နာရီခွဲခန့်တွင် စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲ၍ ဒေသခံနှစ်ဦး သေဆုံးခဲ့သည်။

“ဒရုန်းပျံလာပြီး အကြာကြီးဝဲတယ်။ တချို့က ပေါ့တယ်။ မကြဲဘူးထင်ပြီးနေကြတယ်။ စစ်တပ်က ကြဲတယ်ဗျ။ တခြားကို မရှောင်နိုင်သူလည်း ရှိတာပေါ့ဗျာ။ အခု သေဆုံးတာက ယာယီတဲလေးထဲမှာ နေတဲ့ သားအမိလို့ သိရတယ်ဗျ” ဟု မရှီကထောင်ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီ၏ ဗုံးကြဲမှုကြောင့် အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးသေဆုံးခဲ့သည်ဟု ၎င်းကပြောသည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၁၇ရက်ကလည်း ဖားကန့် ဆိပ်မူကျေးရွာကို စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်ရာ အသက် ၉နှစ်အရွယ်ကလေးတစ်ဦး သေဆုံးကာ လေးဦးဒဏ်ရာရခဲ့သည်။ ယမန်နေ့ စက်တင်ဘာ ၁၈ရက်ကလည်း ဆိုင်းတောင်ရွာရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်ဝင်းထဲသို့ စစ်ကောင်စီက လေကြောင်းမှဗုံးကြဲခဲ့သည်။

အင်အား ၁,၀၀၀ကျော်ပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းသည် ပြီးခဲ့သည့် ဇွန်လဆန်းနှင့် ဩဂုတ်လဆန်းတွင် ဖားကန့်သို့ အသုတ်လိုက်ဝင်ရောက်လာပြီး KIA၊KPDF ပူးပေါင်းတပ်များနှင့် တိုက်ပွဲဖြစ်ပွားနေသည်။

စစ်ကောင်စီ စစ်ကြောင်းများသည် ဖားကန့်ဗျူဟာ၊ လုံးခင်းမိုင်းချက်စက်ရုံတို့အပြင် မော်ဝမ်းလေး၊ မော်ဝမ်းကြီး၊ မော်မောင်းလျှံ၊ အမှိုက်ပုံ၊ တောင်ပြို၊ ရှရော်ခ၊ မှော်တောင်း၊ ဆန်းကြွယ်နှင့် ယူမာကျေးရွာတို့၌ရှိနေသည်။

ယနေ့ နံနက်ပိုင်းတွင် လုံးခင်းယမ်းချက်စက်ရုံမှ စစ်ကောင်စီစစ်ကြောင်းတစ်ခုထပ်ထွက်လာ၍ မြေပြင်စစ်ရေးအခြေအနေကို ဒေသခံများက သတိပေးနေကြသည်။

လက်ရှိစစ်ရေးအခြေအနေအရ စစ်ကောင်စီလက်နက်ကြီးအန္တရာယ်နှင့် မြေပြင်စစ်ကြောင်းအန္တရာယ်ကိုအထူးသတိပြုရန် KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ် ဖားကန့်မြို့မှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်‌ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။