Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ်၏ ရိက္ခာများတင်​ဆောင်လာ​သော ​ရေယာဥ်များကို မင်းကင်းကာကွယ်​ရေးတပ် တိုက်ခိုက်

စစ်ကောင်စီတပ်သားများ၏ ထိခိုက်သေဆုံးမှုကို သီးခြားအတည်မပြုနိုင်သော်လည်း ထိခိုက်မှုများ ရှိနိုင်လိမ့်ဟု ထုတ်ပြန်ချက်၌ပါရှိသည်။

People's Spring
People's Spring

စစ်ကောင်စီတပ်၏ ရိက္ခာများတင်ဆောင်လာသော ကုန်အမြန်ရေယာဉ်မော်တော်နှစ်စီးနှင့် စက်သေနတ်တပ်ဆင်ထားသည့် Speed Boat တစ်စီးတို့အား ချင်းတွင်းမြစ်ရိုးအောက်၌ တိုက်ခိုက်ခဲ့ကြောင်း မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြစ်ရိုးအောက်ဒေသ)က ယနေ့(နိုဝင်ဘာ ၂၃ ရက်) ထုတ်ပြန်သည်။

ယနေ့ နေ့လည် ၁ နာရီမှစတက်၍ ၂ နာရီခန့်အထိ တိုက်ပွဲဖြစ်ပွားခဲ့ကာ ပြည်သူ့တပ်ဖွဲ့များက လက်နက် ကြီး၊ လက်နယ်ငယ်များဖြင့် တရစပ်တိုက်ခိုက်ခဲ့ရာ စစ်ကောင် စီ၏ ကုန်အမြန်ရေယာဉ်တစ်စီးနောက်ပိုင်း မီးလောင်ကျွမ်း ပျက်ဆီးခဲ့သည်။

ထိုရေယာဥ်မှာမောင်းမရတော့သည့်အတွက် အခြား ပါလာသည့် ကုန်တင်အမြန်ရေယာဉ်ဖြင့် ဆွဲငင်သွားခဲ့ရကြောင်းမင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြစ်ရိုးအောက်ဒေသ)က ဆိုသည်။

စစ်ကောင်စီတပ်သားများ၏ ထိခိုက်သေဆုံးမှုကို သီးခြားအတည်မပြုနိုင်သော်လည်း ထိခိုက်မှုများ ရှိနိုင်လိမ့်ဟု ထုတ်ပြန်ချက်၌ပါရှိသည်။

Public Service Announcement

Public Service Announcement

မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြစ်ရိုးအောက်ဒေသ)မှ တပ်သားများအနေဖြင့် ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပိုင်းမှာသွားလာနေတဲ့ခရီးသွားကားတွေအနေနဲ့အာဏာသိမ်းစစ်တပ်ရဲ့ရိက္ခာနဲ့ဝန်ထမ်းတွေကိုသယ်ယူပို့ဆောင်တာတွေမလုပ်ဆောင်ကြဖို့ ပူတာအို PDF က တားမြစ်ချက်ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နဲ့ ကျောင်းသားတော်လှန်ရေးတပ်တော် (SRF)တပ်ဖွဲ့ဝင်တွေ ဖြစ်ပွားခဲ့တဲ့ သဘောထားကွဲလွဲမှု သဘောတူညီမှုရရှိခဲ့ပြီး SRFတပ်က အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကွပ်ကဲမှုအောက်ခံယူခဲ့ပါတယ်။