Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်​ကောင်စီတပ်၏ ရိက္ခာများတင်​ဆောင်လာ​သော ​ရေယာဥ်များကို မင်းကင်းကာကွယ်​ရေးတပ် တိုက်ခိုက်

စစ်ကောင်စီတပ်သားများ၏ ထိခိုက်သေဆုံးမှုကို သီးခြားအတည်မပြုနိုင်သော်လည်း ထိခိုက်မှုများ ရှိနိုင်လိမ့်ဟု ထုတ်ပြန်ချက်၌ပါရှိသည်။

People's Spring
People's Spring

စစ်ကောင်စီတပ်၏ ရိက္ခာများတင်ဆောင်လာသော ကုန်အမြန်ရေယာဉ်မော်တော်နှစ်စီးနှင့် စက်သေနတ်တပ်ဆင်ထားသည့် Speed Boat တစ်စီးတို့အား ချင်းတွင်းမြစ်ရိုးအောက်၌ တိုက်ခိုက်ခဲ့ကြောင်း မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြစ်ရိုးအောက်ဒေသ)က ယနေ့(နိုဝင်ဘာ ၂၃ ရက်) ထုတ်ပြန်သည်။

ယနေ့ နေ့လည် ၁ နာရီမှစတက်၍ ၂ နာရီခန့်အထိ တိုက်ပွဲဖြစ်ပွားခဲ့ကာ ပြည်သူ့တပ်ဖွဲ့များက လက်နက် ကြီး၊ လက်နယ်ငယ်များဖြင့် တရစပ်တိုက်ခိုက်ခဲ့ရာ စစ်ကောင် စီ၏ ကုန်အမြန်ရေယာဉ်တစ်စီးနောက်ပိုင်း မီးလောင်ကျွမ်း ပျက်ဆီးခဲ့သည်။

ထိုရေယာဥ်မှာမောင်းမရတော့သည့်အတွက် အခြား ပါလာသည့် ကုန်တင်အမြန်ရေယာဉ်ဖြင့် ဆွဲငင်သွားခဲ့ရကြောင်းမင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြစ်ရိုးအောက်ဒေသ)က ဆိုသည်။

စစ်ကောင်စီတပ်သားများ၏ ထိခိုက်သေဆုံးမှုကို သီးခြားအတည်မပြုနိုင်သော်လည်း ထိခိုက်မှုများ ရှိနိုင်လိမ့်ဟု ထုတ်ပြန်ချက်၌ပါရှိသည်။

Public Service Announcement

Public Service Announcement

မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြစ်ရိုးအောက်ဒေသ)မှ တပ်သားများအနေဖြင့် ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။