Connect with us

Hi, what are you looking for?

သတင်း

ကျောက်မဲနဲ့နောင်ချို နေရာ ၅ ခုမှာ တိုက်ပွဲဖြစ်နေ

ကျောက်မဲနဲ့နောင်ချိုမြို့နယ်အတွင်း နေရာ၅ခုမှာ တိုက်ပွဲဖြစ်ပွားနေပြီး ကျောက်မဲမြို့နယ်လုံဝယ်ကျေးရွာကို စစ်ကောင်စီက အဆိပ်ငွေ့ဗုံးအပါအဝင် ဗုံးအလုံး၃၀ကျော်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLAကဒီ‌ကနေ့ညမှာသတင်းထုတ်ပြန်ပါတယ်။

စစ်တပ်က အဆိပ်​ငွေ့ဗုံးကြဲချစဥ်။ဓါတ်ပုံ-TNLA

■စစ်ကောင်စီကအဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်

စက်တင်ဘာ-၂၈၊၂၀၂၅။လူအေး/People’s Spring

ကျောက်မဲနဲ့နောင်ချိုမြို့နယ်အတွင်း နေရာ၅ခုမှာ တိုက်ပွဲဖြစ်ပွားနေပြီး ကျောက်မဲမြို့နယ်လုံဝယ်ကျေးရွာကို စစ်ကောင်စီက အဆိပ်ငွေ့ဗုံးအပါအဝင် ဗုံးအလုံး၃၀ကျော်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLAကဒီ‌ကနေ့ညမှာသတင်းထုတ်ပြန်ပါတယ်။

ကျောက်မဲမြို့နယ်မှ လုံဝယ်၊တောင်ဆေးလိပ်၊ စခန်းသာကျေးရွာ၊နောင်ချိုမြို့နယ်မှဆိပ်ဖူးကျေးရွာ၊ ဘန်ကာချောင်းအနီးတို့မှာ တိုက်ပွဲတွေဖြစ်နေတာလို့ဆိုပါတယ်။

Public Service Announcement

Public Service Announcement

လုံဝယ်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံး (၃၀)လုံး နှင့် အဆိပ်ငွေ့ဗုံး(၃)လုံး ကြဲချတိုက်ခိုက်ပြီး နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ​ဖော်ပြပါတယ်။

အဆိပ်ငွေ့ဗုံးကြောင့်TNLAတပ်ဖွဲ့ဝင်တွေမူးဝေအော့အန်ပြီး မအီမသာဖြစ်တာတွေ၊ ၊ မောပြီး အသက်ရှူမြန်ဆန်တဲ့လက္ခဏာတွေဖြစ်ခဲ့တယ်လို့ဆိုပါတယ်။

ကျောက်မဲမြို့ကို TNLA က ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ၂၀၂၄ ခုနှစ်သြဂုတ်လမှာ သိမ်းယူခဲ့တာပါ။

ပြီးခဲ့တဲ့ဇူလိုင်လမှာ နောင်ချိုမြို့ကိုပြန်လည်သိမ်းယူပြီးတဲ့နောက် သြဂုတ်လ၁၉ရက်နေ့ကစပြီး ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်ကို စစ်တပ်စစ်ကြောင်းဝင်ရောက်လာပြီးနောက် TNLA၊PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတိုက်ပွဲစတင်ဖြစ်ခဲ့တာပါ။ဒီနေ့အထိတိုက်ပွဲတွေဆက်လက်ပြင်း

ထန်နေပြီး စစ်ကောင်စီက လေကြောင်းကနေ ဗုံးအဆက်မပြတ်ကြဲကာမြေပြင်စစ်ကြောင်းတွေရှေ့ကိုတိုးလာတာလို့ သိရပါတယ်။

စက်တင်ဘာလ၂၇ရက်နေ့ကလည်း ကျောက်မဲမြို့ ပန်သပြေရွာက ဘုန်းကြီးကျောင်းဆောင်နဲ့ ဓမ္မာရုံ‌တွေကို စစ်ကောင်စီကနေကျောင်းကနေဗုံးကြဲလို့ အဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။ လေကြောင်းအန္တရာယ်၊လက်နက်ကြီးအန္တရာယ်နဲ့ စစ်ရေးအခြေအနေတွေကိုသတိပြုဖို့ TNLAကသတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ နဲ့ နောင်ချိုမြို့ကနေ ဆုတ်ခွားပေးလိုက်ရတဲ့အပေါ် သင်ခန်းစာတွေရယူပြီး လိုအပ်တဲ့ပြင်ဆင်မှုနဲ့ အားသာချက်၊အားနည်းချက်တွေကို ပြန်လည်သုံးသပ်ပြီး ဆောင်ရွက်သွားဖို့ ရှိတယ်လို့ တအာင်းတပ်မတော်(TNLA)ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက လူထုနွေဦးကို ပြောကြားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ကျောက်မဲမြို့ကနေ ဆုတ်ခွာပေးလိုက်ရပြီး လူအင်အားနဲ့ လက်နက်ခဲယမ်း မမျှတတာကြောင့် ဆက်လက်ခုခံဖို့ ခက်ခဲနေတာကြောင့် ခေတ္တဆုတ်ပေးလိုက်ရတာလို့ တအာင်းတပ်မတော်(TNLA)က ပြောကြားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်ထဲမှာစစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော်(TNLA)တို့ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ရှောင်နေရတဲ့ ကျေးရွာ အရေအတွက် ၃၀ ကျော် ထိ ရှိလာတယ်လို့ ကျောက်မဲမြို့အခြေစိုက်လူမှုကူညီရေးအဖွဲ့တွေထံကနေ သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်မှုတွေရှိနေတယ်လို့ တအာင်းတပ်မတော်(TNLA)ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက လူထုနွေဦးကို ပြောပါတယ်။