Connect with us

Hi, what are you looking for?

News

မင်းတပ်-မတူပီလမ်းတွင် စစ်ကောင်စီတပ်ကနင်းမိုင်းများ ထောင်ထား၍ ဂရုပြုသွားလာရန်သတိပေး

မင်းတပ်မြို့နယ်အတွင်း မပေါက်ကွဲဘဲကျန်နေသော လက်နက်ကြီး အမြောက်ဆံအမျိုးမျိုး၊ မော်တာကျည်အမျိုးမျိုး ကျေးရွာတောတောင်များတွင် ကျန်ရှိနေသေးကြောင်း အသိပေးခဲ့ပြီး မိုင်းအန္တရာယ်မှ ကာကွယ်ရန် လိုက်နာရှောင်ကြဉ်ရမည့်အချက်များကို ထုတ်ပြန်ခဲ့သည်။

ချင်းပြည်နယ် မင်းတပ် – မတူပီလမ်း တလျှောက်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ထောင်ထားခဲ့သော နင်းမိုင်းများကြောင့် ပြည်သူများထိခိုက်မှုရှိနေ၍ သတိပြု သွားလာနေထိုင် ကြရန် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးသတင်းအဖွဲ့က ယမန်နေ့ညပိုင်းတွင် ထုတ်ပြန်သည်။

နိုဝင်ဘာ ၂၁ရက်ကမင်းတပ်-မတူပီလမ်း ၁၄ မိုင်လမ်းခွဲတွင် စစ်ကောင်စီထောင်ထားသည့် မိုင်းကို ဆိုင်ကယ်ဖြင့်တက်နင်းမိ၍ ပေါက်ကွဲပြီး ဆိုင်ကယ်စီးပြည်သူ ၂ဦး အနည်းငယ်ထိခိုက်ခဲ့သည်ဟု ဆိုသည်။

မင်းတပ်မြို့နယ်အတွင်း မပေါက်ကွဲဘဲကျန်နေသော လက်နက်ကြီး အမြောက်ဆံအမျိုးမျိုး၊ မော်တာကျည်အမျိုးမျိုး ကျေးရွာတောတောင်များတွင် ကျန်ရှိနေသေးကြောင်း အသိပေးခဲ့ပြီး မိုင်းအန္တရာယ်မှ ကာကွယ်ရန် လိုက်နာရှောင်ကြဉ်ရမည့်အချက်များကို ထုတ်ပြန်ခဲ့သည်။

မြေပြင်ပေါ်တွင် တွေ့ရှိနေသည့် ပေါက်ကွဲစေတတ်သော စစ်လက်နက်ပစ္စည်းအကြွင်းအကျန်များသည် အချိန်မရွေးပေါက်ကွဲနိုင်ကြောင်း၊ ထိုအရာဝတ္ထုပစ္စည်းများအား ကိုင်တွယ်ခြင်း သို့မဟုတ် စုဆောင်းခြင်း မပြုလုပ်ရန်၊ ထိုအရာဝတ္ထုပစ္စည်းများအား နေရာရွှေ့ခြင်း သို့မဟုတ် တစ်စုံတစ်ရာဖြင့်ပစ်ပေါက်ခြင်း မပြုလုပ်ရန်နှင့် ထိုအရာဝတ္ထုပစ္စည်းများအနီးသို့ သွားရောက်ခြင်း မပြုရန်သတိ့​ပေးထားသည်။

Public Service Announcement

Public Service Announcement

ဖြစ်နိုင်ပါကသင့်တော်သည့်အကွာအဝေးတွင်သတိပေးအမှတ်အသားပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာပြည်သူ့အုပ်ချုပ်‌ရေး တာဝန်ရှိသူများထံသို့ ချက်ခြင်းသွားရောက်အကြောင်းကြားရန်လည်း မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးသတင်းအဖွဲ့ကအကြံပြုတိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့နယ်အရှေ့ခြမ်း တနေရာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန် ၁၇ရက် မနက်မှာ လေယာဉ်နဲ့ ဗုံးအလုံး ၇၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို ကာကွယ်နေကြတဲ့ ရဲဘော်တွေကို အဖက်ဖက်မှ ကူညီပံ့ပိုးပေးဖို့ လိုအပ်နေကြောင်း ကြားကာလမင်းတပ် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးလိုက်ပြီး မင်းတပ်မြို့နယ်အတွက် ကူညီပံ့ပိုးလိုပါက ဆက်သွယ်နိုင်ကြောင်း ကြားကာလမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။