Connect with us

Hi, what are you looking for?

News

မင်းတပ်-မတူပီလမ်းတွင် စစ်ကောင်စီတပ်ကနင်းမိုင်းများ ထောင်ထား၍ ဂရုပြုသွားလာရန်သတိပေး

မင်းတပ်မြို့နယ်အတွင်း မပေါက်ကွဲဘဲကျန်နေသော လက်နက်ကြီး အမြောက်ဆံအမျိုးမျိုး၊ မော်တာကျည်အမျိုးမျိုး ကျေးရွာတောတောင်များတွင် ကျန်ရှိနေသေးကြောင်း အသိပေးခဲ့ပြီး မိုင်းအန္တရာယ်မှ ကာကွယ်ရန် လိုက်နာရှောင်ကြဉ်ရမည့်အချက်များကို ထုတ်ပြန်ခဲ့သည်။

ချင်းပြည်နယ် မင်းတပ် – မတူပီလမ်း တလျှောက်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ထောင်ထားခဲ့သော နင်းမိုင်းများကြောင့် ပြည်သူများထိခိုက်မှုရှိနေ၍ သတိပြု သွားလာနေထိုင် ကြရန် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးသတင်းအဖွဲ့က ယမန်နေ့ညပိုင်းတွင် ထုတ်ပြန်သည်။

နိုဝင်ဘာ ၂၁ရက်ကမင်းတပ်-မတူပီလမ်း ၁၄ မိုင်လမ်းခွဲတွင် စစ်ကောင်စီထောင်ထားသည့် မိုင်းကို ဆိုင်ကယ်ဖြင့်တက်နင်းမိ၍ ပေါက်ကွဲပြီး ဆိုင်ကယ်စီးပြည်သူ ၂ဦး အနည်းငယ်ထိခိုက်ခဲ့သည်ဟု ဆိုသည်။

မင်းတပ်မြို့နယ်အတွင်း မပေါက်ကွဲဘဲကျန်နေသော လက်နက်ကြီး အမြောက်ဆံအမျိုးမျိုး၊ မော်တာကျည်အမျိုးမျိုး ကျေးရွာတောတောင်များတွင် ကျန်ရှိနေသေးကြောင်း အသိပေးခဲ့ပြီး မိုင်းအန္တရာယ်မှ ကာကွယ်ရန် လိုက်နာရှောင်ကြဉ်ရမည့်အချက်များကို ထုတ်ပြန်ခဲ့သည်။

မြေပြင်ပေါ်တွင် တွေ့ရှိနေသည့် ပေါက်ကွဲစေတတ်သော စစ်လက်နက်ပစ္စည်းအကြွင်းအကျန်များသည် အချိန်မရွေးပေါက်ကွဲနိုင်ကြောင်း၊ ထိုအရာဝတ္ထုပစ္စည်းများအား ကိုင်တွယ်ခြင်း သို့မဟုတ် စုဆောင်းခြင်း မပြုလုပ်ရန်၊ ထိုအရာဝတ္ထုပစ္စည်းများအား နေရာရွှေ့ခြင်း သို့မဟုတ် တစ်စုံတစ်ရာဖြင့်ပစ်ပေါက်ခြင်း မပြုလုပ်ရန်နှင့် ထိုအရာဝတ္ထုပစ္စည်းများအနီးသို့ သွားရောက်ခြင်း မပြုရန်သတိ့​ပေးထားသည်။

Public Service Announcement

Public Service Announcement

ဖြစ်နိုင်ပါကသင့်တော်သည့်အကွာအဝေးတွင်သတိပေးအမှတ်အသားပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာပြည်သူ့အုပ်ချုပ်‌ရေး တာဝန်ရှိသူများထံသို့ ချက်ခြင်းသွားရောက်အကြောင်းကြားရန်လည်း မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးသတင်းအဖွဲ့ကအကြံပြုတိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၌ မူးယစ်ဂိုဒေါင်ဖမ်းဆီးရမိမှုတွင် အာရက္ခတပ်တော်(AA)၏ စီးပွားရေးတာဝန်ခံက စီမံနေကြောင်း စစ်ကောင်စီထုတ်ပြန်ချက်မှာ စစ်ရေးအရ အရေးနိမ့်နေသောအချိန်များတွင် စစ်အစိုးရအဆက်ဆက်လုပ်နေကျအကျင့်နှင့် လုပ်လေ့လုပ်ထရှိသော နိုင်ငံရေးယုတ်မာမှုဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က ယနေ့(မတ်လ ၂၀ရက်)တွင် ထုတ်ပြန်သည်။

သတင်း

“ကျနော်တို့ဆီမှာ တင်မောင်ဝင်းဆိုတဲ့နာမည်မရှိသလိုကြားလည်းမကြားဖူးပါ” ၀တပ်ဆက်ဆံရေးရုံးတာဝန်ရှိသူပြော

သတင်း

မတ်-၁၉၊ ၂၀၂၅။ ရှိန်း/People’s Spring စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ဓားပြတိုက်မှုနဲ့ ဖမ်းဆီးလာတဲ့ တရားခံတစ်ဦး ကားတံခါးဖွင့် ပြေးကာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းသွားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ တပတ်ခန့်က ခင်ဦးမြို့၊ မြကန်သာရပ်ကွက်ရှိ သစ်၊ ဝါးရောင်းဝယ်ရေး လုပ်ကိုင်သူ လင်မယားနှစ်ဦးရဲ့ နေအိမ်ကို...

သတင်း

ပေါ်တာဆွဲခံရပြီးနောက် ညောင်ကျိုးစခန်းရှေ့တန်းပို့ခံရသည့် စစ်မှုထမ်းအပတ်စဥ်(၆) သင်တန်းဆင်းတပ်သားသစ်တစ်ဦး အလင်းဝင်လာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃၈၀၂)၊ တပ်ခွဲ(၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက အသိပေးသည်။

Facebook