Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က နမ္မတူမြို့ကိုတစ်ပါတ်အတွင်း သုံးကြိမ်​မြောက်ဗုံးကြဲ

သတင်းကျွတ်လပြည့်ကျော်၁ရက်နေ့(အောက်တိုဘာလ ၇ရက်)မနက်အစောပိုင်းမှာ စစ်ကောင်စီကနမ္မတူမြို့ကို လေကြောင်းကနေဗုံးထပ်ကြဲခဲ့ပြန်ပါတယ်။

​အောက်တိုဘာ ၆ ရက်​​နေ့မှာ စစ်တပ်က နမ္မတူမြို့ကိုဗုံးကြဲမှု​ကြောင့်အပျက်အစီး​တွေကို ​တွေ့ရစဥ်။ ဓါတ်ပုံ-TNLA

​အောက်တိုဘာ-၇၊၂၀၂၅။လူအေး/People’s Spring

သတင်းကျွတ်လပြည့်ကျော်၁ရက်နေ့(အောက်တိုဘာလ ၇ရက်)မနက်အစောပိုင်းမှာ စစ်ကောင်စီကနမ္မတူမြို့ကို လေကြောင်းကနေဗုံးထပ်ကြဲခဲ့ပြန်ပါတယ်။

ယ​နေ့ မနက် ၆နာရီ ၃၃ မိနစ်မှာ နမ္မတူမြို့ပေါ် ရပ်ကွက်(၈)ကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားတာလို့ ဒေသခံတချို့ကပြောပါတယ်။

တံတားဦးလေတပ်က တက်သွားတဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားတာလို့ လေကြောင်းအန္တရာယ်စောင့်ကြည့်ရေးလူမှုကွန်ရက်စာမျက်နှာဖြစ်တဲ့ Wai Hin(ဝေဟင်)က အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ဗုံးကြဲတိုက်ခိုက်မှုကြောင့်ထိခိုက်မှုအခြေအနေကို ထုတ်ပြန်အသိပေးသွားမယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

နမ္မတူမြို့ကိုသီတင်းကျွတ်လပြည့် (​အောက်တိုဘာ ၆မနက်ပိုင်းကလည်း စစ်ကောင်စီက ဗုံးကြဲခဲ့ပါတယ်။ နမ္မတူမြို့ မြို့မစျေးရပ် ရပ်ကွက်(၂)ကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခြင်းဖြစ်ပြီး နေအိမ်ခြောက်လုံးပျက်စီးခဲ့တယ်လို့ TNLAက ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီကအောက်တိုဘာလ၁ရက်နေ့မှာ ကျောက်မဲမြို့ကိုပြန်လည်ထိန်းချုပ်ပြီးတဲ့နောက် TNLA ထိန်းချုပ်မြို့နယ်တွေဖြစ်တဲ့ နမ္မတူ၊ မန်တုံ၊သီပေါ၊ မိုးကုတ်၊ ကျောက်မဲမြို့တွေကို ဗုံးမကြာခဏကြဲတိုက်ခိုက်နေတာဖြစ်ပါတယ်။

ဒါအပြင် ​အောက်တိုဘာ ၂ ရက်​နေ့မှာလည်းစစ်တပ်က နမ္မတူမြို့ကို ဗုံးကြဲခဲ့တဲ့အတွက် ပြည်သူ ၄ ဦး​သေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့ပါတယ် ။ဒါ​ကြောင့် စစ်​ကောင်စီက နမ္မတူမြို့ကို တစ်ပါတ်အတွင်း အနည်းဆုံး ဗုံးသုံးကြိမ်ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပါယ်။စစ်တပ်ဗုံးကြဲတဲ့​နေရာ​တွေဟာ ပြည်သူ​တွေ​နေထိုင်တဲ့ ရပ်ကွက်​တွေထဲကိုချည်းဖြစ်​နေပါတယ် ။

သတင်းကျွတ်လပြည့်နေ့နဲ့ သတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ နေ့ထူးနေ့မြတ်အဖြစ် ဘုရားမီးပူ‌ဇော်တဲ့ နေ့ရက်တွေဖြစ်ပါတယ်။ အဲ့ဒီလိုနေ့ရက်တွေမှာ စစ်ကောင်စီက ဗုံးကြဲနေတာဖြစ်ပါတယ်။

ဒါအပြင် သီတင်းကျွတ်လပြည့်ညကလည်း စစ်ကိုင်းတိုင်း၊ မုံရွာနဲ့ချောင်းဦးမြို့နယ်စပ်မှာ ဆီမီးထွန်းနေတဲ့အရပ်သားပြည်သူတွေကို စစ်ကောင်စီကဗုံးကြဲလို့​သေဆုံးဒဏ်ရာရသူ ၅၀ ခန့်ရှိခဲ့ပါတယ် ။ညပိုင်းအထိ့ ရုပ်အ​လောင်းအနည်းဆုံး ၁၃ ထက်မနည်း​တွေ့ရှိထားပြီး ​သေဆုံးဒဏ်ရာရသူ​အ​ရေအတွက်ကို ​ရေတွက်​နေရဆဲဖြစ်ပါတယ်။

စစ်ကောင်စီက မြန်မာနိုင်ငံဒေသအနှံ့မှာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီးဗုံးကြဲနေလို့ လုံခြုံရေးအန္တရာယ်အထူးသတိပြုကြဖို့ ​တော်လှန်​ရေးတပ်ဖွဲ့​တွေက သတိ​ပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို အာဏာသိမ်းစစ်တပ်က ဇွန်လ ၁၉ရက်ည သန်းခေါင်လောက်မှာ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၆ဦးသေဆုံးကာ ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်