Connect with us

Hi, what are you looking for?

သတင်း

မဲမသမာမှုစွပ်စွဲချက်နဲ့ အာဏာသိမ်းတဲ့စစ်ကောင်စီရဲ့ မဲစာရင်းမှားနေ

မဲမသမာမှုစွပ်စွဲချက် နဲ့ အကြောင်းပြ အာဏာသိမ်းတဲ့ စစ်ကောင်စီ ကကျင်းပမယ့် ရွေးကောက်ပွဲမှာ အသုံးပြုမယ့် မဲစာရင်းဟာ စစ်ရုံးချုပ်အခြေစိုက်ရာ နေပြည်တော်က မဲစာရင်းမှာတင်အမှားအယွင်းများနေပါတယ်။

ဓာတ်ပုံ - USDP

အောက်တိုဘာ – ၇ ၊၂၀၂၅

မဲမသမာမှုစွပ်စွဲချက် နဲ့ အကြောင်းပြ အာဏာသိမ်းတဲ့ စစ်ကောင်စီ ကကျင်းပမယ့် ရွေးကောက်ပွဲမှာ အသုံးပြုမယ့် မဲစာရင်းဟာ စစ်ရုံးချုပ်အခြေစိုက်ရာ နေပြည်တော်က မဲစာရင်းမှာတင်အမှားအယွင်းများနေပါတယ်။

စစ်ကောင်စီရဲ့ မဲစာရင်းမှားယွင်းနေတာကို စစ်တပ်ကျောထောက်နောက်ခံပါတီဖြစ်တဲ့ ကြံခိုင်ရေးပါတီရဲ့ နေပြည်တော် နယ်မြေ ဥက္ကဋ္ဌ ဦးလှဆွေက အောက်တိုဘာလ ၅ ရက် မှာ ဖွင့်ချတာပါ။

နေပြည်တော် ၊ ပုဗ္ဗသီရိမြို့နယ်၊ မင်္ဂလာဒီပ ရပ်ကွက် ရဲ့ မဲစာရင်းဆိုရင် သေတဲ့သူတွေ ပါဝင်နေတာ ၊လက်ရှိနေထိုင်နေတဲ့ သူတွေ မပါဝင်ကြဘူးလို့ စစ်တပ်အရာရှိဟောင်းလည်းဖြစ် ၊ ကြံခိုင်ရေးပါတီရဲ့ အမတ်ဟောင်းလည်းဖြစ်သူ ဦးလှဆွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

” မဲစာရင်းတွေက တော်တော်ကို မှားနေတယ်၊ တော်တော်ကိုပြန်ပြင်ရမယ်” လို့ အာဏာသိမ်းစစ်တပ်ကို အားပေးထောက်ခံသူ ဦးလှဆွေက ပြောထားပါတယ်။

ဓာတ်ပုံ – MOI

မဲစာရင်းမှာ လူ ၅၀၀ ရှိရင် ၃၀၀ လောက်က မှားယွင်းနေတယ်လို့ ဦးလှဆွေက လူမှုကွန်ရက်မှာ ရုပ်သံနဲ့ ဆိုထားပါတယ်။

စစ်တပ်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ထပ်မံအနိုင်ရတဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲရဲ့ မဲစာရင်း တွေမှာ သေဆုံးသူတွေ ပါဝင်တာ ၊ အသက်မပြည့်သေးသူတွေ ၊ မှတ်ပုံတင်မရှိသူတွေ ၊အမည်ထပ်နေသူတွေ ပါဝင်နေပြီး ဒါဟာ မဲမသမာမှု တွေဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက် နဲ့ ရွေးကောက်ခံအရပ်သားအစိုးရကိုဖြုတ်ချပြီး ၂၀၂၁ ခုနှစ် ၊ဖေဖော်ဝါရီလ ၁ ရက်မှာ အာဏာသိမ်းခဲ့တာပါ။

အဲဒီနောက် ရွေးကောက်ပွဲကော်မရှင်ကိုလည်း အာဏာသိမ်းစစ်ကောင်စီက ပြန်လည်ဖွဲ့စည်းသလို ရွေးကောက်ပွဲအတွက် မဲစာရင်း မှန်ကန်ရေးဆိုတဲ့အကြောင်းပြချက်နဲ့ ၂၀၂၄ ခုနှစ်မှာ သန်းကောင်စာရင်းကောက်ပါတယ်။

သန်းကောင်စာရင်းက ကောက်ယူရရှိတဲ့အချက်အလက်တွေကိုအခြေခံပြီး ရွေးကောက်ပွဲအတွက်မဲစာရင်းပြုစုမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောထားပါတယ်။

လက်ရှိမှာတော့လာမယ့်ဒီဇင်ဘာလ ၂၈ ရက်မှာကျင်းပမယ့် ရွေးကောက် ပွဲအတွက် မဲစာရင်းကို စက်တင်ဘာလ ၃၀ ရက်ကနေ အောက်တိုဘာလ ၁၃ ရက်အထိ ရပ်ကွက် နဲ့ ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ရုံး တွေမှာ နှစ်ပတ်ကြာ ကြေညာထားပေမယ့် လူထုက အားတက်သရော သွားရောက် ကြည့်ရှု့တာမရှိပါဘူး။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က မဲစာရင်းမှန်ကန်ဖို့ဆိုပြီး အိမ်ထောင်စုတစ်စု ကိုတစ်ဦး မဖြစ်မနေ လာရောက်ကြည့်ရှု့ကြဖို့ စက်တင်ဘာလ ၂၉ ရက်ကကြေညာချက်ထုတ်ပြီး ဖိအားပေးထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

အာဏာသိမ်း စစ်တပ်ဆီက အာဏာပြန်သိမ်းမယ့် တပ်တွင်း ပုန်ကန်မှုကို တွန်းလှန်ဖို့ နိုက်ဂျားစစ်တပ်ကို အကူအညီ ပေးခဲ့ကြောင်း ရုရှားကက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အာဏာသိမ်းမယ့် အားထုတ်မှု တစ်ခုကို တွန်းလှန်ပြီး အခြေအနေကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ကြောင်း နိုက်ဂျား အာဏာသိမ်း စစ်တပ်က ပြောပါတယ်။ စစ်တပ်ဟာ ၂၀၂၃ ခုနှစ်တုန်းက ဒီမိုကရေစီ အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းယူထားတာပါ။