Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်ကို စစ်တပ် လေကြောင်းထပ်မံ တိုက်ခိုက်

ချင်းပြည်နယ်၊မင်းတပ်မြို့နယ်ကိုစစ်ကောင်စီတပ်ကဒီနေ့(အောက်တိုဘာ ၈ရက်) ညပိုင်းမှာလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ထပ်မံလုပ်ဆောင်ခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်ကပြောပါတယ်။

အောက်တိုဘာ ၄ရက်က မင်းတပ်မြို့ ဟိုတယ်ဇုန်နေရာကို လေကြောင်းကနေ ဗုံးကြဲအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - CJ

အောက်တိုဘာ-၈၊ ၂၀၂၅။ ထားမြတ်/People’s Spring

ချင်းပြည်နယ်၊မင်းတပ်မြို့နယ်ကိုစစ်ကောင်စီတပ်ကဒီနေ့(အောက်တိုဘာ ၈ရက်) ညပိုင်းမှာလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ထပ်မံလုပ်ဆောင်ခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်ကပြောပါတယ်။

ဒီကနေ့ ည ၇နာရီခန့်မှာမင်းတပ်မြို့နယ်ကကျေးရွာ၂ရွာကိုတိုက်လေယာဉ် ၂စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့်ထိခိုက်မှု၊ ပျက်စီးမှု အခြေအနေတွေ မသိရသေးဘူးလို့ သတင်းရင်းမြစ်က ပြောပါတယ်။ လတ်တလော မင်းတပ်မြို့နယ်မှာ မိုးသည်းထန်စွာ ရွာနေတယ်လို့လည်း သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ အောက်တိုဘာ ၄ရက် မနက် အစောကလည်း မင်းတပ်မြို့က ဟိုတယ်ဇုန်နေရာကို လေကြောင်း ဗုံးကြဲခဲ့လို့ ထိခိုက်ဒဏ်ရာရသူတွေရှိသလို အောက်တိုဘာ ၄ရက် ညသန်းခေါင်မှာပဲ မင်းတပ်မြို့ပေါ်ကို ထပ်မံ ဗုံးကြဲခဲ့လို့ ပြည်သူ ၁ဦးထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

မင်းတပ်မြို့ကိုချင်းဒေသကာကွယ်ရေးတပ်(CDF)- မင်းတပ်ပါဝင်တဲ့ ချင်းညီနောင်နဲ့မဟာမိတ်ပူးပေါင်းတပ်တွေက ၂၀၂၄ ဒီဇင်ဘာမှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး အဲဒီနောက်ပိုင်းစစ်ကောင်စီက မြေပြင်က စစ်ရေးမလှုပ်ရှားနိုင်တဲ့ အခြေအနေမှာ လေကြောင်း ဗုံးကြဲတာတွေ အခါအားလျော်စွာ လုပ်ဆောင်နေပြီး အခု အောက်တိုဘာလဆန်းမှာတော့ လေကြောင်း တိုက်ခိုက်မှု ခပ်စိပ်စိပ်ပြုလုပ်နေတာလည်းဖြစ်ပါတယ်။

စစ်ကောင်စီဟာ မင်းတပ်အပါအဝင် စစ်ရှုံးလက်လွှတ်ထားရတဲ့ မြို့ရွာတွေကို ပစ်မှတ်ထားလေကြောင်းတိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။

ဆက်စပ်သတင်းများ

သတင်း

မင်းတပ်မြို့အနီးဝန်းကို ဖျက်အားပြင်းဗုံးတွေအပါအဝင် ဗုံးအလုံးရေ ၁၀၀ ကျော်နဲ့ ထပ်မံတိုက်ခိုက်

သတင်း

ချင်းပြည်နယ်၊မင်းတပ်မြို့အနီးမှာမြေအနက် ၁၀ ကီလိုမီတာ(၆မိုင်ခန့်)ကို ဗဟိုပြုပြီး ရစ်ခ်တာစကေး၄ ဒဿမ၂ အဆင့်ငလျင်လှုပ်သွားပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်က ကျေးရွာတစ်ရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူလူထု ထိခိုက်မှု၊ နေအိမ်ပျက်စီးမှုတွေရှိခဲ့တယ်လို့ဒေသခံက အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိရာ မနေ့က ဇွန် ၃၀ရက်မနက်ကနေ ဒီကနေ့ ဇူလိုင် ၁ရက် မနက်အထိ ၂၄နာရီအတွင်း လေကြောင်းကနေ ဗုံးအလုံးရေ ၁၀၀ ကျော်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက အသိပေးထားပါတယ်။