Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦး ဆီမီးထွန်းပွဲ ဗုံးကြဲခံရမှု ကလေးငယ် ၄ ဦးအပါအဝင် ၅ ဦး ထပ်မံသေဆုံး၊ သေဆုံးသူ အနည်းဆုံး ၂၈ ဦးရှိလာ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘုံတိုရွာ ဆီမီးထွန်းချိန် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးမှုတွေ ဒီကနေ့ညပိုင်းအထိ ထပ်တိုးနေပြီး ၅ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ဗုံတိုရွာ မူလတန်းကျောင်း။ ဓါတ်ပုံ-ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်တပ်ဖွဲ့၊ ချောင်းဦးမြို့နယ်

အောက်တိုဘာ-၈၊၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘုံတိုရွာ ဆီမီးထွန်းချိန် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးမှုတွေ ဒီကနေ့ညပိုင်းအထိ ထပ်တိုးနေပြီး ၅ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

သီတင်းကျွတ်လပြည့်ညက ချောင်းဦးမြို့နယ်၊ ဘုံတိုရွာမှာ ပြည်သူတွေ ဆီမီးထွန်းချိန် စစ်ကောင်စီတပ်က ပါရာမိုတာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၂၀ ကျော် သေဆုံးခဲ့ပြီး ၄၀ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

​အောက်တိုဘာ ၈ ရက်နေ့မှာလည်း ညပိုင်းအထိ သေဆုံးသူတွေ ထပ်တိုးလာပြီး ကလေး ၄ ဦးအပါအဝင် ပြည်သူ ၅ ဦး ထပ်မံသေဆုံးခဲ့တာ စုစုပေါင်း သေဆုံးသူ ၂၈ ဦးအထိ ရှိလာကြောင်း ဒေသခံ​တွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ဆေးရုံတွေက နေရာအနှံ့ ကုသနေကြရတာရယ်။အတည်ပြုမရကြတာက အခက်အခဲကနှစ်မြို့နယ်အကြား ဖြစ်နေတော့ဖြစ်စဉ်တွေက သနားစရာတွေပါ။ အခုညဆုံးသွားတဲ့ ကလေးကကြောင်အမ်းအမ်းရပ်နေတဲ့ အကိုကို တွန်းလှဲပေးရင်းနဲ့သူ့ကိုထိတာ။လည်​ပင်းကနေ အစထိတာ။ အာခေါင်အသက်ရှုလမ်းကြောင်းထဲ ရောက်သွားတာ။ ငါးရိုးမျက်သလိုခံစားနေရတာတဲ့။ အသက်ရှုကျကြပ်ပြီး ဆုံးသွားရတာနေမှာရယ်”လို့ ချောင်းဦးသပိတ်ဆရာတော်က မိန့်ကြားပါတယ်။

ထိခိုက်သူတွေထဲမှာ ခြေလက်အင်္ဂါဆုံးရှုံးသူတွေလည်း များစွာရှိနေပြီး ဆေးကုသမှုခံယူနေယူ​နေ​ပေမယ့်အကူအညီတွေလည်း လိုအပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူတွေထဲမှာ စစ်ကိုင်းတိုင်းသပိတ်အင်အားစုက ရဲဘော် ၂ ဦး၊ CDM ကျောင်းဆရာတဦးတို့နဲ့ ၎င်းတို့ရဲ့ မိသားစုဝင်တချို့ပါ သေဆုံးခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်​ကျော်လာပါပြီ။သုံးပါတ်​ကျော် ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်း​နေပါတယ် ။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်နဲ့ ကန်ပက်လက် မြို့နယ်တွေနဲ့ မကွေးတိုင်း၊ ဆော-ထီးလင်း ဒေသတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကရခိုင်ပြည်နယ်တောင်ပိုင်းဂွမြို့နယ်၊ ကျိန္တလီမြို့နဲ့ ရေကျော်ကျေးရွာတို့ကို ​တော်သလင်းလပြည့်​နေမှာ ဗုံးကြဲခဲ့တာကြောင့် ​ဒေသခံအရပ်သားပြည်သူ ၃ ဦးဒဏ်ရာ ရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

Facebook