Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

နယ်စပ်မှာ မိုင်းရှင်းမယ့် ထိုင်းစစ်တပ်ကို ကမ္ဘောဒီးယား အရပ်သားတွေ ဆန္ဒပြ၊ တင်းမာမှုတွေ ဖြစ်ပေါ်နေ

နယ်စပ်မှာ မိုင်းရှင်းမယ့် ထိုင်းစစ်သားတွေကို ကမ္ဘောဒီးယား အရပ်သားတွေက ဆန့်ကျင် ဆန္ဒပြပြီး နှစ်ဖက် တင်းမာမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ - Khaosod English

နယ်စပ်မှာ မိုင်းရှင်းမယ့် ထိုင်းစစ်သားတွေကို ကမ္ဘောဒီးယား အရပ်သားတွေက ဆန့်ကျင် ဆန္ဒပြပြီး နှစ်ဖက် တင်းမာမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

ထိုင်းစစ်တပ်က ဆာခေါင်ပြည်နယ်ရဲ့ အစွန်အဖျား ကျေးရွာနှစ်ခုမှာ အောက်တိုဘာ ၁၀ ရက်နေ့ကျရင် မြေမြှုပ်မိုင်း ရှာဖွေ ရှင်းလင်းမှုတွေ လုပ်ဆောင်မယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ မိုင်းရှင်းမှုတွေ ပြီးရင် ကမ္ဘောဒီးယားဖက်က နယ်ကျွံ ဝင်ရောက် နေထိုင်သူတွေကိုလည်း နှင်ထုတ်ဖို့ စီစဉ်ထားကြောင်း သတင်းကြောင့် ကမ္ဘောဒီးယား ပြည်သူ ၁၀၀ ကျော်လောက် စုဝေး ကန့်ကွက်နေတာ ဖြစ်ပါတယ်။

မနက်ပိုင်းကတည်းက ဘန်နွန်ယာကောင်နဲ့ ဘန်နွန်ချန်တို့နား နယ်စပ်မှာ ကမ္ဘောဒီးယား အရပ်သားတွေက စုဝေးပြီး မိုင်းရှင်းမယ့် ကိစ္စကို ဆန့်ကျင် ဆန္ဒပြနေခဲ့တယ်လို့ ထိုင်းစစ်တပ်က Facebookပေါ်မှာ ရေးသားထားပါတယ်။ လူစုလူဝေးထဲမှာတော့ တချို့က ကင်မရာတွေပါ ယူဆောင်လာပြီး ဖြစ်စဉ်ကို မှတ်တမ်းတင်နေတယ်လို့လည်း ဆိုပါတယ်။

ထိုင်းအာဏာပိုင်တွေက ထုတ်ပြန်တဲ့ ဓာတ်ပုံတွေထဲမှာတော့ နယ်စပ်နားက သံဆူးကြိုးခွေတွေနားမှာ ကလေးတွေ၊ အမျိုးသမီးတွေ အပါအဝင် ကမ္ဘောဒီးယား ပြည်သူတွေ စုဝေးနေတာကို တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းစစ်တပ်ရဲ့ အဆိုအရ အဲဒီဧရိယာမှာ မိုင်းရှင်းမှုတွေ ပြီးစီးသွားရင် ထိုင်းကျေးရွာနှစ်ခုဖက် ဝင်ရောက်နေတဲ့ ကျူးကျော် အိမ်ရာတွေကို ဆက်လက် ဖယ်ရှားမယ်လို့ သိရပါတယ်။ ထိုင်းအာဏာပိုင်တွေက ဘန်နွန်ချန်မှာ ကမ္ဘောဒီးယား မိသားစု ၁၃၅ ခုလောက် ကျူးကျော်နေပြီး ဘန်နွန်ယာကောင်မှာတော့ နောက်ထပ် မိသားစု ၃၅ ခုလောက် တရားမဝင် ဝင်ရောက်နေထိုင်နေတယ်လို့ ပြောပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ နယ်စပ် အငြင်းပွားမှုတွေကြောင့် ဇူလိုင်လကုန်ပိုင်းက ၅ ရက်ကြာ စစ်ရေး ပဋိပက္ခ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီနောက်ပိုင်း အပစ်အခတ် ရပ်စဲထားပေမယ့် အောက်တိုဘာ လဆန်းကစပြီး နယ်စပ်မှာ တင်းမာမှုတွေ ပြန်လည် မြင့်တက်လာပြန်ပါတယ်။

ထိုင်းစစ်တပ်က နယ်စပ်မှာ မြေမြှုပ်မိုင်း ရှင်းလင်းဖို့ စီစဉ်နေကြောင်း ကမ္ဘောဒီးယားဖက်ကို အသိပေးခဲ့ပေမယ့် ကမ္ဘောဒီးယားကတော့ ဒီလုပ်ရပ်ဟာ အပစ်ရပ် သဘောတူညီချက်ပါ သတ်မှတ်ချက်တွေကို ချိုးဖောက်ရာ ရောက်တယ်လို့ စွပ်စွဲပြီး ပယ်ချထားပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ အာဏာသိမ်းစစ်တပ်က ခရီးသွားတွေကို မိုင်းဆင်းရှာခိုင်းနေလို့ ပြည်သူတွေ အခက်တွေ့နေကြပါတယ်။

သတင်း

ကရင်နီပြည်ရှေ့တန်းမှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေကို လူသားဒိုင်းသဖွယ်စတေးခံခိုင်းနေပြီး ဒီကနေ့ (ဩဂုတ် ၂၇ ရက်)မှာ မိုင်းရှင်းလင်းခိုင်းစဉ် မိုင်းထိပြီး စစ်မှုထမ်းတပ်သားသစ် ၃ဦးသေခဲ့တယ်လို့ ဖရီးဘားမားရိန်းဂျား (Free Burma Rangers - FBR) တာ၀န်ရှိသူ ကိုအောင်ဇေယျက ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းစစ်တပ်ရဲ့ ကြည်းတပ်ဟာ ဒရုန်းစစ်ဆင်ရေးတွေကို ကွပ်ကဲပေးမယ့် သီးခြား စစ်ဆင်ရေး ယူနစ်တစ်ခု ဖွဲ့စည်းဖို့ ကာကွယ်ရေး ဝန်ကြီးဌာနဆီ တင်ပြ တောင်းဆိုထားကြောင်း သိရပါတယ်။ ဒါ့အပြင် စစ်ဆင်ရေး စွမ်းရည်ကို မြှင့်တင်နိုင်ဖို့အတွက် သံချပ်ကာယာဉ်တွေ၊ လက်နက်ကြီးတွေနဲ့ အတွဲလိုက်ပစ် ဒုံးကျည် စနစ်တွေ ဖြည့်တင်းပေးဖို့လည်း ကြည်းတပ်က...

သတင်း

ထိုင်း - မြန်မာကုန်သွယ်ရေးမှာအရေးပါတဲ့ အာရှလမ်းမကြီးပြန်ဖွင့်မယ်ဆိုတဲ့သတင်းတွေထွက်နေချိန်မှာမြဝတီမှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ ထိုင်းစစ်တပ်အရာရှိတွေ ဒီနေ့ (မတ်လ ၂၅ ရက်)မှာ နယ်ခြားကော်မတီ အစည်းအဝေး ပြုလုပ်တယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။