Connect with us

Hi, what are you looking for?

သတင်း

ထီးခီးရွာကို စစ်ကောင်စီက လေယာဉ်နဲ့ထပ်မံ ဗုံးကြဲ၊ စက်သေနတ်နဲ့ပါ ပစ်ခတ်

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ထားဝယ်မြို့နယ် ထီးခီးကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က ဒီကနေ့ (အောက်တိုဘာ ၁၀ရက်)မနက်မှာ လေကြောင်းတိုက်ခိုက်မှု ထပ်မံ လုပ်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - KNU-MTD

အောက်တိုဘာ-၁၀၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ထားဝယ်မြို့နယ် ထီးခီးကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က ဒီကနေ့ (အောက်တိုဘာ ၁၀ရက်)မနက်မှာ လေကြောင်းတိုက်ခိုက်မှု ထပ်မံ လုပ်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

မယ်သမီခီး ခေါ် ထီးခီးဒေသကို KNU မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)က အခုနှစ် မေလမှာ သိမ်းပိုက်ခဲ့ပြီးနောက် အောက်တိုဘာ ၈ရက်မှာ စစ်ကောင်စီက ထီးခီးရွာကိုလေကြောင်းတိုက်ခိုက်မှု ပထမဆုံးအကြိမ်ပြုလုပ်ခဲ့ပါတယ်။

ဒီကနေ့ မနက် ၈နာရီအချိန်ထိ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ FTC-2000G လေယာဉ်အမျိုးစားနဲ့ (၂)ကြိမ်ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တိုက်လေယာဉ်ပါ အော်လီဂန်းစက်လက်နက်နဲ့ (၂)ကြိမ် ပစ်ခက်တိုက်ခိုက်ခဲ့တယ်လို့ KNU က အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့် ပြည်သူလူထုပိုင် ပစ္စည်းဥစ္စာတွေ ထိခိုက်ပျက်စီးဆုံးရှိခဲ့ပေမယ့် လူထိခိုက်မှုရှိမရှိ အခြေအနေ ဖော်ပြမထားပါဘူး။

ဒေသခံတွေကတော့ စစ်ကောင်စီတပ် လေကြောင်း တိုက်ခိုက်ခဲ့တဲ့နေ့ကစပြီး မြန်မာ-ထိုင်းနယ်စပ်ကို စစ်ရှောင်နေကြရတယ်လို့ KNLA တပ်မဟာ (၄) သတင်းရင်းမြစ်က ပြောပါတယ်။

KNU မြိတ်ထားဝယ်ခရိုင်ရဲ့ အောက်တိုဘာ ၈ရက် ထုတ်ပြန်ချက်အရ ဒေသခံ ၃၅၀ ကျော် ဘေးလွတ်ရာ တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ အာဏာဆက်လက်တည်မြဲနိုင်ဖို့ နဲ့ ရွေးကောက်ပွဲ အတင်းအဓမ္မ လုပ်နိုင်ဖို့ ကြိုးပမ်းနေသလို ဆုံးရှုံးထားတဲ့ နယ်မြေတွေက ဒေသခံပြည်သူတွေ အကြောက်တရား ဖြစ်ပေါ်စေဖို့ ရည်ရွယ်ချက်ရှိရှိ လေကြောင်း တိုက်ခိုင်နေတာဖြစ်ကြောင်းလည်း KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာက နေအိမ် ၁၀လုံး ထက်မနည်းပျက်စီးခဲ့ပြီး နွား၁၅ ကောင်ခန့် သေဆုံးခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင် ဘောသို့ထကျေးရွာကို အာဏာသိမ်းစစ်တပ်က လေယာဉ် ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရတာ၊နေအိမ်ပျက်စီးတာတွေရှိခဲ့ကြောင်း ကချင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။