Connect with us

Hi, what are you looking for?

News

မိုးညှင်းမြို့နယ်ရှိ KIA တပ်ရင်း(၂၆)နယ်မြေကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲ

KIA တပ်ရင်း(၆)နယ်မြေ ဖားကန့်ဒေသ၌ နိုဝင်ဘာ ၁၃ ရက်မှ ၁၆ရက်အတွင်း တိုက်ပွဲများ နေ့စဥ်ဖြစ်ပွားစဉ်ကလည်း စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည်။

(ပုံအ​ဟောင်းကို အသုံးပြုထားပါသည်)

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အတွင်းရှိ ကချင်လက် နက်ကိုင်အဖွဲ့(KIA) တပ်ရင်း (၂၆)နယ်မြေကို အာဏာ သိမ်းစစ်ကောင်စီတပ်က စစ်လေယာဉ်ဖြင့် ဗုံးပစ်ချ တိုက်ခိုက်ခဲ့ဟု KIA သတင်းနှင့်ပြန်ကြားရေးဌာန Kachin Burmese က သတင်းဖော်ပြသည်။

KIA တပ်မဟာ(၉)၊ တပ်ရင်း(၂၆)နယ်မြေ NawngLut ဒေသတွင်ယနေ့ နိုဝင်ဘာလ(၂၅) ရက် နံနက် ၁နာရီ နှင့် ၂နာရီ ခွဲအချိန်တွင် အာဏာသိမ်းစစ်ကောင်စီတပ်မှ စစ်လေယာဉ်နှင့် ဗုံးပစ်ချတိုက်ခိုက် ခဲ့သည်ဟု ဖော်ပြထားသည်။

အဆိုပါဒေသ၌ KIA နှင့် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီက စစ်လေယာဉ်နှစ်စီး ဖြင့် (၅)ကြိမ်ခန့် ဗုံးပစ်ချခဲ့ကြောင်း၊ KIA ဘက်မှ ထိခိုက်မှုမရှိကြောင်း ကေအိုင်အေဘက်မှ ထိခိုက်ခြင်းမရှိကြောင်း Kachin Burmese က ရေးသားထားသည်။

KIA တပ်ရင်း(၆)နယ်မြေ ဖားကန့်ဒေသ၌ နိုဝင်ဘာ ၁၃ ရက်မှ ၁၆ရက်အတွင်း တိုက်ပွဲများ နေ့စဥ်ဖြစ်ပွားစဉ်ကလည်း စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ရက္ခိုင်ဒေသ စစ်တပ် လေကြောင်းတိုက်ခိုက်မှုများကြောင့် ၂ပတ်အတွင်း အရပ်သား ၇ ဦးသေ၊ ၃၀ ဦးနီးပါး ဒဏ်ရာရ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။