Connect with us

Hi, what are you looking for?

LuduNwayOo

News

မိုးညှင်းမြို့နယ်ရှိ KIA တပ်ရင်း(၂၆)နယ်မြေကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲ

KIA တပ်ရင်း(၆)နယ်မြေ ဖားကန့်ဒေသ၌ နိုဝင်ဘာ ၁၃ ရက်မှ ၁၆ရက်အတွင်း တိုက်ပွဲများ နေ့စဥ်ဖြစ်ပွားစဉ်ကလည်း စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည်။

(ပုံအ​ဟောင်းကို အသုံးပြုထားပါသည်)

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အတွင်းရှိ ကချင်လက် နက်ကိုင်အဖွဲ့(KIA) တပ်ရင်း (၂၆)နယ်မြေကို အာဏာ သိမ်းစစ်ကောင်စီတပ်က စစ်လေယာဉ်ဖြင့် ဗုံးပစ်ချ တိုက်ခိုက်ခဲ့ဟု KIA သတင်းနှင့်ပြန်ကြားရေးဌာန Kachin Burmese က သတင်းဖော်ပြသည်။

KIA တပ်မဟာ(၉)၊ တပ်ရင်း(၂၆)နယ်မြေ NawngLut ဒေသတွင်ယနေ့ နိုဝင်ဘာလ(၂၅) ရက် နံနက် ၁နာရီ နှင့် ၂နာရီ ခွဲအချိန်တွင် အာဏာသိမ်းစစ်ကောင်စီတပ်မှ စစ်လေယာဉ်နှင့် ဗုံးပစ်ချတိုက်ခိုက် ခဲ့သည်ဟု ဖော်ပြထားသည်။

အဆိုပါဒေသ၌ KIA နှင့် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီက စစ်လေယာဉ်နှစ်စီး ဖြင့် (၅)ကြိမ်ခန့် ဗုံးပစ်ချခဲ့ကြောင်း၊ KIA ဘက်မှ ထိခိုက်မှုမရှိကြောင်း ကေအိုင်အေဘက်မှ ထိခိုက်ခြင်းမရှိကြောင်း Kachin Burmese က ရေးသားထားသည်။

KIA တပ်ရင်း(၆)နယ်မြေ ဖားကန့်ဒေသ၌ နိုဝင်ဘာ ၁၃ ရက်မှ ၁၆ရက်အတွင်း တိုက်ပွဲများ နေ့စဥ်ဖြစ်ပွားစဉ်ကလည်း စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

သတင်း

စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။