Connect with us

Hi, what are you looking for?

သတင်း

မိုးမိတ်မြို့ကို စစ်ကောင်စီ ဗုံးထပ်ကြဲ

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ဒေသဖြစ်တဲ့ မိုးမိတ်မြို့ကို ဒီနေ့အောက်တိုဘာ ၁၆ရက် ညနေပိုင်းမှာ စစ်ကောင်စီက လေယာဉ်နဲ့ ထပ်မံ ဗုံးကြဲသွားပါတယ်။

မိုးမိတ်မြို့ကို အောက်တိုဘာ ၉ရက်က စစ်ကောင်စီလေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - TNLA

အောက်တိုဘာ-၁၆၊၂၀၂၅။အိမ်သွင်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ဒေသဖြစ်တဲ့ မိုးမိတ်မြို့ကို ဒီနေ့အောက်တိုဘာ ၁၆ရက် ညနေပိုင်းမှာ စစ်ကောင်စီက လေယာဉ်နဲ့ ထပ်မံ ဗုံးကြဲသွားပါတယ်။

မိုးမိတ်မြို့၊ တောင်ပိုင်းရပ်ကွက်ထဲကို ည ၆ နာရီ ၂၀ မိနစ်မှာ ပေါင် ၅၀၀ ဗုံးတစ်လုံးနဲ့ ပေါင် ၂၅၀ ဗုံးတစ်လုံး ကြဲချသွားတာလို့ ရှမ်းမြောက်သတင်းရင်းမြစ်က ပြောပါတယ်။

နေအိမ်တချို့ပျက်စီးခဲ့ပြီး ဒေသခံတစ်ဦးဒဏ်ရာအနည်းငယ်ရခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

မိုးမိတ်မြို့၊ ဝဲဘောင်ရွာနဲ့ အောင်မြေရွာကိုလည်း အောက်တိုဘာ ၉ရက်နဲ့ ၁၀ရက်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ကလေးနှစ်ဦးအပါအဝင် အရပ်သား ရှစ်ဦး သေဆုံးခဲ့ပါတယ်။

TNLAဟာ ၂၀၂၃ အောက်တိုဘာလ၂၇ရက်ကစတင်တဲ့ ၁၀၂၇ စစ်ဆေးတွေနဲ့အတူ ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲမြို့၊ သီပေါ၊နမ့်ဆန်၊ မိုင်းလုံ၊ မိုးမိတ်၊ မန်တုံ၊နမ္မတူ၊ ကွတ်ခိုင်၊ နောင်ချို၊နမ့်ခမ်း၊မိုင်းငေါ့မြို့နဲ့ မန္တလေးတိုင်းက မိုးကုတ်မြို့ကိုသိမ်းယူခဲ့တာပါ။ ၂၀၂၅ နှစ်လယ်ပိုင်းမှာ စစ်ကောင်စီကပြန်ပြီးစစ်ကြောင်းထိုးလို့ ပြီးခဲ့တဲ့ဇူလိုင်မှာ နောင်ချိုမြို့ကို လက်လွတ်ဆုံးရှုံးခဲ့ပါတယ်။

ကျောက်မဲမြို့ကိုလည်း အောက်တိုဘာ ၁ရက်မှာ စစ်ကောင်စီကပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။ လက်ရှိမှာ သီပေါမြို့မှာလည်း တိုက်ပွဲတွေဖြစ်နေပါတယ်။

မိုးမိတ်မြို့ဟာ မိုးကုတ်မြို့နဲ့ဆက်စပ်နေပြီး စစ်ကောင်စီက ဒီနေ့မနက်ပိုင်းမှာလည်း မိုးကုတ်မြို့ကို လေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။

အောက်တိုဘာ ၁ရက်ကနေ ဒီနေ့ အောက်တိုဘာလ ၁၆ရက်အတွင်း နမ္မတူ၊ မန်တုံ၊သီပေါ၊ မိုးကုတ်၊ ကျောက်မဲ၊ မိုင်းလုံ၊ မိုင်းငေါ့၊ မိုးကုတ်မြို့တွေကို ဗုံးဆက်တိုက်ကြဲခဲ့လို့ အရပ်သား ၃၅ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။

စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းနဲ့ မြေပြင်စစ်ကြောင်းအင်အားတွေသုံးပြီး ဒေသအနှံ့မှာ အရပ်သားတွေကို ပစ်မှတ်ထားပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်လို့ TNLAက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်​ကျော်လာပါပြီ။သုံးပါတ်​ကျော် ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်း​နေပါတယ် ။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်နဲ့ ကန်ပက်လက် မြို့နယ်တွေနဲ့ မကွေးတိုင်း၊ ဆော-ထီးလင်း ဒေသတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကရခိုင်ပြည်နယ်တောင်ပိုင်းဂွမြို့နယ်၊ ကျိန္တလီမြို့နဲ့ ရေကျော်ကျေးရွာတို့ကို ​တော်သလင်းလပြည့်​နေမှာ ဗုံးကြဲခဲ့တာကြောင့် ​ဒေသခံအရပ်သားပြည်သူ ၃ ဦးဒဏ်ရာ ရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

Facebook