Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ကြောင်း ကိုရီးယားရောက် မြန်မာတွေ ချီတက်ဆန္ဒပြ

စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ကြောင်း ချီတက်ဆန္ဒပြပွဲကို ကိုရီးယားနိုင်ငံရောက် မြန်မာတွေက ချွန်းနန်မြို့မှာ ဒီနေ့(အောက်တိုဘာ ၁၉) နေ့လည်က ပြုလုပ်ခဲ့ပါတယ်။

အောက်တိုဘာ-၁၉၊၂၀၂၅။သတိုး/People’s Spring

စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ကြောင်း ချီတက်ဆန္ဒပြပွဲကို ကိုရီးယားနိုင်ငံရောက် မြန်မာတွေက ချွန်းနန်မြို့မှာ ဒီနေ့(အောက်တိုဘာ ၁၉) နေ့လည်က ပြုလုပ်ခဲ့ပါတယ်။

အဲဒီဆန္ဒပြပွဲကို ကိုရီးယားနိုင်ငံ MFDMC က တာဝန်ယူ၍ NUG ကိုယ်စားလှယ်ရုံးနဲ့ တော်လှန်ရေးအဖွဲ့အစည်းပေါင်း ၃၉ခု ပါဝင်တဲ့ “စစ်အုပ်စုရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှု ကော်မတီ”က ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့တာဖြစ်ပြီး ကိုရီးယားရောက် မြန်မာ ၃၀၀ ကျော်ပါဝင်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ကန့်ကွက် ဆန့်ကျင်ကြောင်း နဲ့ ကိုရီးယားအစိုးရ အပါအဝင် ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ ၊ ရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ ရလာဒ်ကို အသိအမှတ်မပြုဖို့ တိုက်တွန်းတောင်းဆိုထားတဲ့ ကြေညာချက်ကို မြန်မာ ၊ကိုရီးယား ဘာသာတွေနဲ့ ဖတ်ကြားခဲ့တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆန္ဒပြပွဲမှာပါဝင်သူတွေက “We Don’t Accept Military Coup” စာသားကို ကိုရီးယား ဘာသာနဲ့ပါရေးသားထားတဲ့ စာရွက်တွေကို ကိုင်ဆောင်ထားပြီး Free Burma ၊ Save Burma လို့ သံပြိုင်ရွတ်ဆိုခဲ့ကြပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးတာဝန်ခံဦးဝင်းပေါ်မောင်၊MFDMC အတွင်းရေးမှူးကော်မတီနဲ့ စည်းရုံးရေးတာဝန်ခံ‌တွေ ၊ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ နဲ့ တော်လှန်ရေးအဖွဲ့အစည်းတာဝန်ခံများက အဖွင့်အမှာစကား၊ ရွေးကောက်ပွဲဆန့်ကျင်ရေး၊ တော်လှန်ရေးအားပေးစကားများ ပြောကြားခဲ့ပါတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သုံးသပ်ဆောင်းပါး

-ခါကာဘို ရေးသားသည်။ ကမ္ဘာ့ဘဏ်(World Bank)ရဲ့ ဇွန်၁၆ရက် အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုက၂၀၂၆ ခုနှစ်အတွင်း၂၅ရာခိုင်နှုန်းနီးပါး အထိ မြင့်တက်လာနေကြောင်း ဖော်ပြထားပါတယ်။ အမေရိကန်-အီရန် စွမ်းအင် တင်းမာမှုကြောင့် ဖြစ်ပေါ်လာတဲ့ အရှေ့အလယ်ပိုင်း အကျပ်အတည်း၊ ပြည်တွင်းစစ်နှင့် စစ်အာဏာရှင်အောက်က နိုင်ငံရေး–စီးပွားရေး မတည်ငြိမ်မှုတွေရဲ့ ပေါင်းစပ် သက်ရောက်မှုတွေက...

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံကိုရောက်ရှိနေစဉ်မှာ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်အတွင်း တရုတ်နိုင်ငံဖက်ခြမ်းကမြန်မာဘက်ကိုတိုးပြီး နယ်စပ်ခြံစည်းရိုးကာနေတာကို အရှိန် မြှင့်လုပ်​​လာတယ်လို့ ဒေသခံတွေကဒီက​နေ့မနက်ပိုင်းမှာပြောပါတယ်။

သတင်း

လူမျိုးတုံးသတ်ဖြတ်တဲ့ နိုင်ငံတကာစစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်တပ်ကို လက်နက်အပါအဝင် နိုင်ငံခြားဝင်ငွေ ရရှိအောင် လုပ်ဆောင်ပေးနေတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေကို ရှုတ်ချကြောင်း နဲ့ စစ်တပ်ကို ကူညီပေးမှုတွေကို ရပ်တန့်ဖို့ Justice For Myanmar-JFM ကတောင်းဆိုလိုက်ပါတယ်။

သတင်း

မြန်မာနိုင်ငံအတွင်းရှိတရုတ်လုပ်ငန်းများနဲ့ ဝန်ထမ်းများရဲ့ လုံခြုံရေးကို အထူးအလေးထားပြီး အစွမ်းကုန် အာမခံချက် ပေးသွားမယ်လို့ အာဏာသိမ်းစစ််ခေါင်းဆောင်းမင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပြုပါတယ်။