Connect with us

Hi, what are you looking for?

သတင်း

ဘားအံ မှာ လက်နက်ကြီးကျပြီးကလေးနှစ်ဦးအပါအဝင်သုံးဦးသေဆုံး

ကရင်ပြည်​နယ် ၊ ဘားအံမြို့နယ် ၊ ဖားဘော်ရွာလေး မှာ ပြီးခဲ့တဲ့ ရက်ပိုင်း အောက်တိုဘာ ၂၀ ရက်က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ကျည်ကျ လို့ ကလေးနှစ်ဦးအပါအဝင် အရပ်သား သုံးဦး သေဆုံးသလို ၂၀ နီးပါး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU ဒူးသထူ(သထုံ ခရိုင်) က သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ – ၂၃ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring

ကရင်ပြည်​နယ် ၊ ဘားအံမြို့နယ် ၊ ဖားဘော်ရွာလေး မှာ ပြီးခဲ့တဲ့ ရက်ပိုင်း အောက်တိုဘာ ၂၀ ရက်က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ကျည်ကျ လို့ ကလေးနှစ်ဦးအပါအဝင် အရပ်သား သုံးဦး သေဆုံးသလို ၂၀ နီးပါး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU ဒူးသထူ(သထုံ ခရိုင်) က သတင်းထုတ်ပြန်ပါတယ်။

KNU တပ်မဟာ(၁) နယ်မြေဖြစ်တဲ့ ဖားဘော်ရွာလေးကိုအောက်တိုဘာလ ၂၀ ရက် ညနေပိုင်း ၅ နာရီကျော်အချိန်က ၁၂၀ မမ လက်နက်ကြီးကျည် သုံးလုံး ကျရောက်တာလို့ KNU ကဆိုပါတယ်။

ပစ်ခတ်မှုကိုတော့ ဖာပွန်ခရိုင် ၊ ကမမောင်းမြို့မှာရှိတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်တာလို့ KNU ရဲ့သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ရွာထဲလက်နက်ကြီးကျည်ကျရောက်တာကြောင့်အသက် ၆ နှစ် နဲ့ အသက် ၁၂ နှစ် မိန်းကလေး နှစ်ဦး ၊ အသက် ၃၇ နှစ်အရွယ် အမျိုးသားတစ်ဦး စုစုပေါင်းသုံးဦး သေဆုံးခဲ့သလို ၁၇ ဦး ဒဏ်ရာရခဲ့တယ်လို့ KNU ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူတွေကို ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ကမမောင်းမြို့ကနေတဆင့် တောင်ကလေးစစ်ဆေးရုံဆီ လွှဲပြောင်းပို့ဆောင်ခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်ထံမှ သိရပါတယ်။

ဖားဘော်ရွာလေးဟာ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ရဲ့ အနောက်ဘက်မှာတည်ရှိတာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာလို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ် အတွက် ဝါဒဖြန့်ပေးနေတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာတော့ ဖားဘော်ရွာလေးကို KNU က လက်နက်ကြီးနဲ့ပစ်ခတ်လို့ အရပ်သားတွေ ထိခိုက်သေဆုံးရတာလို့ ရေးသားဖြန့်ဝေထားတာတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ခြေလျင်တပ်ရင်း ခလရ(၂၅၆)တပ်ရင်း က လက်နက်ကြီးတွေ နေ့စဥ် ရမ်းသမ်းပစ်ခတ်နေလို့ ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြောင်း ဒေသခံတွေက ပြောပါတယ်။