Connect with us

Hi, what are you looking for?

News

အာဏာသိမ်းစစ်​ကောင်စီ၏စစ်ကူယာဥ် မိုင်းထိ၍လေးဦးခန့်​သေဆုံးနိုင်ဟု​ ချောင်းဦးPDFထုတ်ပြန်

“စခတွေများ ရွှေဉာဏ်တော်စူးရောက်ပုံများပြောပါတယ်။ မိုးကာအစိမ်းမအုပ်ရထုတ်ပြန်ချက်ကြောင့် အစိမ်းရောင်ကိုပြောင်းပြန်လှန် ခဲရောင်အပေါ်ထားအုပ်ပြီး မောင်းလာသတဲ့”ဟု ချောင်းဦး PDFက ပြောသည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် စစ်ကူလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်၏ယာဥ် မိုင်းမိပြီး လေးဦးခန့်သေဆုံးနိုင်ကြောင်း ချောင်းဦး PDFက သတင်းထုတ်ပြန်သည်။

ယနေ့( နိုဝင်ဘာလ ၂၆ ရက်) နံနက် ၉ နာရီခွဲခန့်နယ်မြေနင်းစစ်ကြောင်းထံ အင်အားဖြည့်လာသော စစ်ကောင်စီတပ်သုံး လိုက်ထရပ်ကားတစ်စီးအား မုံရွာ-ချောင်းဦး လမ်းပိုင်းတစ်နေရာ၌ မိုင်းခွဲတိုက်ခိုက်ခဲ့ရာ လိုက်ထရပ်ကား ပျက်စီးသွားခဲ့ပြီး လေးဦးခန့်သေဆုံးကာ နောက်ထပ်လေးဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း ချောင်းဦး မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

“စခတွေများ ရွှေဉာဏ်တော်စူးရောက်ပုံများပြောပါတယ်။ မိုးကာအစိမ်းမအုပ်ရထုတ်ပြန်ချက်ကြောင့် အစိမ်းရောင်ကိုပြောင်းပြန်လှန် ခဲရောင်အပေါ်ထားအုပ်ပြီး မောင်းလာသတဲ့”ဟု ချောင်းဦး PDFက ပြောသည်။

အဆိုပါမိုင်းဆွဲခံရသည့်ကားသည် ချောင်းဦးမြို့မှထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး ယနေ့နံနက်အစောပိုင်းကတည်းက စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ရေဝင်လိုင်းကျေးရွာများတွင် ဝင်ရောက်မွှေနှောက်နေသည့်အကြမ်းဖက်စစ်ကောင်စီတပ်သားများဆီသို့ တပ်ကူထွက်လာစဥ် မိုင်းမိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။