Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က KIA ‎တပ်မဟာ(၈)နဲ့ (၉)နယ်မြေတွေကိုဆက်တိုက်ဗုံးကြဲ

ပုလောနဲ့ တနင်္သာရီနယ်ကိုလည်း စစ်တပ်က ၄ရက်ဆက်ဗုံးကြဲဟု KNU အသိပေး

အောက်တိုဘာ-၃၀၊၂၀၂၅။ထားမြတ်/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊တပ်မဟာ(၈) နဲ့ တပ်မဟာ(၉)နယ်မြေတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်လာတယ်လို့ KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

အောက်တိုဘာ၂၇ရက်က KIA တပ်မဟာ(၈)မိုးညှင်းဒေသကို စစ်တပ်က Y-12 လေယာဉ်နဲ့ ဗုံး အလုံး ၃၀ ကျော် ကြဲချတိုက်ခိုက်ခဲ့သလို အောက်တိုဘာ ၂၈ရက်ညသန်းခေါင်ကျော်မှာလည်း တပ်မဟာ(၉) ဖားကန့်ဒေသတွေကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စစ်အုပ်စုဘက်ကရွေးကောက်ပွဲကျင်းပဖို့ နီးကပ်လာလို့ KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ နေရာတွေအထိရွေးကောက်ပွဲပြုလုပ်နိုင်ဖို့ စစ်ကြောင်းထိုးတာ၊ ပြည်သူနေထိုင်ရာနေရာတွေ၊ တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့နေရာတွေကိုပါ လေကြောင်းတိုက်ခိုက်မှု နေ့စဉ်မပြတ် ပြုလုပ် နေတယ်လို့ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီနဲ့ KIAတို့ဟာကချင်ပြည်နယ်ဖားကန့်၊ ၀ိုင်းမော်၊ ဗန်းမော်နဲ့ ခေါင်လန်ဖူးမြို့နယ်တွေမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီးအခုအောက်တိုဘာလအတွင်းမှာ ခေါင်လန်ဖူးမြို့နယ်က စစ်ကောင်စီစခန်း ၄ ခုကိုKIAကသိမ်းပိုက်ထားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

စစ်ကောင်စီဟာ နိုင်ငံတဝန်း လေကြောင်းက​နေဗုံးကြဲတာကိုဆက်တိုက်ပြုလုပ်​နေရာ ကရင်အမျိုးသား အစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)နယ်မြေကိုလည်း လေးရက်ဆက် လေကြောင်းဗုံးကြဲခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ထားပါတယ်။

ပုလော(‎လယ်မူလား)မြို့နယ်နဲ့ တနင်္သာရီ(တနောသရီ) မြို့နယ်တွေက ကျေးရွာတွေကို စစ်တပ်က လက်နက်ကြီး ပစ်ခတ်တာ၊ လေယာဉ်နဲ့ဗုံးကြဲတာတွေလုပ်ခဲ့လို့ နေအိမ်ပျက်စီးတာ ၊ ပြည်သူတွေ စစ်ရှောင်နေရတာတွေ ရှိတယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

ပုလောမြို့နယ်မဇောကျေးရွာ၊ လေးမိုင်အွ​ေကျေးရွာ၊ မော်တုံးကျေးရွာနဲ့ တနင်္သာရီမြို့နယ်ကွမ်းအင်းကျေးရွာ၊သိန်းခွန်းကျေးရွာတွေကိုလည်းအောက်တိုဘာလ(၂၆)ရက်နေ့ မှအောက်တိုဘာလ (၂၉)ရက်နေ့အထိ အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှ (၄)ရက်ဆက်တိုက် လက်နက်ကြီးပစ်ခ . တ်တာ လေယာဉ် ဗုံးကြဲတာ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြပါတယ်။

‎အာဏာသိမ်းစစ်တပ်ဟာ အာဏာဆက်လက်တည်မြဲနိုင်ရေးအတွက် သူတို့အုပ်ချုပ်ရာနယ်မြေတွေမှာအတုအယောင်ရွေးကောက်ပွဲကို အတင်းအဓမ္မပြုလုပ်ဖို့ ကြိုးပမ်းနေသလို လက်လွှတ်ဆုံးရှုံးခဲ့ရသောနယ်မြေ ဒေသတွေက ပြည်သူတွေ အကြောက်တရား ဖြစ်ပေါ်စေဖို့ ရည်ရွယ်ချက်ရှိရှိ လေကြောင်းက ဗုံးကြဲနေခြင်းဖြစ်တယ်လို့ KNUက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာKNUတပ်မဟာ(၄)မြိတ်-ထားဝယ်ခရိုင်ကို လေကြောင်းတိုက်ခိုက်နေသလို မြေပြင်ကလည်း စစ်ကြောင်းထိုး လှုပ်ရှားမှုတွေ ပြုလုပ်နေလို့ တော်လှန်ရေး ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားလျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကျားမသောက်တပ်ရင်းထဲ AA ရဲလက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အသေအပျောက်ရှိ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ ပိုးထည်ဆိုင်ဖွင့်ပွဲပြီး ဇာတ်မင်းသား စမ်းရေမိုးတက်မယ်ဆိုပြီး စစ်ကိုင်း-မန္တလေးလမ်းကို စစ်တပ်က နာရီပိုင်းကြာအောင် ပိတ်ထားလိုက်တာကြောင့် ခရီးသွားပြည်သူတွေ ဒုက္ခရောက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။