Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ လွတ်လပ်ခြင်းနဲ့ အနုပညာ

လွတ်လပ်ခြင်းရှိမှ တန်ဖိုးရှိတဲ့ အနုပညာကို တီထွင်နိုင်ကြောင်း ‌လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တာကိုတော်လှန်အနုပညာရှင်တွေက ကမ်ပိန်းတစ်ခုအနေနဲ့ ဒီက​နေ့မှာ လူမှုကွန်ရက်မှာတင်နေကြပါတယ်။

Screenshot

နိုဝင်ဘာ-၁၊၂၀၂၅။ဆဏ်း/People’s Spring

လွတ်လပ်ခြင်းရှိမှ တန်ဖိုးရှိတဲ့ အနုပညာကို တီထွင်နိုင်ကြောင်း ‌လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တာကိုတော်လှန်အနုပညာရှင်တွေက ကမ်ပိန်းတစ်ခုအနေနဲ့ ဒီက​နေ့မှာ လူမှုကွန်ရက်မှာတင်နေကြပါတယ်။

“လွတ်လပ်ခြင်းအနုပညာရုပ်ရှင်ပွဲတော်ဆိုတော့ လွတ်လပ်ခြင်းက အဓိကလား အနုပညာက အဓိကလား ဆိုတာ မေးစရာဖြစ်လာတယ်။ ဒါပေမယ့် ဒီနှစ်ခုက ဒွန်တွဲနေပါတယ်။ လွတ်လပ်ခြင်းရှိမှ တန်ဖိုးရှိတဲ့ အနုပညာကို တီထွင်လို့ဖြစ်မှာပါ။Free Art ၊ Free Thought ၊Freedom Free Art ဆိုတော့ လွတ်လပ်တဲ့ အနုပညာ၊ အနုပညာလွတ်လပ်မှု၊Freedom Thought ဆိုတော့ လွတ်လပ်တဲ့ အတွေးအခေါ်၊ အတွေးအခေါ်လွတ်လပ်မှုအဲဒါမှ စစ်မှန်တဲ့ လွတ်လပ်မှုကို ကျွန်မတို့ ဦးတည်မှာဖြစ်ပါတယ်။ “လို့ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၂ က ပြုလုပ်ခဲ့တဲ့ လွတ်လပ်ခြင်းအနုပညာပွဲတော်ဖွင့်ပွဲမှာပြသခဲ့တဲ့ရုပ်သံမိန်ခွန်းမှာ ပြောခဲ့တာပါ။

ဒီဗီဒီယိုကို နိုဝင်ဘာ ၁ ရက် မှာတင်ဖို့ ဒါရိုက်တာကိုပေါက်က စတင်တိုက်တွန်းခဲ့တာဖြစ်ပြီး တော်လှန်အနုပညာရှင်တွေကလည်း #လာပါငါတို့အတူတူရုန်းရအောင်#မတရားတဲ့‌ရွေးကောက်ပွဲဆန့်ကျင်ကြ ဆိုတဲ့ စာသား‌တွေ နဲ့ အတူ တင်နေကြတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ လွတ်လပ်ခြင်း နဲ့အနုပညာ နိုဝင်ဘာ-၁၊၂၀၂၅။ဆဏ်း/People's Spring လွတ်လပ်ခြင်းရှိမှ တန်ဖိုးရှိတဲ့…

Posted by People's Spring on Saturday 1 November 2025

“တဘက်မှာက ထမင်းရှင်ပြည်သူနဲ့ အနုပညာ တဘက်မှာက အာဏာရူးစစ်မိစ္ဆာသိပ်ရှင်းနေပေမယ့် … ရွေးဖို့သိပ်ခက်နေတယ်ဆိုရင်လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော်မှာ အမေဒေါ်အောင်ဆန်းစုကြည်ပြောခဲ့ဖူးတဲ့ စကားကိုပဲ ပြန်နားထောင်ကြည့်ကြဖို့ မေတ္တာရပ်ခံတိုက်တွန်းလိုပါတယ်။” လို့ ကိုပေါက်က ရေးသားထားပါတယ်။

ပြည်သူနဲ့အတူ ရပ်တည်တဲ့ နမည်​ကျော်အဆို​တော်ရန်ရန်ချမ်း ကလည်း ” ဘာ reaction ဘာ comment မှပေးစရာမလိုဘူး ရင်ဘတ်နဲ့ပဲနားထောင် ရင်ဘတ်ထဲသိမ်းထားရပြီ နှလုံးသားထဲကိုဘယ်သူမှလိုက်သိမ်းလို့မရဘူး”လို့​ရေးသားပြီးမျှ​ဝေထားပါတယ် ။

ပြည်သူနဲ့အတူ ရပ်တည်တဲ့နာမည်​ကျော်မင်းသမီးပိုင်ဖြိုးသု ၊ အဆို​တော် လင်းထက်တို့ကလည်းမျှ​ဝေထားပါတယ် ။

လက်ရှိမှာ စစ်ကောင်စီက ရွေးကောက်ပွဲဝါဒဖြန့် ဇာတ်ကားကို ဈေးကွက်က နာမည်အကြီးဆုံး မင်းသားလေးလက်နဲ့ ရိုက်ကူးထားပေမယ့် ပြည်သူတွေဘက်က သပိတ်​မှောက်တာ( Boycott ) ၊ လူမှု​ရေးပြစ်ဒဏ်ခတ်တာ​တွေပြုလုပ်တာကြောင့် အရေးပေါ် အစည်းအဝေးတွေလုပ်ပြီး ပြည်တွင်းကအနုပညာရှင်အားလုံး ရွေးကောက်ပွဲအတွက်ဝါဒဖြန့် ရုပ်သံ​တွေ ရိုက်ကူး​ပေးခိုင်းထားပါတယ်။မရိုက်ကူး​ပေးရင် အ​ရေးယူမယ်လို့လည်း စစ်အုပ်စုက ခြိမ်းခြောက်နေတာပါ။

ဒါအပြင် စစ်တပ်ဝါဒဖြန့်ဇာတ်လမ်းကို​ဝေဖန်တာ ၊ လူမှု​ရေးပြစ်ဒဏ်ခတ်တာ ၊ သပိတ်​မှောက်တာ​တွေလုပ်ရင် ၊ ​ဝေဖန်တဲ့ ​ဖေစ်ဘွခ်ပိုစ်​တွေ​အောက်မှာ Reaction ​ပေးတာကို​တောင်စစ်တပ်က ဖမ်းဆီးပြီး ပြည်သူ​တွေကို ​ကြောက်​​အောင်စစ်အုပ်စုကလုပ်​နေပါတယ် ။ အဲဒီလိုအချိန်မှာ ​တော်လှန်အနုပညာရှင်​တွေက ​ဒေါ်​အောင်ဆန်းစုကြည်ရဲ့ သတင်းစကားပါတဲ့ ရုပ်သံကိုပြန်လည်မျှ​ဝေလာတာပါ။

“ဆိုးရွားယုတ်မာတဲ့ အာဏာရှင်လက်အောက်မှာ ဘယ်တော့မှ လွတ်လပ်တဲ့ လူအဖွဲ့အစည်းကို တည်ဆောက်နိုင်မှာမဟုတ် ၊ချစ်တဲ့ ငါတို့ခေါင်းဆောင်ဟာ ငါတို့ရဲ့ လွတ်လပ်တဲ့ အနုပညာ ငါတို့ရဲ့ လွတ်လပ်ခြင်းတွေအတွက် ဒီနေ့ အထိ ပေးခဲ့တဲ့ Strong Massage နားရှိသောသူကြားပါစေ မျက်စိရှိသောသူမြင်ပါစေ လွတ်လပ်ကြပါစေ လွတ်မြောက်ကြပါစေ။” လို့ အဆိုတော် လင်းထက်က ဗီဒီယိုဖိုင်နဲ့အတူရေးသားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ ရောက်ရှိနေတဲ့ နိုင်ငံရေးအင်အားစုတွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေးအတွက် ဆုတောင်းပွဲကို ဒီကနေ့ (အောက်တိုဘာ ၆) မှာ ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

မိခင်ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်​ပေးဖို့ ၊လွှတ်​ပေးဖို့ လန်ဒန်မြို့ မြန်မာသံရုံးက တစ်ဆင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဆီကိုစာရေးသားပေးပို့ခဲ့တယ်လို့ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက အသိပေးထားပါတယ်။

သတင်း

ကနေဒါနိုင်ငံ၊ ဗန်ကူးဗား ဆာရီမြို့ရှိ ဟော်လန်ပန်းခြံမှာ ပြည်ပရောက်မြန်မာတွေ ပါဝင်တဲ့ BCSBC အဖွဲ့က ဦးဆောင်ပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းထောက်ခံရေးဆန္ဒပြပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး "FREE HER" ကမ်ပိန်းကို စက်တင်ဘာ ၁၉ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

Facebook