Connect with us

Hi, what are you looking for?

သတင်း

မြန်မာစာနယ်ဇင်းသမားတွေရဲ့ ရဲစွမ်းသတ္တိကို ဗြိတိန်သံရုံးဂုဏ်ပြု

နိုဝင်ဘာ ၂ ရက်မှာကျရောက်တဲ့ နိုင်ငံတကာ သတင်း‌ထောက်များအပေါ်ကျူးလွန်သောပြစ်မှုများအတွက် ပြစ်ဒဏ်ကင်းလွတ်ခြင်းရှိနေမှုများ အဆုံးသတ်ရေးနေ့ မှာ စစ်အာဏာသိမ်းမှူ‌အောက်မှာလုပ်ဆောင်နေရတဲ့ မြန်မာနိုင်ငံက စာနယ်ဇင်းသမားတွေရဲ့ ရဲစွမ်းသတ္တိကို ဂုဏ်ပြု‌ ကြောင်း ဗြိတိန်သံရုံး ရန်ကုန် အသိပေးထားပါတယ်။

စစ်တပ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ပြည်သူ​တွေကို စစ်တပ်နဲ့ရဲက ​သေနတ်ဖြင့်ပစ်ခတ်၍အကြမ်းဖက်ဖြိုးခွင်းစဥ် စစ်သားများကို ထွက်​ပြေး​နေရင်းသတင်းဓါတ်ပုံရိုက်ကူး​ရယူနေတဲ့သတင်း​ထောက်ကို​တွေ့ရစဥ်။ဓါတ်ပုံ-AFP/Getty Images

နိုဝင်ဘာ-၂၊၂၀၂၅။တေဇ/People’s Spring

နိုဝင်ဘာ ၂ ရက်မှာကျရောက်တဲ့ နိုင်ငံတကာ သတင်း‌ထောက်များအပေါ်ကျူးလွန်သောပြစ်မှုများအတွက် ပြစ်ဒဏ်ကင်းလွတ်ခြင်းရှိနေမှုများ အဆုံးသတ်ရေးနေ့ မှာ စစ်အာဏာသိမ်းမှူ‌အောက်မှာလုပ်ဆောင်နေရတဲ့ မြန်မာနိုင်ငံက စာနယ်ဇင်းသမားတွေရဲ့ ရဲစွမ်းသတ္တိကို ဂုဏ်ပြု‌ ကြောင်း ဗြိတိန်သံရုံး ရန်ကုန် အသိပေးထားပါတယ်။

“အထူးသဖြင့် offline နှင့် online အခြေအနေနှစ်မျိုးလုံးတွင် နှောင့်ယှက်မှု၊ စောင့်ကြည့်မှု၊ အလွဲသုံးစားပြုမှုတို့အပါအဝင် ခြိမ်းခြောက်မှုများနှင့်ရင်ဆိုင်နေရသော အမျိုးသမီးသတင်းထောက်များကို အမှတ်ရ ဂုဏ်ပြုအပ်ပါသည်။” လို့ ဗြိတိန်သံရုံး ရန်ကုန်က ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံက ကမ္ဘာပေါ်မှာ သတင်းထောက် ဖမ်း‌ဆီးခံရမှု အများဆုံးနိုင်ငံတွေထဲမှာပါဝင်နေတာပါ။ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်းမှာ စာနယ်ဇင်းသမား ၇ ဦးအထိ သေဆုံးခဲ့ရပြီး ဖမ်းဆီးခံရသူ နှစ်ရာကျော် အထိရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိအချိန်အထိလည်း စစ်ကောင်စီရဲ့ မတရား ဖမ်းဆီးခံထားရသူ ၅၁ ဦးရှိပြီး အမျိုးသမီးတွေလည်းပါဝင်တယ် လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဗြိတိန်အစိုးရအနေနဲ့ မီဒီယာလွတ်လပ်ခွင့်ချိုးဖောက်မှူတွေကို ရှုတ်ချကြောင်း နဲ့ မြန်မာအပါအဝင် ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ မီဒီယာ သမားတွေနဲ့

လူ့အခွင့်အရေး ကာကွယ်စောင့် ရှောက်သူ‌တွေ အတွက် ဘေးကင်းလုံခြုံရေးကို ဆက်လက်ထောက်ပံ့ပေးသွားမယ်လို့ကတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

သီတင်းကျွတ်လပြည့်ည ချောင်းဦးလေကြောင်းတိုက်ခံရမှုအပေါ် ဗြိတိန်၊ သြစတြေးလျနဲ့ ဆွစ်ဇာလန်သံရုံးတို့ ရှုတ်ချ

သတင်း

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်တို့အပါအဝင် ဒီမိုကရေစီအရေးလှုပ်ရှားသူလေးဦးကို မြန်မာစစ်ကောင်စီက မတရားကွပ်မျက်မှုအပေါ် အောက်မေ့သတိရကြောင်း ရန်ကုန်မြို့ ဗြိတိန်သံရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ဗြိတိန်ဟာ ငလျင်ဘေးသင့်ပြည်သူအတွက် ရန်ပုံငွေ စတင်လင်ပေါင် ၂၅သန်း ထောက်ပံ့ထားပြီး အကူအညီလိုအပ်နေသူ ၁၁၆,၀၀၀ ကျော်ထံ ရောက်ရှိပြီဖြစ်ကြောင်း ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

KNU အနေဖြင့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ ကရင်အမျိုးသားအကျိုး၊ တစ်နိုင်ငံလုံးအကျိုး တစိုက်မတ်မတ် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက ပြောကြားထားသည်။