Connect with us

Hi, what are you looking for?

သတင်း

ကနီကို စစ်တပ်က ဂျက််ဖိုက်တာနှစ်စီးနဲ့ ဗုံးထပ်ကြဲ၊ တောင်သူ ၁ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ကို စစ်ကောင်စီက ဒီ‌နေ့(နိုဝင်ဘာ ၁၈ရက်)မှာ စစ်ကောင်စီကဂျက််ဖိုက်တာနှစ်စီးနဲ့လေကြောင်းကနေ ဗုံးကြဲလို့ အဒေသခံတောင်သူ တစ်ဦး ထပ်မံသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ပါတယ်။

ကနီမြို့နယ်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - CJ

နိုဝင်ဘာ-၁၈၊၂၀၂၅။မိထက်/People’s Spring

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ကို စစ်ကောင်စီက ဒီ‌နေ့(နိုဝင်ဘာ ၁၈ရက်)မှာ စစ်ကောင်စီကဂျက််ဖိုက်တာနှစ်စီးနဲ့လေကြောင်းကနေ ဗုံးကြဲလို့ အဒေသခံတောင်သူ တစ်ဦး ထပ်မံသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ပါတယ်။

မင်းအိုရွာနဲ့သရက်ပင်ကျေးရွာကြားကို ညနေ ၅နာရီခန့်မှာ ဗုံးကြဲသွားတာဖြစ်ပါတယ်။ နှမ်းခင်းထဲ ကျရောက်ပေါက်ကွဲပြီး တောင်သူတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရတယ်လို့ သိရပါတယ်။

” ဂျက်ဖိုက်တာ ၂စီးနဲ့လာတာတော့။ ပတ်ပစ်သွားတာ။ ထိတယ်။ အရပ်သားတွေ ထိတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက ယခုရက်ပိုင်းမှာ ကနီမြို့နယ်ကိုဖြစ်မှတ်ထားပြီး လေကြောင်းကနေမကြာခဏတိုက်ခိုက်နေပါတယ်။ နိုဝင်ဘာ ၁၁ရက်က ကနီမြို့နယ်၊ ဝင်မနားရွာ တိုက်နယ်ဆေးရုံကို စက်တပ်လေထီးနဲ့ဗုံးကြဲခဲ့လို့ ဒေသခံတွေနဲ့ ကျန်းမာရေး ဝန်ထမ်းအချို့အပါအဝင် ခုနစ်ဦးသေဆုံးခဲ့ပါတယ်။

စစ်ကောင်စီဟာ အပြစ်မဲ့ပြည်သူလူထုအပေါ် ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေအတွက် အရေးယူခံရမှာဖြစ်ပြီး စစ်အုပ်စုကျူးလွန်တဲ့ မြေပြင်သက်သေမှတ်တမ်းတွေ ပေးပို့ဖို့အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက နိုဝင်ဘာ ၁၂ရက်မှာ ထုတ်ပြန်တောင်းဆိုထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ လက်ရှိအချိန်မှာ ရွေးကောက်ပွဲကို အသက်သွင်းနေသလို တဖက်မှာလည်း လူထုအပေါ်အကြမ်းဖက်မှုတွေ အရှိန်မြှင့် လုပ်ဆောင် နေတယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ ပိုးထည်ဆိုင်ဖွင့်ပွဲပြီး ဇာတ်မင်းသား စမ်းရေမိုးတက်မယ်ဆိုပြီး စစ်ကိုင်း-မန္တလေးလမ်းကို စစ်တပ်က နာရီပိုင်းကြာအောင် ပိတ်ထားလိုက်တာကြောင့် ခရီးသွားပြည်သူတွေ ဒုက္ခရောက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာက နေအိမ် ၁၀လုံး ထက်မနည်းပျက်စီးခဲ့ပြီး နွား၁၅ ကောင်ခန့် သေဆုံးခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။