Connect with us

Hi, what are you looking for?

သတင်း

ဖားကန့် နဲ့ ဆဒုံးကိုစစ်တပ်လေကြောင်း၊ လက်နက်ကြီး ဆက်လက်တိုက်ခိုက်ဟု KIA ပြော

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ကို စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်နီးပါးလုပ်ဆောင်နေသလို ဆဒုံးမြို့နယ်ကိုလည်း လေကြောင်းကနေ ထပ်မံတိုက်ခိုက်လာကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနကဖော်ပြပါတယ်။

စစ်​ကောင်စီတပ်မှ ​လေ​ကြောင်းမှဗုံးကြဲခြင်း၊လက်နက်ကြီးဖြင့်ပစ်ခတ်မှု ၊ဒရုန်းဖြင့်ဗုံးကြဲမှုတို့မှာ ပြည်သူများကို အဓိက​သေ​ဆုံး​နေ​စေသည်။ ဓာတ်ပုံ-စစ်​ကောင်စီ

နိုဝင်ဘာ-၂၀၊ ၂၀၂၅။ ပုရစ်/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ကို စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်နီးပါးလုပ်ဆောင်နေသလို ဆဒုံးမြို့နယ်ကိုလည်း လေကြောင်းကနေ ထပ်မံတိုက်ခိုက်လာကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနကဖော်ပြပါတယ်။

နိုဝင်ဘာ ၁၈ရက်နေ့လည်က ဖားကန့်ဒေသ မရှီကထောင်ဂျန်ကတ်မှော်ကို စစ်ကောင်စီတပ်က ဒရုန်းနဲ့တိုက်ခိုက်သွားလို့ ပြည်သူ ၂ဦး ဒဏ်ရာရှိခဲ့တယ်လို့ အသိပေးပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဒရုန်းဗုံးကြဲတဲ့နေရာဟာ ဒေသခံပြည်သူတွေ တနိုင်တပိုင်ကျောက်စိမ်းတူးဖော်ရာ နေရာကို တိုက်ခိုက်လာခြင်းဖြစ်တယ်လို့ KIAက ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

ဖားကန့်တပ်မကုန်း စစ်ကောင်စီတပ်ဟာ ပြည်သူတွေရှိရာနေရာတွေကိုပစ်မှတ်ထားပြီး လက်နက်ကြီး၊ ဒရုန်းတိုက်ခိုက်နေသလိုလေကြောင်း တိုက်ခိုက်မှုတွေလည်း ပြုလုပ်နေလို့ ဒေသခံတွေ ထိခိုက်သေဆုံးမှုတွေ နေ့စဉ်မြင့်တက်လာနေကြောင်း KIAက အသိပေးပါတယ်။

ဒါ့အပြင် KIAသိမ်းထားတဲ့ ဆဒုံးမြို့ဘက်ကို စစ်ကောင်စီက နိုဝင်ဘာ ၁၆ရက်မနက်မှာ လေယာဉ်နဲ့ ဗုံးကြဲတယ်လို့ ဖော်ပြပါတ်ယ။ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူနဲ့ နေအိမ်ပျက်စီးမှုတွေရှိကြောင်းလည်း အသိပေးပါတယ်။

စစ်ကောင်စီဟာ စက်တင်ဘာ ၂၉ရက်မှာလည်း ဆဒုံးဒေသကို လေယာဉ်ဗုံးကြဲလို့ ပြည်သူ ၁၁ဦးသေဆုံးခဲ့ကာ ဒဏ်ရာရသူတွေရှိခဲ့ပါတယ်။

KIAနဲ့စစ်ကောင်စီဟာ ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော်၊ ဆော့လော် လန်ဆယ်ဒေသ၊ ခေါင်လန်ဖူးဒေသတွေမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီကလည်း အရပ်သား ပြည်သူနေထိုင်ရာတွေကို ပစ်မှတ်ထား လေကြောင်း တိုက်ခိုက်တာတွေ မကြာခဏ ပြုလုပ်လျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ယနေ့ ဩဂုတ် ၄ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေဆင်းလာလို့ ရေဘေးနဲ့ မြေပြိုမှု‌ဘေး ထပ်မံကြုံတွေ့နေပါတယ်။

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်က ရှေးဟောင်းမြို့တော်ဖြစ်တဲ့ မြောက်ဦးမြို့အနီးဝန်းကျင်နေရာတွေကို ဂျက်ဖိုက်တာ ၆စီး၊ ထောက်ပို့လေယာဉ် Y12တို့နဲ့ အုပ်စုလိုက် ဒီ​နေ့ညမှာဗုံးကြဲနေပြီးအလုံးရေဆယ်ချီရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။