Connect with us

Hi, what are you looking for?

News

ပြည်ခိုင်ဖြိုး၏ ပင်လယ်ဘူးအမတ်​​လောင်းနှင့်သတင်း​ပေးဟုဆိုသူနှစ်ဦးလက်ဖက်ရည်ဆိုင်ထိုင်စဥ်ပစ်သတ်ခံရ

“သူတို့နှစ်ယောက်က အတူတူ သွားသွားလာလာရှိတယ်။ ဒီမနက်တော့ အဆော်ခံလိုက်ရပြီ။ နှစ်ယောက်စလုံး​ ယသေ သွားပြီး အလောင်းတွေလည်း သယ်သွားပြီ” ဟု ဒေသခံတစ်ဦးကပြောသည်။

ပင်လည်ဘူးမြို့ နယ် ပြည်​ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး​ရေးပါတီ ဥက္ကဋ္ဌ နှင့် စစ်ကောင်စီသတင်းပေးတစ်ဦးတို့ကို မြို့ပေါ်ရှိ လက်ဖက်ရည်ဆိုင်တွင် အမည်မသိ့လူအချို့က ယ​နေ့နံနက်ပိုင်းက သေနတ်ဖြင့် ပစ်သတ်သွား​ကြောင်း ဒေသခံများကပြောသည်။

ပင်လည်ဘူးမြို့နယ်ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဦးဝင်းသိန်း နှင့်စစ်ကောင်စီသတင်းပေးဟုဆိုသူ ညိုသန်းတို့ လက်ဖက်ရည်ဆိုင် ထိုင်နေစဥ် ယနေ့(နိုဝင်ဘာ ၃၀) နံနက် ၈ နာရီခန့်တွင် သေနတ်ဖြင့်ပစ်သတ်ခံလိုက်ရခြင်းဖြစ်သည်။

“သူတို့နှစ်ယောက်က အတူတူ သွားသွားလာလာရှိတယ်။ ဒီမနက်တော့ အဆော်ခံလိုက်ရပြီ။ နှစ်ယောက်စလုံး​ ယသေ သွားပြီး အလောင်းတွေလည်း သယ်သွားပြီ” ဟု ဒေသခံတစ်ဦးကပြောသည်။

ဦးဝင်းသိန်းသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ပင်လည်ဘူးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်နေရာ၌ ယှဉ်ပြိုင်ခဲ့သော်လည်းဒီချုပ် ပါတီကို ရှုံးနိမ့်ခဲ့သူဖြစ်သည်။ ၄င်းသည် စစ်ကောင်စီအလိုကျနေသူဖြစ်ပြီး ဒီမိုကရေစီအရေးလှုပ်ရှားသူများနှင့် ဒီချုပ် ပါတီထောက်ခံသူများကို ဖမ်းဆီးရာတွင် လက်ထောက်ချသူဖြစ်ကြောင်း ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

၄င်းတို့နှစ်ဦး အသတ်ခံရကြောင်းကို ပင်လည်ဘူးရှိ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားနေသော ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် စာမျက်နှာများတွင် ရေးသားဖော်ပြနေသော်လည်းမည်သည့်အဖွဲ့အစည်းက ​သေနတ်ဖြင့်ပစ်သတ်သွားသည်ကို သတင်းမထုတ်ပြန်သေးပေ။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း စစ်ကောင်စီနဲ့ စစ်တပ် အသွင်းပြောင်းတွေနဲ့ စုဖွဲ့ထားတဲ့ ပြည်ခိုင်ဖြိုးပါတီက ၂၀၀၈ အခြေခံ ဥပဒေ ခိုင်မာစေဖို့ရွေးကောက်ပွဲကို မဖြစ်မနေ လုပ်ဆောင်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောကြားလိုက်ပြီး ကိုယ်တိုင်ပါဝင် ထည့်လိုက်တဲ့ မဲတပြားဟာ လူအများရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပေးသွားမယ်ဆိုတာ သတိပြုဖို့...

သတင်း

ပဲခူးတိုင်း၊ မင်းလှမြို့မှာရှိတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံံ့ဖြိုးရေးပါတီရုံးမှာ အစောင့်ချထားတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းတစ်လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့တိုက်ပွဲ စစ်ကူသွားရောက်သည့် ဂန့်ဂေါမြို့ ခလရ(၅၀)တပ်ရင်းမှ ဗိုလ်မှူးခန့်မင်းကို သေဆုံးသွားကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

သတင်း

ပင်လယ်ဘူးတိုက်ပွဲ စစ်ကောင်စီ လေကြောင်းရမ်းသန်း ပစ်ခတ်၍ ပြည်သူထိခိုက်မှုရှိ