Connect with us

Hi, what are you looking for?

LuduNwayOo

News

ပြည်ခိုင်ဖြိုး၏ ပင်လယ်ဘူးအမတ်​​လောင်းနှင့်သတင်း​ပေးဟုဆိုသူနှစ်ဦးလက်ဖက်ရည်ဆိုင်ထိုင်စဥ်ပစ်သတ်ခံရ

“သူတို့နှစ်ယောက်က အတူတူ သွားသွားလာလာရှိတယ်။ ဒီမနက်တော့ အဆော်ခံလိုက်ရပြီ။ နှစ်ယောက်စလုံး​ ယသေ သွားပြီး အလောင်းတွေလည်း သယ်သွားပြီ” ဟု ဒေသခံတစ်ဦးကပြောသည်။

ပင်လည်ဘူးမြို့ နယ် ပြည်​ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး​ရေးပါတီ ဥက္ကဋ္ဌ နှင့် စစ်ကောင်စီသတင်းပေးတစ်ဦးတို့ကို မြို့ပေါ်ရှိ လက်ဖက်ရည်ဆိုင်တွင် အမည်မသိ့လူအချို့က ယ​နေ့နံနက်ပိုင်းက သေနတ်ဖြင့် ပစ်သတ်သွား​ကြောင်း ဒေသခံများကပြောသည်။

ပင်လည်ဘူးမြို့နယ်ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဦးဝင်းသိန်း နှင့်စစ်ကောင်စီသတင်းပေးဟုဆိုသူ ညိုသန်းတို့ လက်ဖက်ရည်ဆိုင် ထိုင်နေစဥ် ယနေ့(နိုဝင်ဘာ ၃၀) နံနက် ၈ နာရီခန့်တွင် သေနတ်ဖြင့်ပစ်သတ်ခံလိုက်ရခြင်းဖြစ်သည်။

“သူတို့နှစ်ယောက်က အတူတူ သွားသွားလာလာရှိတယ်။ ဒီမနက်တော့ အဆော်ခံလိုက်ရပြီ။ နှစ်ယောက်စလုံး​ ယသေ သွားပြီး အလောင်းတွေလည်း သယ်သွားပြီ” ဟု ဒေသခံတစ်ဦးကပြောသည်။

ဦးဝင်းသိန်းသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ပင်လည်ဘူးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်နေရာ၌ ယှဉ်ပြိုင်ခဲ့သော်လည်းဒီချုပ် ပါတီကို ရှုံးနိမ့်ခဲ့သူဖြစ်သည်။ ၄င်းသည် စစ်ကောင်စီအလိုကျနေသူဖြစ်ပြီး ဒီမိုကရေစီအရေးလှုပ်ရှားသူများနှင့် ဒီချုပ် ပါတီထောက်ခံသူများကို ဖမ်းဆီးရာတွင် လက်ထောက်ချသူဖြစ်ကြောင်း ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

၄င်းတို့နှစ်ဦး အသတ်ခံရကြောင်းကို ပင်လည်ဘူးရှိ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားနေသော ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် စာမျက်နှာများတွင် ရေးသားဖော်ပြနေသော်လည်းမည်သည့်အဖွဲ့အစည်းက ​သေနတ်ဖြင့်ပစ်သတ်သွားသည်ကို သတင်းမထုတ်ပြန်သေးပေ။

ဆက်စပ်သတင်းများ

သတင်း

KRAအဖွဲ့သည် နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းကလည်း ကျောက်ဆည်ခရိုင်တရားရုံးအတွင်းသို့ လက်ပစ်ဗုံးတစ်လုံး အနီးကပ်ပစ်သွင်းကာ တိုက်ခိုက်ခဲ့ရာ တရားသူကြီးထိခိုက်ခဲ့သေးသည်။

သတင်း

စစ်ကိုင်းတိုင်းအတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သည် ယမန်နေ့(ဩဂုတ် ၁၆ ရက်)ကလည်း ယင်းမာပင်မြို့နယ်မှ အမျိုးသမီးနှစ်ဦးအပါအဝင် ရှစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

ကန့်ဘလူမြို့နယ် ချပ်သင်းကျေးရွာတွင် အထိုင်ချထားသည့် စစ်ကောင်စီစခန်းကင်းစခန်း လေးခုကို ဇွန်လ ၂ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုက တိုက်ခိုက်ခဲ့သေးသည်။

သတင်း

ဖေဖော်ဝါရီ ၂၃ရက်နှင့်၂၇ရက်ကလည်း ဝိုင်ဒင်းကျေးရွာအနီး တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၃ဦးသေဆုံးကာအများအပြားဒဏ်ရာရခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ကော့သောင်းခရိုင်အမှတ် (၁) တပ်ရင်းက ထုတ်ပြန်ထားသည်။