ဒီဇင်ဘာ-၃၊၂၀၂၅။သတိုး/People’s Spring
စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်သုံးခုမှာ လူထုသပိတ်အဖွဲ့တွေက ဒီနေ့ (ဒီဇင်ဘာ ၃ )မှာ စစ်တပ် ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်း၊ကသာမြို့မှာစစ်ကောင်စီရဲ့ရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှူကို ကသာခရိုင် ၅/ကသာ လူထုသပိတ်စစ်ကြောင်းက ဦးဆောင်ပြီး K 5 တပ်ရင်းရဲဘော်တွေ ၊ကျေးရွာပကဖ တွေနဲ့အတူ ထီးချိုင့်မြို့နယ်က သံဃာတော်တွေနဲ့ ပြည်သူတွေပါ ဝင်ခဲ့ပါတယ်။
ဒီလှုပ်ရှားမှုမှာ “ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက် မဲမပေးနဲ့ သပိတ်မှောက်” ဆိုတဲ့စာသားကို ကိုင်ဆောင်ခဲ့ပြီး သံဃာတော်တွေကပါ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဆန့်ကျင်ဖို့ မိန့်ကြားမှုတွေပြုလုပ်ခဲ့ပါတယ်။

Public Service Announcement
ဒါ့အပြင် ဒီသပိတ်စစ်ကြောင်းက PDF နဲ့ တိုင်းရင်းသားမဟာမိတ်တပ်ပေါင်းစုတွေ တိုက်ပွဲတိုင်းအောင်မြင်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ ဆုတောင်းပေးခဲ့ပါတယ်။
ယင်းမာပင်မြို့နယ်မှာတော့ ညနေပိုင်းမှာ အောင်လံလွှင်မည်ရွှေရေကြည်ညနေဆည်းဆာသပိတ်စစ်ကြောင်းရဲဘော်တွေက အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအနေနဲ့ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။
ဒီရာသီဟာသူတို့အတွက်အလုပ်များတဲ့ကာလဖြစ်ပေမယ့်လည်းအာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအတွက်အချိန်ပေးလုပ်ဆောင်တာလို့သိရပါတယ်။
အဲဒီလိုပဲ အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းကလည်း”သင့်မဲဖြင့်တရားဝင်လူသတ်ခွင့် မပေးနဲ့ ” စားသာကို ကိုင်ဆောင်ပြီး ချီတက်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ကနီမြို့နယ်မှာတော့ ကနီမြို့နယ်သပိတ်ဦးဆောင်ကော်မတီ၊လူထုဖက်ဒရယ်သပိတ်အင်အားစု၊မြို့နယ်ပအဖ နာယက၊ရေးရာတာဝန်ခံတွေက ကနီမြို့နယ်တစ်နေရာမှာ “သင့်မဲဖြင့် တရားဝင် လူသတ်ခွင့် မပေးနဲ့ ” ဆိုင်းဘုတ်ထောင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။





















































