Connect with us

Hi, what are you looking for?

သတင်း

ဗိုလ်ချုပ်တားဘုန်းကျော် ပြောဆိုခြင်းမရှိတဲ့ လူမျိုးရေးသွေးခွဲမှုတွေဟာ သတင်းမှားတွေသာလို့ TNLA ရှင်းလင်း

တအာင်းတပ်မတော်(PSLF/TNLA) အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ်တားဘုန်းကျော် ပြောဆိုခြင်းမရှိတဲ့ စာသားတွေကို လူမှုကွန်ရက်မှာ ဖြန့်ဝေနေတာဟာ သတင်းတု၊ သတင်းအမှားတွေသာ ဖြစ်ကြောင်း TNLAက ဒီကနေ့(ဒီဇင်ဘာ ၄ရက်)ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ-၄၊၂၀၂၅။ ဆန်အောင်/People’s Spring

တအာင်းတပ်မတော်(PSLF/TNLA) အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ်တားဘုန်းကျော် ပြောဆိုခြင်းမရှိတဲ့ စာသားတွေကို လူမှုကွန်ရက်မှာ ဖြန့်ဝေနေတာဟာ သတင်းတု၊ သတင်းအမှားတွေသာ ဖြစ်ကြောင်း TNLAက ဒီကနေ့(ဒီဇင်ဘာ ၄ရက်)ထုတ်ပြန်ပါတယ်။

တရုတ်အစိုးရဖိအားကြောင့် စစ်ကောင်စီနဲ့ အပစ်ရပ်ပြီး မိုးကုတ်၊မိုးမိတ်မြို့တွေကနေ ဆုတ်ခွာဖို့ သဘောတူခဲ့ရတဲ့ TNLA အနေနဲ့ဝေဖန်မှုတွေ ကြုံနေရချိန် ဗိုလ်ချုပ်တားဘုန်းကျော် အမှန်တကယ် ပြောဆိုခြင်းမရှိတဲ့ ဗမာနဲ့ တအာင်းအကြား သွေးခွဲတဲ့ စကားတွေကို ဗိုလ်ချုပ်တားဘုန်းကျော် ပြောကြားသယောင် လူမှုကွန်ရက်မှာ ဖြန့်ဝေလာမှုအပေါ် အခုလို ရှင်းလင်းချက်ထုတ်ပြန်ခဲ့တာပါဖြစ်ပါတယ်။

ဘယ် NUG လော်ဘီမီဒီယာမှ မတင်ပြရဲသော အမှန်တရားများ ဟုခေါင်းစဉ်ပေး ရေးသားကာ ဗိုလ်ချုပ်တားဘုန်းကျော်ရဲ့ပုံ၊ MNDAA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ဖုန်တဲ့ရင် တို့ရဲ့ ပုံတွေနဲ့ TNLA၊ MNDAA ခေါင်းဆောင်တွေ အမှန်တကယ် ပြောကြားမှု မရှိတဲ့ စာသားတွေ ပေါင်းစပ်ထားတဲ့ ပုံကို star news ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ဖော်ပြထားတဲ့အပေါ် PLSF/TNLAက အခုလို ရှင်းလင်းခဲ့တာပါ။

Public Service Announcement

Public Service Announcement

” အထက်တွင် ဖော်ပြထားသောပုံနှင့်စာသားများသည် သတင်းတုသတင်းမှားသာဖြစ်ကြောင်း အသိပေးအပ်ပါသည်။မိမိတို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်မှ ရေးသား၊ဖော်ပြပြောကြားခြင်းမရှိကြောင်းနှင့် သတင်းတုသတင်းမှားသာဖြစ်ကြောင်း အသိပေးအပ်ပါသည်”လို့ TNLAက ထုတ်ပြန်ပါတယ်။

အရင်ကတည်း TNLA ခေါင်းဆောင်တွေ အမှန်တကယ် ပြောဆိုခြင်းမရှိတာတွေကို အခုလိုပဲသတင်းတု သတင်းမှားတွေ လုပ်ပြီးဝါဒဖြန့်မှုတွေရှိခဲ့ပါတယ်။

စစ်ကောင်စီနဲ့ ဝါဒဖြန့်သူတွေဟာ လူမျိုးရေး၊ ဘာသာရေးကို အသုံးပြုတာ အပါအဝင် နည်းမျိုးစုံနဲ့ တော်လှန်ရေးအင်အားစုတွေအချင်းချင်းအကြားသွေးခွဲတာ၊ တော်လှန်ရေးအင်အားစုတွေကို ပြည်သူတွေ အထင်အမြင်လွဲမှားအောင် လုပ်ဆောင်တာတွေ မကြာခဏ ပြုလုပ်လျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA)ရဲ့ လောက်ကိုင်မြို့မှာ ကျင်းပတဲ့ လမုန့်စားပွဲကို ​မြောက်ပိုင်းမဟာမိတ်ညီ​နောင်သုံး​ဖော်ဖြစ်တဲ့ အာရက္ခတပ်တော်(AA)၊ တအာင်တပ်မတော်(TNLA)နဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်တွေ အတူတကွတက်ရောက်ခဲ့ကြပါတယ်။

သတင်း

စစ်တပ်ရဲ့တပ်ရင်း​ပေါင်း၂၀ကိုအ​ကောင်းဆုံးခုခံတိုက်ခိုက်ပြီးတစ်လအတွင်းလက်နက် ၅၀​ကျော်သိမ်း၊အရာရှိအပါအဝင်စစ်သားများစွာ​သေဆုံး

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။