■AA ပြောရေးဆိုခွင့်ရှိသူဦးခိုင်သူခ
“ဒီဟာကတော့ အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီက စစ်ဖက်နဲ့မဆိုင်တဲ့အရပ်ဖက်ပစ်မှတ်တွေကိုရည်ရွယ်ချက်ရှိရှိနဲ့ အကြမ်းဖက်ဗုံးကြဲတိုက်ခိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့ ဒါဟာစစ်ရာဇဝတ်မှုကိုပြောင်ပြောင်တင်တင်းကျူးလွန်တာဖြစ်ပါတယ်။ အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီအနေနဲ့ သူတို့ကျူးလွန်တဲ့အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှုအတွက် သူတို့တာဝန်ယူမှု၊တာဝန်ခံမှုရှိရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ULA/AAအနေနဲ့ကတော့ ဒီမတရားတိုက်ခိုက်သတ်ဖြတ်ခံရတဲ့ ကျွန်တေည်တို့ရဲ့အပြစ်မဲ့ပြည်သူတွေ တရားမျှတမှုရရှိဖို့အတွက်လိုအပ်သလိုလက်တုန့်ပြန်ဆောင်ရွက်သွားမှာဖြစ်ပါတယ်”
“အကြမ်းဖက်ဖက်ဆစ်စစ်ကောင်စီဟာ စစ်မြေပြင်မှာသူတို့ဘက်ကအထိခိုက် အကျအဆုံးတွေများလာပြီဆိုလို့ရှိရင်ဒီအပြစ်မဲ့ပြည်သူတွေကိုဦးတည်ပစ်မှတ်ထားတိုက်ခိုက်တာကတော့ ဒါသူတို့ရဲ့ ဒီနည်းဗျူဟာတခုလို့လည်း ပြောလို့ရတာပေါ့။ အခုလည်းပဲဒီ တခြားစစ်မျက်နှာတွေဖြစ်တဲ့ မကွေးစစ်မျက်နှာ၊ ပဲခူးစစ်မျက်နှာ နောက်ဧရာဝတီစစ်မျက်နှာ နောက်ဒီကျောက်ဖြူစစ်မျက်နှာတွေမှာ အကြမ်းဖက်ဖက်ဆစ်စစ်ကောင်စီကသူတို့ ထိခိုက်ကျဆုံးမှုတွေ တအားများနေတဲ့အတွက်ကြောင့်မို့ အခုလိုမျိုးဒီအရပ်သား စစ်ဖက်နဲ့မဆိုင်တဲ့ဒီအရပ်သားပြည်သူတွေနေထိုင်တဲ့နေရာတွေကို ဒါဦးတည်ပစ်မှတ်ထားပြီးတော့မှ သရဲဘောကြောင်စွာနဲ့ စစ်သားမဆန်ပေါ့နော် စစ်သားမဆန်ဘဲနဲ့ အခုလိုမျိုးအရပ်ဖက်ပစ်မှတ်တွေကို မတရားအကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်တာဖြစ်ပါတယ်”။
"ကျွန်တော်တို့ရဲ့အပြစ်မဲ့ပြည်သူတွေ တရားမျှတမှုရရှိဖို့အတွက် လိုအပ်သလိုလက်တုန့်ပြန်ဆောင်ရွက်သွားမှာဖြစ်ပါတယ်" ■AA…
Posted by People's Spring on Wednesday 10 December 2025
အာဏာသိမ်းစစ်တပ်က အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာ မြောက်ဦးပြည်သူ့ဆေးရုံကြီးကို ဂျက်ဖိုက်တာ ၂ စီးနဲ့ဗုံးကြဲခဲ့တာကြောင့် ဆေးရုံတက်နေတဲ့လူနာ ၃၃ ဦးသေဆုံးခဲ့သလို ၇၆ ဦးဒဏ်ရာရခဲ့ပါတယ် ။ စစ်တပ်က ပြည်သူတွေကိုအခုလိုဗုံးကြဲ သတ်ဖြတ်ခဲ့တဲ့အပေါ် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော်(ULA/AA)ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခ ရဲ့ပြောကြားချက်ကိုဖော်ပြလိုက်ပါတယ်။

Public Service Announcement


















































