Connect with us

Hi, what are you looking for?

မေးမြန်းခန်း

“ကျွန်​တော်တို့ရဲ့အပြစ်မဲ့ပြည်သူတွေ တရားမျှတမှုရရှိဖို့အတွက် လိုအပ်သလိုလက်တုန့်ပြန်ဆောင်ရွက်သွားမှာဖြစ်ပါတယ်”

အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီက စစ်ဖက်နဲ့မဆိုင်တဲ့အရပ်ဖက်ပစ်မှတ်တွေကိုရည်ရွယ်ချက်ရှိရှိနဲ့ အကြမ်းဖက်ဗုံးကြဲတိုက်ခိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့ ဒါဟာစစ်ရာဇဝတ်မှုကိုပြောင်ပြောင်တင်တင်းကျူးလွန်တာဖြစ်ပါတယ်။

Screenshot

■AA ​ပြော​ရေးဆိုခွင့်ရှိသူဦးခိုင်သူခ

“ဒီဟာကတော့ အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီက စစ်ဖက်နဲ့မဆိုင်တဲ့အရပ်ဖက်ပစ်မှတ်တွေကိုရည်ရွယ်ချက်ရှိရှိနဲ့ အကြမ်းဖက်ဗုံးကြဲတိုက်ခိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့ ဒါဟာစစ်ရာဇဝတ်မှုကိုပြောင်ပြောင်တင်တင်းကျူးလွန်တာဖြစ်ပါတယ်။ အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီအနေနဲ့ သူတို့ကျူးလွန်တဲ့အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှုအတွက် သူတို့တာဝန်ယူမှု၊တာဝန်ခံမှုရှိရမှာဖြစ်ပါတယ်။ ကျွန်​တော်တို့ ULA/AAအနေနဲ့ကတော့ ဒီမတရားတိုက်ခိုက်သတ်ဖြတ်ခံရတဲ့ ကျွန်​တေည်တို့ရဲ့အပြစ်မဲ့ပြည်သူတွေ တရားမျှတမှုရရှိဖို့အတွက်လိုအပ်သလိုလက်တုန့်ပြန်ဆောင်ရွက်သွားမှာဖြစ်ပါတယ်”

“အကြမ်းဖက်ဖက်ဆစ်စစ်ကောင်စီဟာ စစ်မြေပြင်မှာသူတို့ဘက်ကအထိခိုက် အကျအဆုံးတွေများလာပြီဆိုလို့ရှိရင်ဒီအပြစ်မဲ့ပြည်သူတွေကိုဦးတည်ပစ်မှတ်ထားတိုက်ခိုက်တာကတော့ ဒါသူတို့ရဲ့ ဒီနည်းဗျူဟာတခုလို့လည်း ပြောလို့ရတာပေါ့။ အခုလည်းပဲဒီ တခြားစစ်မျက်နှာတွေဖြစ်တဲ့ မကွေးစစ်မျက်နှာ၊ ပဲခူးစစ်မျက်နှာ နောက်ဧရာဝတီစစ်မျက်နှာ နောက်ဒီကျောက်ဖြူစစ်မျက်နှာတွေမှာ အကြမ်းဖက်ဖက်ဆစ်စစ်ကောင်စီကသူတို့ ထိခိုက်ကျဆုံးမှုတွေ တအားများနေတဲ့အတွက်ကြောင့်မို့ အခုလိုမျိုးဒီအရပ်သား စစ်ဖက်နဲ့မဆိုင်တဲ့ဒီအရပ်သားပြည်သူတွေနေထိုင်တဲ့နေရာတွေကို ဒါဦးတည်ပစ်မှတ်ထားပြီးတော့မှ သရဲဘောကြောင်စွာနဲ့ စစ်သားမဆန်ပေါ့နော် စစ်သားမဆန်ဘဲနဲ့ အခုလိုမျိုးအရပ်ဖက်ပစ်မှတ်တွေကို မတရားအကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်တာဖြစ်ပါတယ်”။

"ကျွန်​တော်တို့ရဲ့အပြစ်မဲ့ပြည်သူတွေ တရားမျှတမှုရရှိဖို့အတွက် လိုအပ်သလိုလက်တုန့်ပြန်ဆောင်ရွက်သွားမှာဖြစ်ပါတယ်" ■AA…

Posted by People's Spring on Wednesday 10 December 2025

အာဏာသိမ်းစစ်တပ်က အပြည်ပြည်ဆိုင်ရာလူ့အခွင့်အ​ရေး​နေ့မှာ ​မြောက်ဦးပြည်သူ့​ဆေးရုံကြီးကို ​ဂျက်ဖိုက်တာ ၂ စီးနဲ့ဗုံးကြဲခဲ့တာ​ကြောင့် ​ဆေးရုံတက်​နေတဲ့လူနာ ၃၃ ဦး​သေဆုံးခဲ့သလို ၇၆ ဦးဒဏ်ရာရခဲ့ပါတယ် ။ စစ်တပ်က ​ပြည်သူ​တွေကိုအခုလိုဗုံးကြဲ သတ်ဖြတ်ခဲ့တဲ့အ​​ပေါ် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်​​တော်(ULA/AA)​ပြော​ရေးဆိုခွင့်ရှိသူ ဦးခိုင်သုခ ရဲ့​ပြောကြားချက်ကို​ဖော်ပြလိုက်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ စစ်သား​အ​လောင်း​တွေရဲ့ ဓါတ်ပုံမှတ်တမ်း​တွေကိုအာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်လိုက်ပါတယ်။

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။