Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ စစ်တပ်စစ်ဆေးရေးအဖွဲ့တွေက ကျောက်တွေပါသိမ်းနေ

မန္တလေးမြို့မှာ စစ်အုပ်စုအဖွဲ့ဝင်တွေ ပိုမိုစစ်ဆေးရေဒတင်းကြပ်လာပြီး တရားဝင် သယ်လာတဲ့ ကျောက်တွေကိုပါ သိမ်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

လမ်းသွားလမ်းလာ ပြည်သူတွေကို မန္တလေးမှာ စစ်ဆေးနေပုံ (ပုံဟောင်း)

ဒီဇင်ဘာ ၁၃၊ ၂၀၂၅။မေရီ/People’s Spring

မန္တလေးမြို့မှာ စစ်အုပ်စုအဖွဲ့ဝင်တွေ ပိုမိုစစ်ဆေးရေဒတင်းကြပ်လာပြီး တရားဝင် သယ်လာတဲ့ ကျောက်တွေကိုပါ သိမ်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

မန္တလေးမြို့မှာ ဒီဇင်ဘာလဆန်းကတည်းက စစ်ကောင်စီရဲ့ စစ်ဆေးရေးအဖွဲ့တွေက လမ်းစုံနေရာစုံမှာ ပိုမိုစစ်ဆေးလာပြီး ဆိုင်ကယ်တူးဘောက်စ်ထဲ ထည့်လာတဲ့ ကျောက်တွေကိုပါ အဓမ္မသိမ်းယူသွားကြောင်း ကျောက်ရောင်းဝယ်ရေးလုပ်ကိုင်သူအချို့က ပြောပါတယ်။

“ကျောက်သမားလိုင်စင်လည်းရှိတယ်။ ပြလည်းပြတယ်။ ဒါကို တူးဘောက်စ်ထဲ ထည့်လာတဲ့ ကျောက်တွေကို သိမ်းသွားတာ”လို့ ကျောက်သမားတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်အုပ်စုဟာ ချမ်းမြသာစည်မြို့နယ်ထဲမှာ သိမ်းဆည်းခဲ့တာဖြစ်ပြီး ဘယ်နှစ်ဦးလောက်သိမ်းဆည်းခံရတယ်ဆိုတာတော့ မသိရသေးဘူးလို့ ကျောက်သမားတချို့က ပြောပါတယ်။

အသိမ်းခံရတဲ့ကျောက်ကိုတော့ စစ်အုပ်စုဆီကနေ ငွေပေးပြီး ပြန်လည်ရွေးယူနေရကြောင်း ကျောက်သမားအချို့က ပြောပါတယ်။

ဒါ့အပြင် စစ်အုပ်စုရဲ့စစ်ဆေးရေးအဖွဲ့ဟာ ပြည်သူတွေရဲ့မိုဘိုင်းဖုန်းတွေကိုလည်း စစ်ဆေးနေပြီး နိုင်ငံရေးနဲ့ပတ်သက်တာတွေနဲ့ စလော့ဂိမ်းတွေတွေ့ရင် ကျပ်သိန်းဆယ်ချီအထိတောင်းတာ ဖမ်းဆီးငွေညှစ်နေကြောင်း မန္တလေးမြို့ခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် အာဏာသိမ်းထားတဲ့ ငါးနှစ်ကျော်အတွင်း လူမှူကွန်ရက်ပေါ်မှာ ရေးသားတာ ၊ အွန်လိုင်းဆက်သွယ်ပြောဆိုတာတွေကြောင့် စစ်တပ်ရဲ့မတရားဖမ်းဆီးခံရသူ နှစ်ထောင်ကျော်ရှိတယ်လို့ Data For Myanmar-D4M အဖွဲ့ကအသိပေးထားပါတယ်။

သတင်း

လူစုလူဝေးမလုပ်ဖို့၊ အိမ်တိုင်း ကတုတ်ကျင်းတူးဖို့၊ အရေးကြီးကိစ္စမရှိရင် ခရီးမသွားဖို့၊ လေကြောင်းသတင်း အချင်းချင်း အချိန်မီ သတင်းပေးကြဖို့ သတိပေးထား

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

Facebook