ဒီဇင်ဘာ-၁၃၊၂၀၂၅၊ရှိန်း/ People’s Spring
မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်က ထုံးကြီးကျေးရွာကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်ပြီးသိမ်းယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာ ၁၀ ရက်က စတင်ပြီး မိုးကုတ်- မန္တလေး ကားလမ်းပိုင်းပေါ်က ရွှေပြည်ကျေးရွာ ဝင် ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ အဲဒီကတဆင့် မြောက်ဘက်က ညောင်ဝန်းရွာနဲ့အ နောက်ဘက်က ရေချမ်း၊ရွာတော်ကျေးရွာတွေကို ဆက်ပြီး စစ်ကြောင်းထိုးခဲ့တာလို့ သိရပါတယ်။
ဒီဇင်ဘာ ၁၃ ရက် ဒီနေ့ တမနက်လုံး ဒရုန်းနဲ့ လက်နက်ကြီးတွေသုံးကာ စစ်ကြောင်းထိုးပြီး မြစ်ကမ်းဘေးက ဆိပ်ကမ်းကျေးရွာဖြစ်တဲ့ ထုံးကြီးရွာကို သိမ်းယူသွားတာလို့ သိရပါတယ်။

Public Service Announcement
“ထုံးကြီးပါသွားပါပြီ။ရဲဘော် တွေလည်း တော်တော်ထိတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။
ထုံးကြီးကျေးရွာဟာ ရေလမ်းကြောင်းအတွက် အရေးပါတဲ့ နေရာဖြစ်ပြီး ရဲစခန်း၊ဆေးရုံတွေရှိကာ တိုက်နယ်အဆင့်ရှိတဲ့ ကျေးရွာဖြစ်ပါတယ်။
စဉ့်ကူးမြို့နယ်မှာ ညောင်ဝန်းရွာမှာတော့ တိုက်ပွဲကဆက်လက်ပြင်းထန်ဆဲဖြစ်ပြီး ကျေးရွာရဲ့ တစိတ်တပိုင်းကိုတော့ တော်လှန်ရေးတပ်တွေ လက်လွှတ်ထားရတယ်လို့ သိရပါတယ်။
အဲဒီနယ်ကိုတော့ ဒေသခံ ပကဖနဲ့ ဒေသခံတပ်ရင်း၊မြင်းခြံ ဗိုလ်မိုက်ခဲတပ်ဖွဲ့တွေခုခံ နေတယ်လို့ သိရပါတယ်။


















































