Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်မြို့နယ် စစ်ရှောင်လာတဲ့ပြည်သူတွေလေယာဉ်နဲ့ ဗုံးကြဲခံရပြီး ၄ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ထုံးဘိုကျေးရွာတောင်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်အပါအဝင် စစ်ရှောင်ပြည်သူ ၄ဦး သေဆုံးပြီး ၁၀ဦး ထိခိုက်ဒဏ်ရာ တွေရခဲ့တယ်လို့ Wetlet information Networkက ပြောပါတယ်။

ဒီဇင်ဘာ-၁၄၊၂၀၂၅။ရှိန်း/ People’s Spring

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ထုံးဘိုကျေးရွာတောင်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်အပါအဝင် စစ်ရှောင်ပြည်သူ ၄ဦး သေဆုံးပြီး ၁၀ဦး ထိခိုက်ဒဏ်ရာ တွေရခဲ့တယ်လို့ Wetlet information Networkက ပြောပါတယ်။

ဒီဇင်ဘာ ၁၃ ရက် ည ၉နာရီခွဲခန့်က တံတားဦးလေဆိပ်ကနေတက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဗုံးကြဲခံရမှုမှာ (၄)နှစ်အရွယ် အေးမြတ်သူဇာ၊ အသက်(၃၄)နှစ်အရွယ် မသူဇာနွယ်၊အသက်(၂၆)နှစ်အရွယ် ကိုတွပ်ပီနဲ့ ၊ အသက်(၇၀)အရွယ် ဦးခင်မောင်လွင်တို့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးသူတွေဟာ ရွှေဘိုမြို့နယ်၊ကုလားမကေိးရွာကနေ ဝက်လက်မြို့နယ်ကို စစ်ဘေးလာရှောင်ကြသူ တွေဖြစ်ပြီး စစ်ဘေးရှောင်ရာ နေရာကို စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ သေဆုံးသွားတာလို့ သိရပါတယ်။

“ကြဲတော့ကြဲမယ်ဆိုတာ သိနေတာပဲ။တရက်ကို ၇ခါ လောက် လေယာဉ်တွေ နိမ့်နိမ့်လေးပျံပြီး ဝဲကြည့် နေတာ “လို့ ဒေသခံတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဝက်လက်မြို့နယ် မော်ဦးရွာ လေကြောင်းတိုက်ခံရပြီး မိသားစု ၅ဦး သေဆုံးခဲ့ပါ သေးတယ်။

(ဝက်လက်မြို့နယ်၊ ထုံးဘိုကျေးရွာတောင်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်အပြီး မြင်ကွင်း။ ဓာတ်ပုံ – Wetlet information Network)

ဆက်စပ်သတင်းများ