ဒီဇင်ဘာ-၁၉၊၂၀၂၅။ဟာနာဆန်/People’s Spring
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်မှာ ဆိုင်ကပ်မရပ်လို့ဆိုပြီး ပျူစောထီးတွေက အမျိုးသားတစ်ဦးကို ပစ်သတ်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ ဒီဇင်ဘာ ၁၉ ရက် မနက် ၉ နာရီခန့်က ကျောက်ပန်းတောင်းမြို့နယ်၊ ပေါက်သစ်ရွာထိပ်၊ ပွေးကျစ်လမ်းမပေါ်မှာ ဆိုင်ကယ်တွေကို စစ်ဆေးငွေတောင်းနေတဲ့ ပျူစောထီးအုပ်စုက ဆိုင်ကယ်စီးလာတဲ့ အမျိုးသားတစ်ဦးကို ဆိုင်ကယ်မရပ်လို့ဆိုပြီး နေရာတင်ပစ်သတ်လိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။
“ကျွန်တော်တို့ သတင်းစုံစမ်းဆဲပါ။ ပစ်သတ်ခံရတဲ့ ရွာသားကတော့ ရွာလုရွာက ရွာသားပဲလို့ သိရပါတယ်”လို့ ကျောက်ပန်းတောင်း မြေပြင်အခြေအနေတွေကို ရေးသားနေတဲ့ KPG Update News အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

Public Service Announcement
ဒါပေမယ့် အသတ်ခံရတဲ့ အမျိုးသားရဲ့အချက်အလက် အသေးစိတ်ကို မသိရသေးပါဘူး။
ကျောက်ပန်းတောင်းမြို့နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းကစပြီး စစ်ကောင်စီတပ်က ကျေးရွာတွေကို စစ်ကြောင်းထိုးနေပြီး ပြည်သူဖမ်းဆီးခံရမှုတွေရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။



















































