Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရွေးကောက်ပွဲ ရန်ကုန်မှာမဲပေးသူအလွန်နည်းပါး

ဒီကနေ့လုပ်​နေတဲ့ စစ်တပ်ရွေးကောက်ပွဲမှာ ရန်ကုန်မြို့မှာ မဲပေးသူအလွန်နည်းပါးလျက်ရှိပါတယ်။

ရန်ကုန်မြို့လယ်မှာ ဒီဇင်ဘာ ၂၈ ရက်မနက်ပိုင်းမဲရုံမြင်ကွင်း နဲ့ စစ်တပ်ကလုံခြုံ​ရေးအများအပြားချထားတာကို​တွေ့ရစဥ်။ဓါတ်ပုံ-PS

■ပြည်ပမဲ​ပေးမှုစံချိန်တင်နည်း ၊၂၀၂၀​ရွေး​ကောက်ပွဲထက်မဲရုံ​ပေါင်း ၁၈၀၀၀ဆကျာ်​လျော့နည်း ၊ မြို့နယ်​ပေါင်း ၆၅ မြို့နယ်မှာ​ရွေး​ကောက်ပွဲမလုပ်နိုင် ​၊KIAသိမ်းပိုက်ထားတဲ့မြို့နယ်​တွေနဲ့တိုက်ပွဲပြင်းထန်တဲ့မြို့နယ်​တွေပါ​ရွေး​ကောက်ပွဲလုပ်မယ့်စာရင်းထဲစစ်တပ်ထည့်ထား

ဒီဇင်ဘာ-၂၈၊၂၀၂၅။တာရာ/People’s Spring

ဒီကနေ့လုပ်​နေတဲ့ စစ်တပ်ရွေးကောက်ပွဲမှာ ရန်ကုန်မြို့မှာ မဲပေးသူအလွန်နည်းပါးလျက်ရှိပါတယ်။

အာဏာသိမ်းစစ်တပ်က ရန်ကုန်မြို့မှာ စစ်သားနဲ့‌ရဲတွေ လုံခြုံရေးအများအပြားချထားပြီး မဲ​ပေးသူကနည်းနည်း စစ်သား ၊ရဲ နဲ့ အရပ်ဝတ်လုံခြုံ​ရေး​တွေက ပိုများ​နေတာကိုမြင်​တွေခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်​ရွေး​ကောက်ပွဲအ​ပေါ် ပြည်သူ​တွေက စိတ်ဝင်စားသူနည်းပါးသလို မဲလည်းမ​ပေးချင်ကြ​ကြောင်း​ပြောပါတယ် ။ဒါ​ပေမယ့် ပြည်သူအချို့ကြားထဲမှာ မဲမ​ပေးရင်စစ်တပ်က အန္တရာယ်​ပေးမှာကို စိုးရိမ်​နေကြတာကို​တွေ့ရပါတယ် ။

မဲ​ပေးသူတဦးက​တော့ မဲ​ပေးချင်လို့မဟုတ်ပဲမဲမပေးရင် စစ်တပ်က အန္တရာယ်ပြုမှာကိုစိုးရိမ်တာကြောင့် မဲလာပေးတာလို့ ပြောပါတယ်။ ပြည်သူ​တွေက စစ်တပ်အန္တရာယ်​ပေးမှာကိုစိုးရိမ်​နေကြ​ပေမယ့် မဲလာ​ပေးသူ ဒီ​နေ့ နံနက်ပိုင်းမှာအလွန်နည်းတာကိုမြင်​တွေ့ရပါတယ် ။

ဒါအပြင် ​ဖောကားတစ်စီးနဲ့ ကား​ပေါ်လူအပြည့်သယ်​ဆောင်လာပြီး မဲရုံဆီကို​​မောင်းသွားတဲ့ကားတစ်စီးကိုလည်း​တွေ့ရပါတယ်။ဘယ်ကလူ​တွေကို​ခေါ်လာတယ်ဆိုတာ​တော့မသိရပါဘူး။

စစ်တပ်​ရွေး​ကောက်ပွဲဟာ ပြည်ပနိုင်ငံ​ရောက်မြန်မာ​တွေလည်း စံချိန်တင် မဲ​ပေးမှု နည်းခဲ့ပါတယ် ။ နိုင်ငံတကာမှာ မြန်မာနိုင်ငံသားတရားဝင်​ရော၊တရားမဝင်​ရောက်​နေသူ ၁၀ သန်း​ကျော်ရှိ​ပေမယ့် စစ်တပ်​ရွေး​ကောက်ပွဲကို မဲ​ပေးဖို့စာရင်း​ပေးထားသူ ၅၀၀၀ ​ကျော်ပဲရှိတယ်လို့ စစ်တပ်​လက်​အောက်ခံ​ရွေး​ကောက်ပွဲ​ကော်မရှင်က ​ပြောထားပါတယ်။ မြန်မာနိုင်ငံသားသန်း​ပေါင်းများစွာရှိတဲ့ ထိုင်းနိုင်ငံမှာ မဲ​ပေးသူ သုံးရာ​ကျော်ပဲရှိတယ်လို့ သတင်းရရှိပါတယ် ။

၂၀၂၀ ​ရွေး​ကောက်ပွဲမှာပြည်သူ ၃၇ ​ကျော်မဲ​ပေးပြီး တခဲနက်အနိုင်ရရှိထားတဲ့ ​ရွေး​ကောက်ခံအရပ်သားအစိုးရကို စစ်တပ်က လက်နက်အားကိုးနဲ့ အာဏာသိမ်းပြီး ၅ နှစ်အကြာမှာ နိုင်ငံတစ်ဝန်းတိုက်ပွဲ​တွေပြင်းထန်စွာဖြစ်ပွား​နေတဲ့ကြား၊နယ်​မြေအများအပြားဆုံးရှုံးထားတဲ့ကြားက​ရွေး​ကောက်ပွဲလုပ်​နေတာဖြစ်ပါတယ်။အာဏာသိမ်း စစ်တပ်တရားဝင်မှုရဖို့နဲ့ အာဏာ​ရေရှည်ဆုပ်ကိုင်နိုင်ဖို့လုပ်တဲ့​ရွေး​ကောက်ပွဲကို ဆန်ကျင်ကြဖို့​တော်လှန်​ရေးအင်အားစု​တွေကတိုက်တွန်းထားပါတယ်။

ဒါအပြင်​တော်လှန်​ရေးအင်အားစု​တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေမှာ စစ်တပ်​ရွေး​ကောက်ပွဲမလုပ်နိုင်ပါဘူး ။စစ်တပ်က ​ရွေး​ကောက်ပွဲကိုအပိုင်း ၃ ပိုင်းခွဲလုပ်မယ်လို့​ပြောထားပြီး ဒီဇင်ဘာ၂၈ မှာလုပ်တဲ့ အပိုင်း တစ်မှာ ၁၀၂ မြို့နယ် ၊ ၂၀၂၆ ဇန်နဝါရီမှာလုပ်မယ့်အပိုင်း နှစ်မှာမြို့နယ် ၁၀၀ ၊ ဇန်နဝါရီ ၂၅ မှာလုပ်မယ့်အပိုင်း သုံးမှာ ၆၃ မြို့နယ်လုပ်မယ်လို့ဆိုပါတယ်။

ဒါ​ကြောင့် မြို့နယ် ၆၅ မြို့နယ်မှာ​ရွေး​ကောက်ပွဲမလုပ်နိုင်ပါဘူး ။အဲဒီမြို့နယ်​တွေဟာ​တော်လှန်​ရေးတပ်​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသတွဖြစ်ပါတယ်။

စစ်တပ်​ရွေး​ကောက်ပွဲအပိုင်း ၃ လုပ်မယ့်​ကြေညာထားတဲ့ အထဲကချင်ပြည်နယ်က မံစီ၊မိုး​​မောက်မြို့​တွေလည်းပါဝင်​နေပြီး အဲဒီမြို့နယ်​တွေဟာ​KIA ကသိမ်းပိုက်ထိန်းချုပ်ထားလို့ စစ်တပ်​တောင်မြို့ထဲမရှိတဲ့မြို့ဖြစ်​နေပါတယ်။ ဒါအပြင် အပိုင်း (၁)၊(၂)လုပ်မယ်ဆိုတဲ့ မြို့နယ် ၂၀၂ မြို့နယ်ထဲမှာ​တောင် ​ရွေး​ကောက်ပွဲမလုပ်နိုင်တဲ့ ရပ်ကွက်​ပေါင်း ၁၆၁ ရပ်ကွက် နဲ့ ​ကျေးရွာအုပ်စု​ပေါင်း ၂၇၇၀ ရှိပါတယ်။ ဒီအ​ခြေအ​နေ​တွေ​ကြောင့် စစ်တပ်​ရွေး​ကောက်ပွဲဟာ ၂၀၂၀ ​ရွေး​ကောက်ပွဲနဲ့နှိုင်းယှဥ်ရင်မဲရုံ​ပေါင်း ၁၈၀၀၀ ​ကျော်​လျော့နည်းသွားတယ်လို့စစ်တပ်ခန့်​ရွေး​ကော်ဥက္ကဌကမီ​ဒီယာ​တွေကို​ပြောထားပါတယ် ။

ဒါအပြင် ကချင်ပြည်နယ်ဗန်း​မော် ကရင်ပြည်နယ်ကဖားပွန် ၊မ​ကွေးတိုင်းက ဆင်ဖြူကျွန်း ၊စလင်းစတဲ့​ဒေသ​တွေကိုပါ​ရွေး​ကောက်ပွဲလုပ်မယ်လို့ စစ်တပ်ကဆို​နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)နဲ့ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက်(ANFREL)အဖွဲ့တို့ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းတို့မှာ အပိုင်း ၃ ခု ခွဲခြားပြီး အာဏာသိမ်း မြန်မာစစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာလုံးဝတရားဝင်မှုမရှိကြောင်းအတိအလင်းရှုတ်ချထားခဲ့ပါတယ်။

နိုင်ငံတကာ

အတိုက်အခံ ခေါင်းဆောင်ရဲ့ ပြတ်သားတဲ့ ရွေးကောက်ပွဲ အနိုင်ရလဒ်နဲ့အတူ ဟန်ဂေရီကို ၁၆ နှစ်ကြာ ကြီးစိုး အုပ်ချုပ်ခဲ့တဲ့ ဗစ်တာအော်ဘန်ရဲ့ ခေတ်က အဆုံးသတ်သွားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ မွန်လက်နက်ကိုင်တပ်ဖွဲ့တွေပါဝင်တဲ့ မွန်တော်လှန်ရေးဖိုရမ်က ကြေညာချက် တရပ်ထုတ်ပြန်ခဲ့ရာ စစ်တပ် ကျင်းပတဲ့ ရွေးကောက်ပွဲက ပေါ်လာမယ့် ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုကြောင်း အသိပေးထားသလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) အခြေခံ နိုင်ငံရေးဆွေးနွေးပွဲတွေကိုလက်မခံကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲမှာ အရေးနိမ့်ခဲ့တဲ့ မဟာမိတ် ညွန့်ပေါင်း အင်အားစု မဲဆန္ဒနယ် ၃၀ ကျော်က ရလဒ်တွေနဲ့ ပတ်သက်လို့ မကျေနပ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် (EC)ဆီ တရားဝင် အရေးဆိုခဲ့ပါတယ်။