Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်နဲ့ ပြည်ခိုင်ဖြိုးပါတီဟာ ၂၀၀၈ခြေဥ ခိုင်မာစေဖို့ ရွေးကောက်ပွဲ မဖြစ်မနေလုပ်နေတာမို့ သတိပြုဖို့ KIOဥက္ကဋ္ဌ သတိပေး

အာဏာသိမ်း စစ်ကောင်စီနဲ့ စစ်တပ် အသွင်းပြောင်းတွေနဲ့ စုဖွဲ့ထားတဲ့ ပြည်ခိုင်ဖြိုးပါတီက ၂၀၀၈ အခြေခံ ဥပဒေ ခိုင်မာစေဖို့ရွေးကောက်ပွဲကို မဖြစ်မနေ လုပ်ဆောင်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောကြားလိုက်ပြီး ကိုယ်တိုင်ပါဝင် ထည့်လိုက်တဲ့ မဲတပြားဟာ လူအများရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပေးသွားမယ်ဆိုတာ သတိပြုဖို့ သတိပေးလိုက်ပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။ ဓာတ်ပုံ - Screengrab

ဇန်နဝါရီ-၁၊ ၂၀၂၆။ဟန်နွေ/People’s Spring

အာဏာသိမ်း စစ်ကောင်စီနဲ့ စစ်တပ် အသွင်းပြောင်းတွေနဲ့ စုဖွဲ့ထားတဲ့ ပြည်ခိုင်ဖြိုးပါတီက ၂၀၀၈ အခြေခံ ဥပဒေ ခိုင်မာစေဖို့ရွေးကောက်ပွဲကို မဖြစ်မနေ လုပ်ဆောင်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောကြားလိုက်ပြီး ကိုယ်တိုင်ပါဝင် ထည့်လိုက်တဲ့ မဲတပြားဟာ လူအများရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပေးသွားမယ်ဆိုတာ သတိပြုဖို့ သတိပေးလိုက်ပါတယ်။

KIO ဥက္ကဋ္ဌက ၂၀၂၆ နှစ်သစ်ကူး မိန့်ခွန်းကို ကချင်ဘာသာနဲ့ ပြောကြားခဲ့ရာ Kachin News Groupက ဗိုလ်ချုပ်ကြီး အင်ဘန်လရဲ့ ပြောကြားချက် ရုပ်သံကို ဘာသာပြန် ဖော်ပြခဲ့ပါတယ်။

” ရန်သူဟာ တော်လှန်ရေးအဖွဲ့တွေ စည်းလုံးပြီး အင်အားကြီးထွားလာမှာ အလွန်စိုးရိမ်တဲ့အတွက် တော်လှန်ရေးအဖွဲ့ အချင်းချင်းကြား လူမျိုးအချင်းချင်းကြား အုပ်စုကွဲသွားဖို့ အတွက် ပြည်သူ့စစ် BGF ခေါင်းစဉ်အမျိုးမျိုးနဲ့ လက်နက်တပ်ဆင်ပေးပြီးတော့ အချင်းချင်း တိုက်ခိုင်းစေပါတယ်”လို့လည်း ဥက္ကဋ္ဌ အင်ဘန်လက ပြောကြားပါတယ်။

Public Service Announcement

Public Service Announcement

တော်လှန်ရေးအဖွဲ့တွေကိုလည်း ကွဲသွားအောင် စည်းရုံးမှုတွေနဲ့ တော်လှန်အင်အား ပြုန်းတီး စေတာ သတိပြုဖို့ လိုနေကြောင်းလည်း သတိပေးပါတယ်။

ကချင်ပြည်နယ်မှာ ယခင်ကတည်းက အတူယှဉ်တွဲနေထိုင်ခဲ့ကြတဲ့ ကချင်နဲ့ ရှမ်းလူမျိုးကြား ရန်ဖက်ဖြစ်အောင် လုပ်ဆောင်နေကြောင်း ပြောပြပါတယ်။

“ကချင်နဲ့ ရှမ်းဟာ ဘယ်တော့မှ ရန်သူမဟုတ်ကြပါ။ တခြားရန်သူရဲ့ လှည့်ဖျားမှုတွေကြောင့် အချင်းချင်း တိုကပ်ွဲတွေ ဖြစ်ပွားနေတဲ့အတွက် အလွန်ရင်နာရပါတယ်။ဒါကြောင့်ဘယ်သူကရန်သူဘယ်သူက မိတ်ဆွေ( မဟာ မိတ်) ခွဲခြားသိဖို့ လိုပါတယ်။”လို့လည်း ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောပါတယ်။

ဗိုလ်ချုပ်ကြီးအင်ဘန်လရဲ့နှစ်ကူးမိန့်ခွန်းပါအကြောင်းအရာတွေနဲ့ပတ် သက်ပြီး မေးမြန်းဖို့ KIO/KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူး ကြီးနော်ဘူဆီ ဆက်သွယ်ထားဆဲဖြစ်ပါတယ်။

KIOဥက္ကဋ္ဌ နှစ်ကူးမိန့်ခွန်း ပြောကြားချက်တွေကို KIO/KIA သတင်းပြန်ကြားရေးဌာနက ကချင်စာနဲ့ ဖော်ပြထားပါတယ်။ အဲဒီမိန့်ခွန်းစာရွက်အားဘာသာပြန်ချက်အရ KIO အနေနဲ့ စစ်အာဏာရှင် စနစ် တိုက်ဖျက်ဖို့အတွက် တော်လှန်ရေးအဖွဲ့တွေနဲ့ ဆက်လက်ပူးပေါင်းသွားမယ်လို့လည်း KIO ဥက္ကဋ္ဌက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင်တိုင်းရင်းသားအားလုံး စစ်အာဏာရှင် စနစ်ကနေ လွတ်မြောက် ရေးအတွက် ဆက်လက်တိုက်ပွဲဝင်ဖို့ ဥက္ကဋ္ဌ အင်ဘန်လက တိုက်တွန်းခဲ့ပါတယ်။ တော်လှန်ရေးအဖွဲ့အစည်းအားလုံးနဲ့ လက်တွဲပြီး စစ်အစိုးရပျက် သုဉ်းတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားကြဖို့လည်း KIO ဥက္ကဋ္ဌက တိုက် တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။