Connect with us

Hi, what are you looking for?

News

တန့်ဆည်မြို့တွင် အမျိုးသမီးငယ်နှစ်ဦးပျောက်ဆုံးနေ၊ စစ်တပ်ဖမ်းထားသည်ဟု ကောလဟလထွက်ပေါ်နေ၍ မိသားစုက စိုးရိမ်​နေ

“စုံစမ်းမရတော့ ဓားပြပဲအတိုက်ခံရသလိုလို။ပျောက်သလိုလိုနဲ့ဆိုတော့ဘယ်ကလည်းဖမ်းထားမှန်းမသိ‌တော့ ပိုပြီးစိုးရိမ်တာ”ဟု ၎င်းက ဆက်ပြောသည်။

အာဏာသိမ်းစစ်တပ်က အပြင်းအထန်ဖိနှိပ်‌နေသော စစ်ကိုင်းတိုင်း တန့်ဆည်မြို့တွင် ဒီဇင်ဘာ ၂ ရက်က အမျိုးသမီးငယ်နှစ်ဦး မြို့ထဲဈေးဝယ်သွားရာမှ လက်ရှိအချိန်ထိပျောက်ဆုံးနေသည်။

အသက် (၂၆)နှစ်အရွယ် မချိုဇင်ဦးနှင့် (၂၂) နှစ်အရွယ်မယဉ်မွန်တို့မှာ ကုန်းအိုင်ကျေးရွာ နေအိမ်မှ နံနက်၁၁ နာရီခန့်တွင် အတူတကွထွက်သွားခြင်းဖြစ်ပြီး တန့်ဆည်မြို့မရောက်မီ လမ်းတွင် ပျောက်ဆုံးသွားခြင်း ဖြစ်နိုင်ကြောင်း မချိုဇင်ဝင်း၏ မိသားစုဝင်တစ်ဦးက ပြော သည်။

“တန့်ဆည်ရဲစခန်းမှာ လည်းကြားတယ်၊ကန့်ဘလူမြို့နယ် ထန်းကုန်းရဲစခန်းမှာ ဖမ်းထားသလိုလိုတော့ကြားရတယ်။ဒါကအရပ်ထဲမှာ ပြောနေကြတာ။ဒါပေမယ့် တိတိကျကျမသိရဘူး။ဒါပေမယ့် ကျွန်‌တော်တို့တက်နိုင်သလောက်စုံစမ်းတာလည်းမရဘူး”ဟု မချိုဇင်ဦး၏ မိသားစုဝင်က ပြောသည်။

“စုံစမ်းမရတော့ ဓားပြပဲအတိုက်ခံရသလိုလို။ပျောက်သလိုလိုနဲ့ဆိုတော့ဘယ်ကလည်းဖမ်းထားမှန်းမသိ‌တော့ ပိုပြီးစိုးရိမ်တာ”ဟု ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

မိသားဝင်များက အမျိုးသမီးငယ်နှစ်ဦး၏လုံခြုံရေးနှင့် အသက်အန္တရာယ်ကို စိုးရိမ်လျက်ရှိပြီး သက်ဆိုင်ရာရဲစခန်းများတွင်စုံစမ်းသော်လည်း အစအနမရသေးကြောင်း မယဉ်မွန်၏အကိုဖြစ်သူက ပြောသည်။

တန်ဆည်မြို့အတွင်းတွင်စစ်ကောင်စီတပ်များက တပ်စွဲထားပြီး အနီးနားဝန်းကျင် ​ကျေးရွာရှိ ပြည်သူများကိုဖမ်းဆီးခြင်း၊ ဖိနှိပ်ခြင်းများ ပြုလုပ်လျက်ရှိသည်။

စစ်ကိုင်းတိုင်း တန်ဆည်၊ကန့်ဘလူနှင့် ရေဦးစသည့်ကပ်လျက်မြို့နယ်များသည် စစ်ကောင်စီကိုအပြင်းအထန် ဆန့်ကျင်တိုက်ခိုက်‌ နေသည့်မြို့နယ်များဖြစ်သည်။

စစ်ကောင်စီသည် စစ်ကိုင်း‌တိုင်းအတွင်း ရှိ တော်လှန်ရေးအင်အားစုများကို နှိပိကွပ်ရန် ကျေး ရွာများ၊ အရပ်သားများကို ခြိမ်းခြောက်ခြင်း၊ မတရားဖမ်းဆီးခြင်း၊ ပစ်သတ်ခြင်းများပြောင်ကျစွာ ကျူးလွန်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ ပိုးထည်ဆိုင်ဖွင့်ပွဲပြီး ဇာတ်မင်းသား စမ်းရေမိုးတက်မယ်ဆိုပြီး စစ်ကိုင်း-မန္တလေးလမ်းကို စစ်တပ်က နာရီပိုင်းကြာအောင် ပိတ်ထားလိုက်တာကြောင့် ခရီးသွားပြည်သူတွေ ဒုက္ခရောက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာက နေအိမ် ၁၀လုံး ထက်မနည်းပျက်စီးခဲ့ပြီး နွား၁၅ ကောင်ခန့် သေဆုံးခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။